PicLens Plugin For FireFox & WordPress
ဒီ PicLens Plugin လေးကတော့ FireFox ရဲ့ WebDev Toolbar နှင့် Google Toolbar Plugins တွေ ပြီးရင် တတိယမြောက် ကျွန်တော် အကြိုက်ဆုံး Plugin တစ်ခုပါ။ (ကျွန်တော့် အမြင်သက်သက်နဲ့) ပြောရရင်တော့ ဒီ Plugin လေးဟာ Plugin တစ်ခုနဲ့ မတန်အောင် ကို လန်းပါတယ်။ ဖိုင်ဆိုဇ် ၁.၂ မဂ္ဂါဘိုထ်နဲ့ သုံးရတဲ့ Feature က အရမ်းကို Smooth & Smart ဖြစ်လွန်းပါတယ်။ ဒါကြောင့်မိုလို့လဲ ဒီနေရာ မှာ Internet Media လောကရဲ့ ဘီလူးကြီးတွေ ကိုယ်တိုင်က တလေးတစားနဲ့ ဂုဏ်ပြုစကား ပြောထားကြတာ ဖြစ်ပါလိမ့်မယ်။ နောက် ဒီ Plugin လေးက FireFox တင်မဟုတ်ပဲ Apple ကထုတ်တဲ့ Safari Browser နှင့် Internet Explore မှာလည်း အလုပ်လုပ်ပါသေးတယ်။
PicLens က တစ်ကယ်တော့ ဓာတ်ပုံဖိုင်တွေကို မိမိ ဘရောက်ဇာအတွင်း 3D View နဲ့ Full Screen အဖြစ် အလွယ်တကူ ရှာဖွေရွေးချယ်ကြည့်ရှုနိုင် အောင်ပြုလုပ်ပေးတဲ့ Plugin တစ်ခုဖြစ်ပါတယ်။ PicLens ရဲ့ အကူအညီနဲ့ အဓိက ဓာတ်ပုံ ဆိုဒ်ကြီး (၇) ဆိုဒ် အပါအ၀င် နာမည်ကြီး Social Network တွေ၊ Search Engine ကြီးတွေ အားလုံးမှာပါ မိမိအလိုရှိရာပုံရိပ်တွေကို အလွယ်တစ်ကူနဲ့ သက်တောင့်သက်သာ ရှာဖွေလို့ရစေပါတယ်။ ဓာတ်ပုံသမားတွေ၊ မီဒီယာသမားတွေ၊ နောက် ဓာတ်ပုံဝါသနာရှင်တွေ အတွက် လုံးဝ ကိုအကြိုက်တွေ့စေမှာ မလွဲပါဘူး။
အကယ်၍ မိမိသုံးနေတဲ့ Browser မှာတင် ထည့်တာ အားမရသေးပဲ မိမိမှာ ကိုယ်ပိုင် Blog သို့၊ ၀ဘ်ဆိုဒ် တစ်ခုရှိခဲ့ လို့ ၎င်းအတွင်းမှာပါ ထည့်သွင်း အသုံးပြုချင်တယ် ဆိုရင်လည်း PicLens ကစီစဉ်ပေးထားတာ ရှိပါသေးတယ်။ WebMaster တွေနဲ့ Blogger(WordPress) တွေ အတွက် စတင်ရန် စမျက်နှာကို ဒီမှာ တွေ့နိုင်သလို့ WordPress Blogger တွေအတွက် PicLens ကို တိုက်ရိုက် ဒေါင်းလုဒ်လုပ် ထည့်သွင်း အသုံးပြုရန် နေရာကတော့ ဒီနေရာ မှာပါ။
ကဲ…ကျွန်တော်ပဲ အညွှန်းကောင်းလား၊ အဲဒီ AddOn လေးကပဲ ကောင်းလွန်းတာလား ဆိုတာ တစ်ကယ်သိရဖို့ တော့ အောက်ပါ နေရာကိုပဲ သွားကြည့်ပြီး ကိုယ်တိုင် ယူငင်စမ်းသပ် သုံးစွဲကြည့်တော်မူကြပါလို့ တိုက်တွန်းလိုက်ပါရစေ။
Download & Install PicLens Plugins For FireFox, IE, Safari and WordPress

















Mar 11th, 2008 at 6:14 pm
ကိုယ်တိုင်ယူပြီး သုံးကြည့်နေပြီအစ်ကိုရေ။ တကယ်မိုက်တယ်နော်။ အစ်ကိုကလည်း အညွှန်းကောင်းသလို အဲဒီ Add 0n ကလည်း တကယ်ကောင်းပါတယ်။
Mar 12th, 2008 at 7:20 am
အခုမှ ဒီနေရာလေးကို ရောက်ဖူးပေမဲ့ နာမည်ကြားဖူးနေတာ ကြာခဲ့ပြီပဲ။ ပညာတွေ ဗဟုသုတတွေ အများကြီး ရရှိပါတယ်။ ကွန်နက်ရှင်းမကောင်းလို့သာ ဘယ်မှ မရောက်ဖြစ်ခဲ့တာပါ။ စာသားတွေကလည်း တော်တော်လန်းတယ်ကွ။
Mar 12th, 2008 at 2:13 pm
@winkabar- ညွှန်းရတဲ့သူ ညွှန်းရကျိုးနပ်တာပေါ့ ညီမရေ။
@yamin- ဟုတ်ကဲ့ မင်္ဂလာပါ မယမင်း ရေ။ ကျွန်တော်လည်း မယမင်း နာမည်ကို မြင်ဖူးခဲ့တာ ကြာပြီလို့ ထင်ပါတယ်။
အခုလိုလာလည် အားပေးတဲ့ အတွက် ကျေးဇူးပါပဲ ခင်ဗျာ။