WordPress 2.5 with New Face,Version, Release & New Features

WrodPress 2.5 Stable Release နှင့် အတူ WordPress.Org ကြီးလည်း ဆိုဒ် ဒီဇိုင်းကို အသစ်ပြောင်း ထားတာတွေ့ရပါတယ်။ Milestone Release နှင့် အတူ ပြောင်းလိုက်တဲ့ ဆိုဒ်ဒီဇိုင်း ကိုလည်း အတော် ကြိုက်နှစ်သက်မိပါတယ်။

WordPress 2.5 မှာ အကြီးစား ပြုပြင် ပြောင်းလဲမှုတွေ လုပ်ထားတယ် ဆိုတာကတော့ အသေအချာပါပဲ။ အရင် ဗားရှင်းတွေနဲ့ မတူ သုံးစွဲရာမှာ ပေါ့ပါးမှု၊ Function တွေ စုံလင်မှုစတာတွေကို သိသိသာသာ ရရှိစေပါတယ်။ Admin Panel ကို အသစ်ဒီဇိုင်း ပြောင်းထားတဲ့ အပြင် Scriptacolous က Script တွေ၊ ကျန်တဲ့ တော်တော်များများသော Java Script တွေကိုလည်း မြိုင်မြိုင်ဆိုင်ဆိုင် သုံးထားတဲ့ အတွက် နေရာ အတော်များများမှာ Dynamic ဖြစ်မှု၊ မြန်ဆန်သွက်လက်မှု စတာတွေကို သိသာစွာရရှိစေပါတယ်။

မျက်မြင်အားဖြင့် တွေ့ရတဲ့ Feature အချို့ကတော့ အောက်ပါတို့ဖြစ်ကြပါတယ်။

  • Dashboard Widgets
  • Multi-file upload with progress bar
  • Bonus: EXIF extraction (great for Photographers/Photo Bloggers)
  • Search posts and pages
  • Tag management
  • Password strength meter
  • Concurrent editing protection
  • Few-click plugin upgrades
  • Built-in galleries

အသစ်သော Feature ပေါင်းများစွာထဲက ကြိုက်မိတဲ့ Feature တစ်ခုကတော့ Gallery ဆိုတဲ့ Feature ပဲဖြစ်ပါတယ်။ Photographer တွေ အတွက် အဲဒီ Feature ကိုသုံးပြီး WordPress နှင့် လှပသေသပ်တဲ့ Online Photo Gallery တစ်ခု ကိုဆောက်လို့ ရစေပါတယ်။ ပုံမှန် အသုံးပြုသူတွေ အတွက်လည်း ဒါ မိမိဘလော့ဂ်မှာ ရှိသမျှ ရုပ်ပုံတွေအတွက် Gallery တစ်ခုသဘောမျိုးဖြစ်လာမှာပါ။ အဲဒီအကြောင်းအရာ အပြည့်အစုံကို Matt က အောက်ပါလင့်ခ် မှာ ပို့စ် တစ်ခုအဖြစ် နှင့် Video ရှင်းလင်း ချက်နှင့်တကွ အပြည့်အစုံ ရေးသားခဲ့ပြီး ဖြစ်ပါတယ်။

WordPress 2.5 RC-2

ကျန်ရှိသေးတဲ့ WordPress 2.5 ရဲ့ Features တွေအကြောင်းကိုတော့ ဒီနေရာ မှာ အစုံအလင် ဖတ်ရှုနိုင်ပါတယ်။

WordPress 2.5 ကို ရယူ သုံးစွဲလိုသူတွေ အနေနဲ့ကတော့ အောက်ပါ နေရာမှာ သွားရောက် ဒေါင်းလုဒ် လုပ် သုံးစွဲနိုင်ပြီဖြစ်ပါကြောင်း။

Download WordPress 2.5

တစ်ခုမှတ်သားရမှာကတော့ WordPress 2.5 ကို မရယူမှီ၊ မသုံးစွဲမှီမှာ မိမိလက်ရှိသုံးနေတဲ့ Theme တွေ ၊ Plugins တွေဟာ WordPress 2.5 နဲ့ ကိုက်ညီမှု ရှိမရှိကိုတော့ ကြိုတင် စစ်ဆေးဖို့ လိုအပ်ပါလိမ့်မယ်။

ဒီနေရာ မှာ WordPress 2.5 ကို Support လုပ်ပေးနိုင်တဲ့ Plugins တွေ အကြောင်း အသေးစိတ်ရေး သားထားတာ ရှိပါတယ်။

ရှာဖွေ၊ လေ့လာ၊ မှတ်သား၊ ရယူ သုံးစွဲနိုင်ကြသည် ဖြစ်စေ။ :D

Share and Enjoy:
  • Digg
  • StumbleUpon
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • TwitThis
  • Pownce
  • Technorati
  • LinkedIn
  • Print this article!
  • E-mail this story to a friend!

9 Responses to “WordPress 2.5 with New Face,Version, Release & New Features”

  1. ဧပရယ် ၁ ရက် အရောက်လာ၏။ နှစ်သစ်ကို စိတ်သစ်နဲ့ ကြိုဆိုကြပါစို့

  2. မုသာဝါဒ စောင့်ထိမ်းနေလို့ မဖူးတော့ဘူး :)

  3. ဂွတ်။ လိုက်ကြည့်လိုက်မယ်။

    သင်ကာ

  4. မရောက်ဖြစ်တာ နည်းနည်း ကြာသွားပြီ။ wordpress အကြောင်း အသစ်တွေ အများကြီး တင်ထားပါလား။ မိုက်တယ်။ reference ကောင်းကောင်းတွေ ရှိနေပြီဆိုတော့ မြန်မာ wordpress လုပ်ဖြစ်ရင်တော့ သိပ်မခက်တော့ဘူး။ keep up!!

    မဖတ်ဖြစ်တာ နည်းနည်း ကြာသွားလို့ navigation မှာ နည်းနည်း ကြောင်သွားတယ်။ အရှေ့ဆုံး စာမျက်နှာကဟာ အရင် ဖတ်တယ်။ ပြီးတော့ ဘယ်နားဆက်သွားရမှန်းမသိလို့ sitemap ကနေ မဖတ်ရသေးတာတွေ ဖတ်လိုက်တယ်။ ဘေးနားက Latest ဆိုတဲ့ section က ဘယ်တော့မှ မပြောင်းသလိုဘဲနော်။ hard code လုပ်ထားတာလား။ ဒါမှမဟုတ် parameter တစ်ခုခု မှားနေတာလားဟင်။ sitemap ကနေ သွားသွားဖတ်ရတာထက် Latest ကနေ နှိပ်လို့ရရင် ပို အဆင်ပြေတယ်လေ။

  5. @yamin- နှစ်သစ်မှာ ပျော်ရွှင်ပါစေ မယမင်းရေ။ :)

    @soehtet!- သာဓုပါအစ်ကိုကြီးရာ။ :)

    @thinker- Post အဟောင်းတွေကို ပြန်အစီအစဉ်တစ်ကျလုပ်တဲ့ နေရာမှာ Bug File တွေပါ နေတယ်လို့ ပြောသံကြားတယ်ဗျာ။ အဲဒါတွေ ရေးမယ်ကြံရင်းနဲ့ပဲ တစ်နေ့တစ်နေ့ အချိန်မရ ဘူးဖြစ်နေတယ်ဗျို့။

    @သဉ္ဖာ- ဟုတ်တယ် မသဉ္ဖာရေ. အရင် ပုံစံက ဖတ်ရပြုရ၊ ရှာရဖွေရ တာနဲနဲ ရှုပ်နေတယ်လို့ ပြောကြလို့. နဲနဲပိုရှင်းသွားအောင် လုပ်ထားလိုက်တာ။ အစဉ်အတိုင်း ဖတ်သွားလိုက်ရုံပါပဲ။ အပေါ်ဆုံးကနေပြီး. အောက် အစဉ်အတိုင်းပဲ။

    Latest Post က ဟုတ်တယ် ဗျာ.။ နောက်ဆုံးပိတ် ပြင်ပြီးကတည်းက Error နည်းနည်းတက်နေတာ. bug တွေပါနေလို့။ ပြန်မရှာဖြစ်သေးဘူး. ။ အပျင်းကြီးနေတာလေ. :P

  6. ကိုမှော်ဆရာရေ
    ကျနော် ဗားရှင်း အသစ်ပြောင်းလိုက်ပြီ။ ဒါပေမယ့် ဘာဖြစ်နေလဲဆိုတော့ Widget တွေကို မရွှေ့တတ်ဖြစ်နေတယ်။ အရင်က ဟိုဘက် ဒီဘက်ဆွဲရွှေ့ရုံပဲ။ အခုဟာက ဘယ်လိုပြောင်းပေးရမှန်း မသိဖြစ်နေတယ်။ သေချာလည်း လိုက်မကလိအားဘူးဗျို့။

    သင်ကာ

  7. @thinker- ကိုသင့်ရေ. အခု Widget Panel က ပိုလွယ်လာတာဗျ အမှန်က။ သဘောတစ်ရားကတော့ ဒီလိုပါ။

    Widget Panel ရဲ့ ညာဘက်က Drop Down Menu မှာ Widget ထည့်လိုတဲ့စာမျက်နှာ. (About, Contact, Sitemap, etc..) ကိုရွေး။ နောက် ဘယ်ဘက်က Drop Down Menu မှာကျတော့ ထည့်လိုတဲ့ Widget အမျိုးအစား( Recent comment, Releated Post, User Online,.. etc.) ကို ရွေး၊ နောက် အဲဒီဘက်မှာပဲ အောက်မှာ ဆက်ရက် ပါတဲ့ “Add” ဆိုတာကို ကလစ် လိုက်ရင် ပြီးပါပြီဗျာ.။

    သူက အရင်ပုံစံလို ဆိုဒ်တစ်ခုလုံးကို ပုံသေ Widget တွေချည်းပဲ မဖြစ်စေပဲ Widget အမျိုးစုံ ကို နေရာ အစုံမှာ သုံးလို့ရအောင် လုပ်ပေးထားတာပါ။ ဒီအောက် က ပုံကို ကြည့်လိုက်ရင် ကိုသင့် လုပ်ရတာပိုလွယ်သွားမယ် ထင်ပါတယ်။ အောင်မြင်ပါစေဗျာ။ :)

    http://i32.tinypic.com/28vbspe.jpg

  8. သူတို့ကတော့ ဟုတ်နေတာပဲ…။ လေးမ မှာတော့ ရှိစုမဲ့စုလေး ပျက်သွားမှားစိုးလို့ ဘာမှ မလုပ်ရဲဘူး…။ :(

  9. @လေးမ - အစ်မကတော့ လုပ်ပြီ.. အစ်ကိုတွေ၊ မောင်တွေ (ကိုသင်ကာတို့၊ ကိုသင်္ကြန်တို့..) ရှိနေတာပဲကို.. လုပ်စမ်းပါ. အဆင်မပြေရင် သူတို့ပြင်ပေးမှာပေါ့. ကျွန်တော်တို့လည်း မနေပါဘူး. :) တတ်သလောက် မှတ်သလောက် ကူညီမှာပေါ့ဗျာ. ဟုတ်တယ်ဟုတ်လား. :D

Leave a Reply

You can use these XHTML tags: <a href="" title=""> <abbr title=""> <acronym title=""> <blockquote cite=""> <code> <em> <strong>