Another One New WP Theme From Adii!
ပြီးခဲ့တဲ့ အောက်တိုဘာ၊ ၂၀၀၇ တုန်းက WP-Polaroid Theme ကို Free Release လုပ်ခဲ့တဲ့ Adii တစ်ယောက် အခု သူရဲ့ နောက်ထပ် Quality WP-Theme တစ်ခုကို ၂၀၀၈၊ ဇန်န၀ါရီ မှာ ထပ်မံဖြန့်ချီ လိုက်ပြန်ပါပြီ။ Theme နာမည်ကို UnGrid လို့ပေးထားပြီး အရင် ကျွန်တော် အရမ်း ကြိုက်ခဲ့တဲ့ Grid Focus , IAMWW w2 DnD တို့လို အချိုးမျိုး ချိုးထားပါတယ်။
သူ့မှာထပ်မံ ထူးခြားသွားတာကတော့ Categories နဲ့ Date, Time တွေကို Typography Design ဆန်ဆန် ပို့စ်တွေ ဘေးမှာ သီးခြား နေရာတစ်ခုပေးပြီး ဖော်ပြထားတာရယ်၊ နောက် Footer Section မှာ 3-Columns ခွဲထားပြီး ကြိုက်ရာ Widget တွေ ထပ်ပေါင်းထည့်လို့ ရတာရယ် နှင့် နောက်ဆုံး အဲဒီ Footer Section အပေါ်မှာ Categories အလိုက် Feature Post တစ်ခုစီကို လှလှပပ Gridbase WP Theme တစ်ခုပီသစွာ ထပ်မံပေါင်းထည့်ထား တာရယ် စသည်တို့ပဲ ဖြစ်ကြပါတယ်။
နောက်ခံ Image တွေ၊ Banner Image တွေ ဘာတစ်ခုမှ မပါပဲ အစိမ်းရင့် ရောင်လို့ ပြောလို့ရတဲ့ အရောင်နှင့် မီးခိုးရောင်ဖျော့ဖျော့ကိုသာ CSS Skill ကို အပြည့်အ၀ အသုံးချပြီး ရောစပ်အသုံးပြု ထားခြင်းကလည်း ဒီ Theme ရဲ့ ပေါ့ပါးလတ်ဆတ်မှုနှင့် အမြင်သစ်ဆန်းမှု ကိုပေးစေ တာအမှန်ပါပဲ။
Widget Ready Sidebar အသုံးပြုထားပြီး Modified ထပ်လုပ်နိုင်တဲ့ Homepage ကတော့ ProBlogger တွေ သည်းခြေကြိုက် ဖြစ်စေတဲ့ အရာတွေပါပဲ။ နောက် သာမန် အသုံးပြုသူတွေ အတွက်လည်း မိမိကြိုက်နှစ်သက်ရာ Java Script တွေ၊ HTML Code တွေကို အလွယ်တစ်ကူ ထပ်မံပေါင်းထည့်လို့ ရစေပါမယ်။
မူရင်း အစိမ်းရင့်ရောင် အပါအ၀င် ၊ ပန်းရောင်၊ အပြာရောင် စတဲ့အရောင်သုံးမျိုးနှင့် သုံးမျိုးသုံးစား ခွဲခြားပြီး မိမိစိတ်ကြိုက် ရယူနိုင်တဲ့ ဒီ Theme ကို စိတ်ပါဝင်စားသူများ အောက်ပါ နေရာများမှာ လေ့လာကြည့်ရှု၊ ဒေါင်းလုဒ်ချ Theme Creator ၏ ညွန်ကြားချက်များနှင့် အညီ အခမဲ့ရယူ အသုံးပြုနိုင် ကြကြောင်း ပါခင်ဗျား။
Theme Name:
- UnGrid
Theme Features:
- Integrated Banner-ad Management
- Featured About Section
- Modified Homepage Layout
- Widget-ready Sidebar
Styles:
- Default (Greenish) UnGrid
- Pink UnGrid
- Blue UnGrid
















