/Best of Premium Wordpress Themes/ Part{1}

WP Premium Themes From M B L 0 G G E R!ဒီပို့စ်မှာတော့ ကျွန်တော် အကြိုက်ဆုံး Wordpress Themes တွေအကြောင်း ကို Download နှင့်တကွ ဆောင်ရန်၊ ရှောင်ရန်တွေ အကြောင်းများပါ တင်ပြသွားမှာ ဖြစ်ပါတယ်။ ဒါတွေအားလုံးကို ကျွန်တော် တစ်ပတ်တိတိ၊ အနည်းဆုံး တစ်ရက်လျင် (၅) နာရီခန့် အချိန်ကို အသုံးပြုပြီးမှ တွေ့ရှိ စုစည်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ယခု စာဖတ်သူလူကြီးမင်းတို့ အနေနဲ့ နာရီဝက်အတွင်း မိမိနဲ့ အသင့်တော်ဆုံး Theme ကို ဆုံးဖြတ်ရွေးချယ် အသုံးပြုနိုင်ပါပြီ။

ဒါတွေကတော့ Theme ရွေးချယ်ရာမှာ သိထားသင့်တဲ့ အချက် အလက်တွေ ဖြစ်ပါတယ်။


Wordpress Theme ရွေးချယ်ရာတွင် သိသင့်သောအချက်များ

(၁) ပထမဆုံး အနေနဲ့ မိမိအသုံးပြုမယ့် Theme ဟာ မိမိ အသုံးပြုထားတဲ့ Wordpress Version နဲ့ ကိုက်မကိုက် ဆိုတာကို ကြည့်ရှုရပါမယ်။ ယခု နောက်ဆုံး Wordpress ဟာ WordPress (Version 2.3.2) ဖြစ်ပြီး Free Hosting တွေ၊ Premium Hosting တွေ တော်တော်များများမှာ Version 2.3.1 အထိ Upgrade လုပ်ပြီးပါပြီ။ V. 2.3.1 နှင့် V.2.3.2 ကြားမှာ ကွာဟမှု သိပ်မရှိပေမယ့် ယခင်ဗားရှင်း 1.5 , 2.2 တွေနဲ့ ယခု ဗားရှင်း 2.3 တွေကြားမှာတော့ ကွာဟချက်ကြီးကြီးမားမားရှိပါတယ်။ အဲဒီအတွက် တစ်ချို့သော Theme တွေဟာ ယခုလက်ရှိ အများစုအသုံးပြုနေကြတဲ့ Wordpress V.2.3.x တွေကို Support မလုပ်နိုင်ကြပါဘူး။

(၂) မိမိအသုံးပြုမယ့် Theme ဟာ Widget Ready ဖြစ်မဖြစ်ကို သိရပါမယ်။ အဲဒီအတွက် ဘာမှ ရှည်ရှည်ဝေးဝေး လိုက်လံရှာဖွေနေစရာမလိုပါ။ Theme ရေးသားသူ ရဲ့ Description ကိုဖတ်လိုက်ရုံသာ ဖြစ်ပါတယ်။ Description မှာ မတွေ့ခဲ့ရင်လည်း ကိစ္စမရှိပါ။ Theme ကို Install လုပ်ပြီး၊ Admin Panel ထဲရှိ Presentation Tab အောက်မှ Widget ဆိုသော Sub Tab ကို ကလစ်ပြီး ကြည့်ကြည့်ရုံသာ ဖြစ်ပါတယ်။ ထိုနေရာတွင် မည်သည့် Widget မှ မပေါ်ပဲ ” Not Support Sidebar Widget” ဆိုသော စာတမ်းအား တွေ့ရပါက Widget Support မဖြစ်သော Theme ဟုမှတ်ရန်သာဖြစ်ပါတယ်။

  • အကယ်၍ Widget Ready မဖြစ်တဲ့ Theme ၊ တစ်နည်းအားဖြင့် Dynamic Sidebar မပါတဲ့ Theme ကို အသုံးပြုမိတဲ့ အခါ မိမိ Sidebar မှာ မိမိထည့်လိုတဲ့ Widget တွေ( Shoutbox, Ads Sense..စတာတွေ) ကို ထည့်သွင်းအသုံးပြုလို့ရမှာ မဟုတ်ပါဘူး။

(၃) နောက်တစ်ချက်ကတော့ မိမိရေးသားမယ့် အကြောင်းအရာတွေ၊ မိမိဦးတည်ရေးသားလိုသူ တွေထံကို ပေးလိုတဲ့ Message တွေနဲ့ မိမိအသုံးပြုမယ့် Theme ဟာကိုက်ညီမှုရှိမရှိ ဆိုတာကို သဘောပေါက်နားလည်ရပါမယ်။

Web Developer , Web Designer တွေလောကမှာ စကားတစ်ခုရှိပါတယ်။ Design တစ်ခု ဖန်တီးတော့မယ်ဆိုရင် ကိုယ့်ကိုယ်ကို Visitor နေရာကနေစ စဉ်းစားကြည့်ဆိုတာပါပဲ။ Designer တစ်ယောက်ဟာ မိမိကွန်ပြူတာဖန်သားပြင်ကနေ မြင်ရတဲ့ မိမိရဲ့ ဒီဇိုင်းထက် Visitor အများစု ထံမှာ သွားမြင်ရမယ့် ဒီဇိုင်းကို ကြိုစဉ်းစားရပါမယ်။ တစ်ချို့သော Web Counter တွေမှာ Report တွေပြသတဲ့ အခါ လာလည်တဲ့ Visitor တွေရဲ့ Screen Resolution တွေ၊ OS အမျိုးအစားတွေ၊ Browser အမျိုးအစားတွေ၊ ISP တွေ အစရှိတာတွေကို ပြသထားတာ အလကား မဟုတ်ပါဘူး။ Web Designer တွေ၊ နောက် ကျွန်တော်တို့ကဲ့သို့သော Blogger တွေအနေနဲ့ မိမိရဲ့ Visitor တွေ အများစု အသုံးပြုကြတဲ့ Computer နှင့် သက်ဆိုင်ရာ အချက်အလက်တွေကို သိရှိပြီးသကာလ အဲဒီလိုအပ်ချက်တွေနဲ့ ကိုက်ညီအောင် ဖြည့်ဆည်းပေးနိုင်ဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဘလော်ဂါတွေအနေနဲ့ လည်းဒီအချက်တွေဟာ စဉ်းစားသင့်တဲ့ အချက်တွေပါ။ Designer တွေအနေနဲ့ကတော့ ဒီအချက်တွေဟာ ဦးစားပေး(၁) စဉ်းစားသင့်တဲ့ အချက်တွေဖြစ်ပြီး ကျွန်တော်တို့ အနေနဲ့တော့ ရွေးချယ်စဉ်းစားသင့်တဲ့ အချက်တွေပဲဖြစ်ပါတယ်။

အထွေထွေ ရှုမြင်ချက်အနေနဲ့ကတော့ ဘယ် Web Application အမျိုးအစားအတွက်မဆို Theme တစ်ခု သို့မဟုတ် Web Template တစ်ခုဟာ ရိုးရှင်းပြီး မြန်ဆန်သွက်လက် ပေါ့ပါးမှုရှိရင် အကောင်းဆုံးလို့ပဲ ဆိုပါရစေ။

အထက်ပါအချက် အလက်တွေကတော့ Theme တစ်ခု ရွေးချယ်ရာမှာ သိထားသင့်တဲ့ ဆောင်ရန်ရှောင်ရန်များဖြစ်ပြီး ကျွန်တော် စုစည်းထားတဲ့ Premium Quality Worpress Theme များအကြောင်းကိုတော့ အခု အပိုင်း(၁) အနေနဲ့ စတင်တင်ပြသွားပါမယ်။ အားလုံးသော Theme တွေမှာ နောက်ဆုံး Update Version တွေကို ရှာဖွေရွေးချယ် ဒေါင်းလုဒ်လုပ်ပြီး ၊ Theme ဖန်တီးသူရဲ့ ညွန်ကြားချက်တွေအတိုင်း လိုက်နာ အသုံးပြုဖို့လည်း တိုက်တွန်းလိုပါတယ်။

Themes များအား မူရင်းဖန်တီးသူကို လေးစားသောအားဖြင့်လည်းကောင်း၊ အဲဒီ Themes တွေ အကြောင်း Release လုပ်တဲ့ နေ့မှသည် ယနေ့ထိ ကောင်းကျိုးဆိုးပြစ်များကို ၀င်ရောက် မှတ်ချက် ပေးကြသူများရဲ့ မှတ်ချက်များကို မိမိ အဲဒီ Theme ကို အသုံးပြုတဲ့ အခါ တတ်နိုင်သမျှ အမှားကင်းစွာ အသုံးပြုနိုင်ရန် ဖတ်စေလိုခြင်းဖြင့်လည်းကောင်း စတဲ့ရည်ရွယ်ချက်များဖြင့် မူရင်း ဖန်တီးသူတွေရဲ့ စာမျက်နှာတွေမှာပဲ ဒေါင်းလုဒ်လုပ်ဖို့ ညွှန်ပြထားပါတယ်။

အကယ်၍ ဒေါင်းလုဒ် လုပ်ရာမှာ အခက်အခဲရှိတယ်ဆိုရင်တော့ မိမိလိုချင်တဲ့ Theme နာမည် အတိအကျကို Comment မှာဝင်ရေးသွားခဲ့လို့ရပါတယ်။ ကျွန်တော် အနေနဲ့ လိုအပ်သူတွေ အဆင်ပြေအောင် မူရင်း Theme ကို မူလဆိုဒ်မှာ ဒေါင်းလုဒ်ချပြီး အဆင်ပြေမယ့် Host တစ်ခုခုမှာ ပြန်တင်ပေးသွား ပါမယ်။

1.i-Theme

itheme

 

{Download} | {Preview}

 

2.Wordpress Premium Theme

WPPremium

 

{Download} | {Preview}

3. Mimbo Magazine Style Theme

Mimbo Theme

 

{Download} | {Preview}

 

4. Jello Wala Mello WordPress Theme

JWM Theme

 

{Download & Preview}

5.Performancing Theme

PF theme

 

{Download} | {Preview}

 

6.Bastard Theme

Bastard Theme

 

{Download} | {Preview}

 

7. Beast Blog Theme

Beast Blog Theme

{Download} | {Preview}

 

8. Fresh Theme

Fresh Theme

 

{Download & Preview}

 

9.Dark Theme

Dark Theme

 

{Download} | {Preview}

 

10.Redoable 1.0 Theme

Redoable Theme

 

{Download} | {Preview}

 

ကျန်ရှိသေးတဲ့ Premium Theme များကို အပိုင်းလိုက် ဆက်လက်တင်ပြသွားပါမယ်။ စောင့်မျှော် ဖတ်ရှုတော်မူကြပါခင်ဗျား။ :)

တိုက်တွန်းချက်

စာဖတ်သူလူကြီးမင်းအနေနဲ့ ဒီဆောင်းပါးအပေါ်မှာ စိတ်ကျေနပ်မှုရှိတယ်ဆိုရင် နောက်နောင်ကိုလည်း အသစ်တင်တိုင်း ဒီလို Update ဆောင်းပါးများ လွယ်ကူစွာ ထပ်မံဖတ်ရှုရန် အတွက် ကျွန်တော့် ရဲ့ RSS Feed မှာ E-mail မှသော်လည်းကောင်း၊ Reader Software တစ်ခုခုမှာသော်လည်းကောင်း Subscribe လုပ်ထားဖို့ လေးစားစွာ အကြံပေးလိုပါတယ်။

Subscribe to Mbl0gger!

Share and Enjoy:
  • Digg
  • StumbleUpon
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • TwitThis
  • Pownce
  • Technorati
  • LinkedIn
  • Print this article!
  • E-mail this story to a friend!

3 Responses to “/Best of Premium Wordpress Themes/ Part{1}”

  1. Beast Blog Theme ရဲ့ preview ကပြထားတဲ့ပုံနဲ့မတူဘူးနော်။

  2. @တူးတူး- အင်း..ကျွန်တော်မြင်တာ၊ နောက် ကျွန်တော် စမ်းသုံးကြည့်သလောက်တော့ အတူတူပါပဲ တူးတူးရ။ ဘာတွေကွာနေလို့လည်း မသိဘူး။ ဖြစ်နိုင်တာက . Screenshoot နည်းနည်းသေးနေလို့ ဖြစ်မယ်ထင်တယ်။ :)

  3. ကောင်းတယ်ဗျို့။ ခုမှ နည်းပညာကျကျဖတ်ရတော့တယ်။ ကျေးဇူး

Leave a Reply

You can use these XHTML tags: <a href="" title=""> <abbr title=""> <acronym title=""> <blockquote cite=""> <code> <em> <strong>