How to Install Wordpress Locally

ဒီနေ့တော့ Wordpress ကို Internet Connection ရှိစရာမလိုပဲ ကိုယ့် စက်ထဲမှာ Install လုပ်၊ အသုံးပြုတဲ့နည်း အကြောင်းပြောချင်ပါတယ်။ ဒီနည်းကို အသုံးပြုပြီး Web Developer တွေအနေနဲ့ မိမိရဲ့ Design တွေ၊ မှန်မမှန် ပြန်လည်စစ်ဆေးခြင်း တွေ၊ ပြုပြင်ခြင်းတွေကို အလွယ်တစ်ကူ ပြုလုပ်လို့ ရသလို၊ Blogger တွေ အနေနဲ့လည်း မိမိရဲ့ Blog ကို Maintenance လုပ်တာ၊ ပို့စ်အနေအထားတွေ၊ နောက် မိမိစမ်းသပ်လိုတဲ့ Widget တွေ၊ Coding အချို့တွေကို လည်း အင်တာနက်ပေါ်တွင် မိမိဘလော့ဂ် အား တက်မပြင်မှီ မစမ်းသပ်မှီ Rehearsal အနေနဲ့ အလွယ်တစ်ကူ စမ်းသပ်ပြုပြင်လို့ရစေပါတယ်။ တစ်ခါတစ်လေ အင်တာနက် မရှိတဲ့ အချိန်၊ ချို့ယွင်းမှုဖြစ်နေတဲ့ အချိန် ဒါမမဟုတ် အင်တာနက်မရှိတဲ့ နေရာရောက် နေလို့ဆိုပြီး ကိုယ့်ဘလော့ဂ်ကို ဘာမှမလုပ်နိုင်ပဲ ပစ်ထားရတဲ့ အခြေအနေမျိုးကလည်း ရှောင်ရှားနိုင်ပြီး အင်တာနက်ရတာနဲ့တပြိုင်နက် မိမိရဲ့ Update တွေကို ချက်ချင်းလက်ငင်း အသုံးပြုစေ နိုင်ပါတယ်။
Wordpress ကို Localhost အနေနဲ့ Run ဖို့အတွက် ယခင်က Apache,PHP,My SQL စတာတွေကို မိမိဘာသာမိမိ တစ်ခုချင်းလိုက်လံ ရှာဖွေဒေါင်းလုဒ် လုပ်ပြီး၊ တစ်ခုချင်းကို မိမိစက်ထဲမှာ မှန်ကန်စွာ Run ပြီးသကာလ Apache ကို အခြေခံသော Local Host Server တစ်ခုကို မိမိစက်ထဲမှာ အရင်တည်ဆောက်ရပါတယ်။ ယခုတော့ အထက်ပါ အလုပ်(၃) မျိုးကို ခေါင်းစား၊ အချိန်ကုန်ခံပြီး လုပ်နေစရာ မလိုတော့ပါဘူး။ AIO လို့ခေါ်တဲ့ အထက်ပါ ဆော့ဖ်ဝဲလ် (၃) မျိုးလုံးပါတဲ့ Installer Package တွေ အမျိုးအစားစုံ Freeware အနေနဲ့ ထွက်ရှိနေကြပြီဖြစ်ပါတယ်။ Web Developer တွေတင်မက သာမန် စားသုံးသူတွေ၊ Blogger တွေ၊ လေ့လာသူတွေ အတွက်ပါ အရမ်းကို အဆင်ပြေ ကောင်းမွန်တဲ့ ၊ လွယ်ကူမှု အပြည့်ရှိစေတဲ့ ၀န်ဆောင်မှုတွေပါပဲ။

နိဒါန်းနည်းနည်းရှည်သွားပါပြီ။ Wordpress ကို Local Host မှာ Run ဖို့အတွက် အောက်ပါနေရာမှာ XAMPP လို့ခေါ်တဲ့ PHP AIO Software Package တစ်ခုကို ဒေါင်းလုဒ်လုပ်ပါ။ ဒေါင်းလုဒ်လုပ်တဲ့ နေရာမှာ Latest Version ဖြစ်ဖို့နဲ့ Installer ဆိုတဲ့ Package ကိုအထူးသတိထား ရွေးချယ်ဖို့ တိုက်တွန်းလိုပါတယ်။

အပိုင်း(၁)

၁။ XAMPP Lite EXE ကို ဒေါင်းလုဒ်လုပ်ပါ။

http://www.apachefriends.org/en/xampp-windows.html#646

၂။ ဒေါင်းလုဒ်လုပ်ပြီးသွားတဲ့ အခါ ရလာတဲ့ Zip File ကို C:\ [Primary Drive] ထဲကို ရွှေ့ပြောင်းရပါမယ်။ ၎င်း Zip file ကို အဆိုပါ Drive ထဲတွင်ပင် Double Click ပေးခြင်းဖြင့် Install လုပ်ပါ။

Windows Vista user များအနေဖြင့် Vista ၏ UAC (User Acoount Control) မှ တားဆီးမှုများအား ရှောင်ရှားနိုင်ရန် အတွက် C:\ အစားအခြား Primary မဟုတ်သော Drive တစ်ခုခုအား ရွေးချယ် အသုံးပြုသင့်ပါတယ်။

ဒီအဆင့်ပြီးတဲ့ အခါ Apache နှင့် My SQL Server တွေကို စ Run လို့ရပါပြီ။ အောက်ပါအဆင့်များ အတိုင်းလုပ်ဆောင်ပါ။

  1. xampplite folder ကိုဖွင့်ပါ။ {စောစောက Run ထားတဲ့ C:\ ထဲက Folder ကို ဆိုလိုပါတယ်)
  2. setup_xampp.bat ကို Double click ပေးပါ။
  3. Program က ” you to have fun” စသဖြင့် ဘာညာပြောလာတဲ့ အခါ မိမိ Keyboard မှ မည်သည့်ကီးကိုမဆို နှိပ်ပေးပါ။
  4. အခုအဆင့်မှာ xampp-control.exe ကို double click ပေးပါ။
  5. XAMPP CTrl
  6. အထက်ပါအတိုင်း Control Panel Box တက်လာရင် Apache နှင့် My SQL Service ၂-ခုဘေးမှ Start Button နှစ်ခုအား ကလစ်လုပ်ကာ Service များအား စ Run နိုင်ပြီး အားလုံးအဆင်ပြေချောမွေ့စွာ အလုပ်လုပ်ကြောင်း အောက်ပါအတိုင်း ပြသလျင်သိရှိနိုင်ပါပြီ။

XAMPP Running

အပိုင်း(၂)

အထက်ပါအဆင့်ပြီးဆုံးလျင် မိမိစက်အတွင်း Wordpress ကို Local Host ရန်အတွက် Database တစ်ခုတည်ဆောက်ရပါမယ်။ အောက်ပါအဆင့်များအတိုင်း လုပ်ဆောင်ပါ။

၁။ ကြိုက်နှစ်သက်ရာ Browser တစ်ခုခုကို ဖွင့်ပါ။ {IE ဖြစ်စေ၊ မီးမြေခွေးဖြစ်စေ}

၂။ အောက်ပါ Address အား Browser ၏ Address Bar အတွင်းထည့်သွင်း၍ Enter ခေါက်ပါ။

http://localhost/xampp/splash.php

XAMPP Server

၃။ အထက်ပါစာမျက်နှာတက်လာလျင် မိမိအသုံးပြုမည့် ဘာသာစကားအားရွေးချယ်ပါ။

၎။ နောက်တစ်မျက်နှာတွင် ဘယ်ဘက် Sidebar Navigation တွင် phpMyAdmin အားရွေးချယ်ပါ။
XAMPP Welcome
၅။ phpMyAdmin စာမျက်နှာသို့ရောက်လျင် အောက်ပါအတိုင်း Data Base တစ်ခုတည်ဆောက်ပါ။

Database

အပိုင်း(၃)

Wordpress ကို မိမိတည်ဆောက်ထားသည့် Data Base အတွင်း Install လုပ်ဖို့ အချိန်ကျပါပြီ။

၁။ Wordpress.ORG ကိုသွားပါ။ နောက်ဆုံး Version Wordpress Zip File ကိုဒေါင်းလုဒ်လုပ်ပါ။

၂၊ ရလာသော Zip File ကို မိမိ Desktop ပေါ်တွင် အထုပ်ဖြည်ပါ။ ၎င်း အထုပ်အတွင်း wp-config-sample.php ဆိုသော php ဖိုင်ကို ကြိုက်နှစ်သက်ရာ Text Editor [Notepad,Wordpad..etc] တစ်ခုခုဖြင့် ဖွင့်ပါ။ ပြီးလျင် အောက်ပါ ကုဒ်များအား အဆိုပါဖိုင်အတွင်းရှိ တူညီသောနေရာတွင် အစားသွင်းပါ။

define('DB_NAME', 'wordpress'); // The name of the database
define('DB_USER', 'root'); // Your MySQL username
define('DB_PASSWORD', ''); // ...and password
define('DB_HOST', 'localhost'); // 99% chance you won't need to change this value

ဒါဟာ ဘာလဲဆိုတော့ ကျွန်တော်တို့ Wordpress ကို Web ပေါ်မှာ Run တဲ့အခါ wp-config file တစ်ခုတည်ဆောက်ဖို့ အဆင့်ရောက်ရင် database name တွေ၊ user name တွေ၊ password တွေ ပေးရတာကို မှတ်မိကြပါလိမ့်မယ်။ အခုကျွန်တော်တို့ Localhost Server မှာ User name ၊ Database Name ၊ Password စတာတွေ မလိုပါဘူး။ အဲဒီအတွက် wp-config file အတွင်းရှိ အထက်ပါ data များတောင်းဖို့ရေးထားတဲ့ Command များနေရာမှာ မိမိ Database နဲ့သက်ဆိုင်တာတွေကို တစ်ခါတည်း အစားထိုးထည့်ထားလိုက်ခြင်းပဲဖြစ်ပါတယ်။
Command Line ၄-ကြောင်းကို သက်ဆိုင်ရာ စာကြောင်းအလိုက် အစားထိုးထည့်သွင်းပြီးပါက အဆိုပါဖိုင်အား Save as မှနေ၍ wp-config.php နာမည်ဖြင့် မူရင်း Folder အတွင်း၌ပင် သိမ်းဆည်းပေးပါ။
၃။ အထက်ပါအဆင့်ပြီးဆုံးလျင် Wordpress Folder ကြီးတစ်ခုလုံးကို မှန်ကန်သောနေရာ သို့ရွေ့ပြောင်းထည့်သွင်းပေးရမည် ဖြစ်သည်။

My Computer > Main drive (မိမိ Instll လုပ်ထားသော Drive) > Xampplite > htdocs ကိုသွားပါ။

အဆိုပါနေရာသို့ ရောက်လျင် Wordpress Folder ကြီးတစ်ခုလုံးကို အဆိုပါ htdocs Folder အတွင်းသို့ ထည့်သွင်းပါ။
၎။ နောက်ဆုံးအဆင့် အနေဖြင့် အောက်ပါ လိပ်စာအား ကြိုက်နှစ်သက်ရာ Browser တစ်ခုခုကို အသုံးပြုကာ ဖွင့်ခြင်းဖြင့် Wordpress ကို Localhost အတွင်းသို့ အောင်မြင်စွာ Install လုပ်ပြီးပါပြီ။

http://localhost/wordpress/wp-admin/install.php

Error တစ်ခုခုတက်လာခဲ့ရင် အထက်ပါ အဆင့်များကို တစ်ဆင့်ခြင်းပြန်ဖတ်ပြီး ညွှန်ကြားချက်အတိုင်း အတိအကျ ပြန်လုပ်ကြည့်ပါ။ ညွှန်ကြားချက်၊ ရေးသားချက်များအတိုင်း လိုက်နာဆောင်ရွက်ခဲ့လျင် အားလုံးချောမွေ့စွာပဲ ပြီးဆုံးသွားပါမယ်။

အားသာချက်များ

Wordpress ကို Local Host မှာ Install လုပ်ပြီး ကျန်တဲ့ လုပ်ဆောင်ချက်များကတော့ Web ပေါ်မှာ Run ထားတဲ့ Wordpress အတိုင်းသာဖြစ်ပါတယ်။ Web ပေါ်မှာ Run ထားသကဲ့သို့ပဲ Wordpress ရဲ့ Function တွေ၊ Feature တွေ လည်းအစုံအလင်ရရှိပါတယ်။ Server ဟာ မိမိစက်အတွင်းမှာ ရှိနေတဲ့အတွက် အလုပ်လုပ်ခြင်းများဟာ Web ပေါ်မှာထက် ပိုမိုမြန်ဆန်စွာ အလုပ်လုပ်စေပါတယ်။
ဥပမာအားဖြင့် Theme တစ်ခုကို Install လုပ်မယ်ဆိုရင် WorldWideWeb ပေါ်တင်ထားတဲ့ Wordpress မှာဆိုရင် root တစ်ခုကနေ တစ်ခုကိုကူးဖို့ အတော်ကြာကြာစောင့်ပြီးမှ တစ်ဆင့်ချင်းသွား၊ နောက်ဆုံး Theme Folder ရောက်တော့မှ ထပ်ပြီး Upload လုပ်၊ Upload လုပ်ချိန်စောင့်ဆိုင်း စသဖြင့်သာ အလုပ်လုပ်နိုင်တာကို တွေ့ရမှာပါ။ ဒီမှာတော့ မိမိသုံးချင်တဲ့ Theme တစ်ခုကို Ctrl+C နှိပ်ပြီး ကော်ပီလုပ်ပြီးသကာလ ၊ မိမိရဲ့ XAMPP -> htdocs-> wordpress-> wp-content-> theme Folder အတွင်းသို့ Paste လုပ်လိုက်ရုံသာဖြစ်ပါတယ်။

တိုက်တွန်းချက်

စာဖတ်သူလူကြီးမင်းအနေနဲ့ ဒီဆောင်းပါးအပေါ်မှာ စိတ်ကျေနပ်မှုရှိတယ်ဆိုရင် နောက်နောင်ကိုလည်း အသစ်တင်တိုင်း ဒီလို Update ဆောင်းပါးများ လွယ်ကူစွာ ထပ်မံဖတ်ရှုရန် အတွက် ကျွန်တော့် ရဲ့ RSS Feed မှာ E-mail မှသော်လည်းကောင်း၊ Reader Software တစ်ခုခုမှာသော်လည်းကောင်း Subscribe လုပ်ထားဖို့ လေးစားစွာ အကြံပေးလိုပါတယ်။

Subscribe to Mbl0gger!

Share and Enjoy:
  • Digg
  • StumbleUpon
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • TwitThis
  • Pownce
  • Technorati
  • LinkedIn
  • Print this article!
  • E-mail this story to a friend!

4 Responses to “How to Install Wordpress Locally”

  1. Thanks Bro, Great Help for me. I’ll try. for now, I delicious this =)

  2. @ TayZar- You’re welcome bro. If you got any problem,please let me know about it and drop a few line here .I’ll respond as soon as i can.
    Good luck!

  3. yep, many use XAMPP. For me, I’m using Appserv Project which is developed by Thai.

  4. @Myo Kyaw Htun- Yup, bro. There are many different softwares to install wordpress locally. Btw, how about Appsery Project ? Is that user friendly? I think, i should google for it. :)

Leave a Reply

You can use these XHTML tags: <a href="" title=""> <abbr title=""> <acronym title=""> <blockquote cite=""> <code> <em> <strong>