The Greatest WordPress Theme I’ve Ever Seen.

တစ်ကယ့်ကို အမှန်အကန် ကြီးကျယ်တဲ့ WordPress Theme တစ်ခုပါ။ March 26 ရက်နေ့က ပဲ Release လုပ်ပါတယ်။ Theme Author ကတော့ ကျွန်တော်လက်ရှိ သုံးထားတဲ့ Structure Theme ရဲ့ မူရင်း Author - Justin Tadlock ဖြစ်ပါတယ်။

ဘာတွေ ကြီးကျယ်တာလဲ။ ဘာတွေ ထူးခြားတာလဲ ဆိုတာကို အကြမ်းဖျင်း ပြောရမယ်ဆိုရင် အောက်ပါတို့ အတိုင်း ဖြစ်ပါတယ်။

Special Stylesheets (CSS)

ဒီ Theme ဟာ သာမန် Theme တွေလို Stylesheet တစ်ခုတည်းနဲ့လာတဲ့ ရိုးရိုး Theme တစ်ခုမဟုတ်ပါဘူး။ Theme Color ၃ မျိုးကို လိုအပ်သလို စိတ်ကြိုက် ပြောင်းလဲ အသုံးပြုနိုင်ဖို့ Stlyesheet ၃ မျိုးထည့်သွင်းထားတဲ့ 3 in 1 Theme တစ်ခုဖြစ်ပါတယ်။

For Homepage
Homepage အတွက် အပိုင်းကြီး ၅-ပိုင်းခွဲခြားထားပါတယ်။ အဲဒီ အပိုင်းကြီး ၅-ပိုင်း အတွက် ကြိုက်နှစ်သက် ရာ ပုံစံ ၁၄-ခုကို ရွေးချယ် အသုံးပြုနိုင်ပါတယ်။

  • Five types of category sections.
  • Three types of features sections.
  • Two types of video sections.
  • Excerpts.
  • Full posts.
  • Tags.
  • Flickr photos.
  • Two customizable sections.

For Sidebar

ဆိုဒ်ဘားဟာ Widget Ready Sidebar တစ်ခုဖြစ်ပြီး လိုအပ်သလို ပြုပြင်တပ်ဆင် နိုင်တဲ့ Dynamic Sidebar တစ်ခုဖြစ်ပါတယ်။ Readymade သုံးလို့ရတဲ့ Widget တွေ အနေနဲ့ အောက်ပါတို့ကို အသင့်ပြုလုပ်ထည့်သွင်း ပေးထားပြီးသားပါ။

  • Tabs widget (content of tabs is controlled through theme options).
  • Multiple ad widgets.
  • Tag cloud.
  • Flickr photos.
  • Recent posts.
  • “Asides,” or sideblog.
  • Recent video by post.
  • Video non-posted.
  • Feed and email subscriptions.
  • Customizable widgets.

Supported plugins

ဒီနေ့ အချိန်ဟာ WordPress ရဲ့ Plugins တွေရဲ့ စွမ်းဆောင်ရည် ကိုလုံးဝ ပစ်ပယ်လို့ မရတဲ့ အခြေအနေပါ။ အဲဒီ အချက်ကို Justin မေ့ထားမယ် လို့မထင်ပါဘူး။ အောက်ပါတို့ကတော့ ဒီ Theme နှင့် တွဲဖက် အသုံးပြုနိုင်တဲ့ Plugin များစာရင်းပဲဖြစ်ပါတယ်။

Compatible With Both WordPress 2.5 or Older

ဒီ Theme နှင့် အကောင်း ဆုံး အလုပ်လုပ်မှာကတော့ ပရိတ်သတ်များ သိကြတဲ့ အတိုင်းပါပဲ။ မင်းသားကြီး WP 2.5 ပါ။ ကျန်တဲ့ အရင် ဗားရှင်း တွေနဲ့ကတော့ တစ်ချို့သော Feature တွေ အလုပ်မလုပ်တာမျိုး ကြုံရကောင်း ကြုံရနိုင်ပါတယ်။ တိုက်တွန်းလိုတာကတော့ ဒီ Theme ကို သုံးမယ်ဆိုရင် WP 2.5 ကိုအသုံးပြုဖို့ပါပဲ။

Demo & Download

ကဲ ဘာတွေ ကြီးကျယ်တယ် ဆိုတာကို လက်တွေ့ရှုစားဖို့ အောက်က Theme တစ်မျိုးစီရဲ့ အညွန်းပြပုံ တွေပေါ်မှာ ကလစ်တစ်ချက်စီ ပေးလို့ စစ်ဆေးကြည့်ရှုတော်မူပါဗျာ။

Blue Danube
Revamped light
Dark Original

အားလုံးကို ကြိုက်တယ် ဆိုရင်တော့ အောက်ပါ နေရာမှာ ခပ်မြန်မြန်လေး ဒေါင်းလုဒ်လုပ် လို့သာရယူ သုံးစွဲလိုက်ပါတော့။ တစ်ခုရှိတာက ဈေးတော့ နည်းနည်းမြောက်ပါတယ်။ အမှန်ပါပဲ။ ဒီလောက် ကြီးကျယ်နေမှတော့ ဒီလောက်တော့ ရှိမှာပေါ့ဗျာ။ ဈေးလား။ ဟုတ်ကဲ့ Free ပါတဲ့ခင်ဗျာ။ :D

Share and Enjoy:
  • Digg
  • StumbleUpon
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • TwitThis
  • Pownce
  • Technorati
  • LinkedIn
  • Print this article!
  • E-mail this story to a friend!

7 Responses to “The Greatest WordPress Theme I’ve Ever Seen.”

  1. တကယ်မိုက်တဲ့ theme ပဲဗျို့.. ကျေးဇူးကမ္ဘာပါ ခင်ဗျားးး :)

  2. ကျွန်တော် option theme အကြောင်းမေးချင်လို့ပါ။ ကျွန်တော့် header အပေါ်မှာရှိတဲ့ သူရဲ့မူရင်းလိုဂိုကြီးကို ဖျောက်ပြီး ကျွန်တော်ရဲ့ ကိုယ်ပိုင် logo လေးထည့်ချင်တယ်။ အဲဒါဘယ်လိုလုပ်ရမလဲဆိုတာ အကိုများသိနိုင်မလားလို့ပါ။
    ဒီမှာကျွန်တော်ပြထားပါတယ်။
    http://uploads.screenshot-program.com/my.php?image=upl0656151886.png
    ပြီးတော့ဒါကျွန်တော်ရဲ့ address ပါ။ http://weenyinthit.iblogger.org/
    အကိုအလုပ်ရှုပ်နေလည်း အေးအေးဆေးဆေးမှဖြေပေးပါ။
    ကျေးဇူးတင်ပါတယ်. .။

  3. @၀ိညာဉ်သစ် - ကိုဝိညာဉ်သစ် ရေ.. ဒီအတိုင်းပြောင်းလို့ရပါတယ်ခင်ဗျာ။

    Options Theme Folder ထဲက styles ဆိုတဲ့ folder ထဲကို သွားပါခင်ဗျာ။ ပြီးတာနဲ့ အဲဒီထဲကမှ dark ဆိုတဲ့ folder ကို ထပ်ရွေးပါ။ dark folder ထဲမှာ Images ဆိုတဲ့ ဖိုင်ကို ထပ်ဖွင့်ပါ။ အဲဒီမှာ ကိုဝိညာဉ်သစ် ပြောင်းချင်တဲ့ Logo ရဲ့ နာမည်ဖြစ်တဲ့ header-dark ဆိုတဲ့ image file လေးကို တွေ့ပါလိမ့်မယ်.

    အလွယ်ကူဆုံးနည်းနဲ့ ပြောရရင်တော့ မူရင်း အဲဒီ header-dark ဆိုတာကို Re-name တစ်ခုခုပေးလိုက်ပါ။ ပြီးတာနဲ့ အဲဒီ ဖိုင်ရဲ့ အလျား*အနံ အတိုင်း၊ မူလ ဖိုင်တိုပ် အမျိုးအစားအတိုင်း (.jpg, or .gif or else) ကိုယ်လိုချင်တဲ့ လိုဂိုဒီဇိုင်း တစ်ခုပြုလုပ်ပါ။ ပြီးတာနဲ့ အသစ်ပြုလုပ်ထားတဲ့ လိုဂို ဖိုင်ကို မူလ နာမည်ဖြစ်တဲ့ header-dark လို့ နာမည်ပေးပြီး File Manager ကနေတဆင့် Web ပေါ်မှာ ရှိတဲ့ အဲဒီ Options Theme ရဲ့ style>dark>images ဖိုင်ထုပ်ထဲကို Over write ထပ် တင်ပေးလိုက် လျင် ကိုဝိညာဉ်သစ် လိုချင်တဲ့ လိုဂိုဒီဇိုင်းပြောင်းပြီးသား ဖြစ်သွားပါပြီခင်ဗျာ။

    အောင်မြင်ပါစေ.. :)

  4. ဆွဲသွားတယ်ဗျာ.. စမ်းကလိမလို့.. မေးပို့ထားတဲ့ ဆိုက်နဲ့.. အဲဒီ hosting လေးက မဆိုးသလိုပဲ ဆရာမှော်တို့အားကျလို့ ဟိုကလိဒီကလိပဲ

  5. @ အဇ္ဈတ္တပြခန်း - အဆင်ပြေပါစေဗျာ. ဟို့စ်တင်တွေကတော့ ဟုတ်တယ်ဗျို့.. နောက်တွေ့တဲ့ ဟာက ကောင်းနေရင်လည်း သူများတွေပါ လက်တို့ပေးရတာပေါ့ဗျာ။ :)

  6. ကိုမှော်ဆရာခင်ဗျာ ကျနော် ဒီTheme လေးကိုသဘောကျလို့ ဒေါင်းလုပ်ချင်တာ ဒေါင်းလုပ်ပြီး တင်တာ မပေးဘူးဖြစ်နေတယ်ဗျ ဘယ်တာကိုဒေါင်းလုပ်ရမယ်ဆိုတာကို ညွန်းပေးပါအုံးဗျာ

  7. @ မော်စီ - ကိုမော်စီရေ.. Download ဆိုတဲ့ လင့်ခ် လေး ဆောင်းပါး အဆုံးမှာ ကျွန်တော်ထည့်ထားပေးပါတယ် ခင်ဗျာ။ အဲဒီမှာ ကလစ်ပြီး ဒေါင်းလုဒ် လုပ်လိုက်ရုံပါပဲ။ နောက်. Theme နဲ့ ပတ်သက်တဲ့ Usage တွေ၊ ဆောင်ရန် ရှောင်ရန်တွေ ကိုတော့ Theme Documentation ဆိုတဲ့ လင့်ခ်မှာ သွားရောက် ဖတ်ရှုနိုင်ပါကြောင်း. :)

Leave a Reply

You can use these XHTML tags: <a href="" title=""> <abbr title=""> <acronym title=""> <blockquote cite=""> <code> <em> <strong>