Sneak Peek : FireFox 3 Release Candidate 2 [ Update! ]
Mozilla ရဲ့ မီးမြေခွေး (၃)၊ စမ်းသပ်ဗားရှင်း အမှတ် ( ၁) [FireFox 3RC-1] မီးမြေခွေး (၃)၊ စမ်းသပ်ဗားရှင်း အမှတ် ( ၂) [FireFox 3RC-2]ကို အခု ဒေါင်းလုဒ် လုပ် ပြီး စမ်းသပ် သုံးစွဲနိုင်ပါပြီ။ ယခု တစ်ခေါက် ဗားရှင်းမှာတော့ ယခင် ဗားရှင်း တွေထက် ပိုမိုစိတ်ချရတဲ့ လုံခြုံရေး၊ လွယ်ကူစွာ အသုံးပြုနိုင်မှု၊ သုံးစွဲသူ တစ်ဦးချင်းစီ အတွက် ပိုမို စိတ်ကြိုက် ဖြစ်စေမှု၊ Web Developer တွေ အတွက် ပိုမို အသုံးကျစေမယ့် လုပ်ဆောင်ချက်တွေ ထည့်သွင်း ထားမှု စတာတွေနဲ့ ယခင် ဗားရှင်း အဟောင်းနှင့် ယခု လက်ရှိ Stable Version တွေဖြစ်တဲ့ Firefox 2 တို့ထက် Performance ပိုမို ကောင်းမွန် လာမှု စတာတွေကို Google Mail နှင့် Zoho Office တို့ ကဲ့သို့သော Services တွေမှာ Firefox 2 ထက် (၂) ဆသော အမြန်နှုန်းနဲ့ အလုပ်လုပ်တာကို သိသာစွာ မြင်တွေ့ ရမှာ ဖြစ်တယ်လို့ Mozilla က ဆိုထားပါတယ်။
ဒါ့အပြင် ဒီနေ့ခေတ် Application တွေမှာ အဓိက ထည့်သွင်း စဉ်းစားရမယ့် အချက်တစ်ခုဖြစ်တဲ့ ကွန်ပြူတာရဲ့ Memory Usage ကိုတတ်နိုင်သမျှ အနည်းဆုံး အသုံးပြုမှု ဆိုတာကိုလည်း Firefox 3RC1 မှာ ထည့်သွင်း တွက်ချက်ပြီး အနည်းဆုံး ဖြစ်စေဖို့ စီမံထားကြောင်း ကိုလည်း Mozilla ကပြောသွားပါသေးတယ်။ ( ယခုလက်ရှိ ကျွန်တော့်စက်ထဲက Firefox-2 ကတော့ Memory usage 196887 KB နဲ့ ထိပ်ဆုံးက ဦးဆောင်လျက်ရှိ။
)
ဒေါင်းလုဒ် တပ်စု ရဲ့ အဆိုအရတော့ အခု Release လုပ်လိုက်တဲ့ Firefox 3 RC1 ဟာ ယခင် စမ်းသပ် ဗားရှင်း တစ်ခုဖြစ်တဲ့ Firefox 3 beta 5 နဲ့ အတော့်ကို တူပါသတဲ့။ အောက်ပါ အချက်တွေကတော့ ယခု လက်ရှိ ဗားရှင်းအသစ်ရဲ့ ပြောင်းလဲမှု တွေထဲက အချို့လို့ဆိုပါတယ်။
- Changes to the JavaScript engine and optimizations for web applications like Gmail and Zoho Office
- Improvements to the user interface
- Changes and fixes for bookmark backup and restore, full page zoom, and location bar autocomplete
- Security improvements
ဒီဗားရှင်း ကို စမ်းသပ်သုံးစွဲမယ် ဆိုရင် သိထားဖို့ တစ်ခုကတော့ ဒီဗားရှင်းဟာ Stable Version မဟုတ်သေးပါဘူး၊ Firefox 3 Stable Version အတွက် လိုအပ်ချက် တွေ၊ Bug တွေ၊ ပြီးတော့ အမှားပြင်ဆင်ချက် တွေကို သိရှိနိုင်ရန်အတွက် စမ်းသပ် သုံစွဲကြည့်ပြီး FeedBack ပြန်ပေးဖို့ ဖြန့်ချီတဲ့ ဗားရှင်း သာ ဖြစ်ပါတယ်။
တစ်ကယ်လို့ ဒီဗားရှင်းကို မိမိစက်ထဲမှာ Install လုပ်မယ် ဆိုရင် Mac OS X နှင့် Linux သမားတွေမှာ မိမိရဲ့ စက်ထဲမှာ ယခင်ရှိပြီးဖြစ်တဲ့ Firefox ဗားရှင်း အဟောင်း ဖိုင်ထုပ်ပေါ်မှာ Overwrite လုပ်သွား ပါလိမ့်မယ်။ Windows သမားတွေ အတွက် တော့ New Folder တစ်ခု သပ်သပ်ဆောက်ပြီး Install လုပ်သွားမှာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ မိမိရဲ့ Bookmark တွေ၊ Browsing History တွေကတော့ မပျောက်ပျက်သွားပါဘူး။ အကယ်၍ Firefox 3RC1 ကို မိမိစက်ထဲက Remove လုပ်ချင်တယ်ဆိုရင်လည်း ပုံမှန်အတိုင်းပဲ လုပ်လိုက်လို့ရပါမယ်။ History နှင့် Bookmark တွေကတော့ မူလ အတိုင်းပဲ ကျန်ရစ်ခဲ့ပါလိမ့်မယ်။
စမ်းသပ် သုံးစွဲလိုသူတွေ အနေနဲ့ကတော့ ဒေါင်းလုဒ် စာမျက်နှာကို အရင် မပြေးခင် ဖြန်ချီချက်မှတ်တမ်း စာမျက်နှာ ကို အရင် ဖတ်ကြဖို့ တိုက်တွန်း လိုပါတယ်။
- FireFox 3 RC1 ရဲ့ Release Notes ကို ဖတ်ရှုဖို့အတွက် ဒီကို သွားပါ။
- FireFox 3 RC1 ကို စမ်းသပ်သုံးစွဲ လိုသူတွေ ဒေါင်းလုဒ် လုပ်ဖို့အတွက်တော့ ဒီနေရာကို ကြွပါ။
- FireFox 3 RC1 ရဲ့ Release Notes ကို ဖတ်ရှုဖို့အတွက် ဒီကို သွားပါ။
- FireFox 3 RC1 ကို စမ်းသပ်သုံးစွဲ လိုသူတွေ ဒေါင်းလုဒ် လုပ်ဖို့အတွက်တော့ ဒီနေရာကို ကြွပါ။
Update!!
ကိုသန့်ဇင် လာအပြော ကျွန်တော်လည်း RC 2 Release သတင်း တွေ့တာနဲ့ ဖတ်အပြီး ဒေါင်းလုဒ်လုပ်၊ စမ်းသပ်သုံးစွဲ။ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်သွားပါတယ်။ အမှန်က ကျွန်တော် အရင်သုံးနေတဲ့ FireFox 2 ကို RC1 တုန်းက Overwrite Install လုပ်ကြည့်တဲ့ အချိန်မှာ Plugins တစ်ချို့ သွားငြိနေပုံရပါတယ်။ ကျွန်တော့် Windows Vista မှာ FireFox က ၀ဘ်ပေ့ခ်ျတွေကို အဆုံးသတ် ဖတ်လို့ ရအံ့ဆဲဆဲ အခြေအနေအထိ ဖွင့်လို့ရပါတယ်။ Webpage တစ်ခုလုံး ပွင့်ခါနီး အချိန်ရောက်မှပဲ Error Occurred ဆိုပြီး တက်တက်လာ၊ အော်တိုပဲ ပိတ်ပိတ်သွားပါတယ်။ အဲဒါနဲ့ ကျွန်တော်လည်း ရှိတဲ့ Addon လေးတွေ (Google Toolbar , WebDev Toolbar, Stumbleupon, Delicious Addon, PicLens Addons ) စတာလေးတွေ သုံးမရမှာ စိုးတာနဲ့ပဲ RC 1 ကြီးကို မြင်သာမြင် မကြင်ရဘ၀နဲ့ ထိုင် ကြည့်နေခဲ့ရ ပါတော့တယ်။
ဒီနေ့ RC2 အထွက်ကို တွေ့တော့ ကျွန်တော် အရင်တစ်ခါလိုပဲ ရလိုရငြားဆိုပြီး ဒေါင်းလုဒ်လုပ် Overwrite Install လုပ်ကြည့်ပါတယ်။ မအိုကေပါဘူး..။ အရင်တစ်ခါလိုပဲ ၀ဘ်စာမျက်နှာ တစ်ခုလုံးပွင့်ခါနီးမှာ ပိတ်ပိတ်သွားပါတယ်။ ဒါနဲ့ပဲ မထူးပါဘူး. ဒီလောက်တောင် ဖြစ်လှတာဆိုပြီး FireFox 2 ကို ရှိသမျှ Addon တွေရော၊ Browsing History တွေပါမကျန်၊ Save Passsword တွေအပါအ၀င် Uninstall လုပ်၊ Tuneup နဲ့ Registry File Error တွေကို ရှင်း၊ ပြီးတော့မှ FireFox 3. RC2 ကြီးကို Clean Install လုပ်လိုက်ပါတော့တယ်။ ဒီတစ်ခါတော့ အိုကေသွားသဗျ။ ချောချောမောမောပဲ အဆင်ဆင်ပြေပြေ အသုံးပြုလို့ရသွားပါတယ်။
Startup Page မှာ တက်လာတာတွေကတော့ သာမန်သုံးစွဲသူတွေ အတွက်၊ WebDeveloper တွေ အတွက် နှင့် Developer တွေ အတွက် ဆိုပြီး သုံးမျိုးတွေ့ရပါလိမ့်မယ်။
Addon တစ်ချို့ကတော့ လောလောဆယ် နေမထိထိုင်မသာနဲ့ပဲ လက်လွတ်ထားရပါတယ်။ အဓိကအားဖြင့်တော့ Google Toolbar Addon ပါ။ သူ့ကို ကျွန်တော် အဓိက ကြိုက်ရတဲ့ အကြောင်းအရင်း တစ်ခုကတော့ Website တွေကို Bookmark လုပ်တဲ့ Feature ပါပဲ။ Google Toolbar မှာ ပါတဲ့ Bookmark Feature နဲ့ Bookmark လုပ်ထားခြင်းအားဖြင့် ခင်ဗျားရဲ့ Bookmark တွေဟာ မူလ မီးမြေခွေးမှာပါတဲ့ Bookmark တွေလို ကိုယ့်စက်မှာ၊ ဒါမမဟုတ် ကိုယ့်စက်မဟုတ်တဲ့ စက်တစ်ခုကို သုံးစွဲနေတုန်းမှာ ကိုယ်ပြန်ရှာချင်တဲ့ ကိုယ်မှတ်သားထားတဲ့ ဆိုဒ်တွေကို အလွယ်တစ်ကူ ပြန်ရှာမရဖြစ်တတ်တဲ့ ဒုက္ခက လွတ်ကင်းစေပါတယ်။ ဘာလို့လည်း ဆိုတော့ Google Toolbar ကတစ်ဆင့်မှတ်တဲ့ Bookmark တွေကို မိမိ ရဲ့ Google Acoount ထဲမှာ၊ အွန်လိုင်းပေါ်မှာ သွားမှတ်ထားတာ ဖြစ်လို့ပါပဲ။ အဲဒီတော့ ဘယ်နေရာရောက်ရောက်၊ ဘယ်မှာပဲ အင်တာနက်သုံးသုံး၊ Google Toolbar လေးကို Download လုပ်ပြီးသကာလ မိမိ Bookmark တွေမှတ်သားထားတဲ့ Google Acoount နဲ့ Toolbar ညာဘက်အစွန်ဆုံးက Sign in ကိုဝင်ပြီး အသုံးပြုလိုက်မယ် ဆိုရင်ပဲ ပြဿနာတွေ တော်တော်များများ ပြေလည်သွားပါပြီ။
တစ်ကယ်လည်း Bookmark Folder ဆိုတာ အင်တာနက် လောကရဲ့ ရတနာ တစ်ပါးပဲ မဟုတ်ဘူးလားဗျာ။ ဒီ Toolbar လေးရှိတော့ ကိုယ်သွားလေရာကို ကိုယ့်ရတနာတွေ သယ်သယ်သွားနေစရာ မလိုတော့ဘူးပေါ့ဗျာ.. မေ့ကျန်ခဲ့မှာလည်း မစိုးရိမ်ရတော့ဘူးပေါ့..
အခု. FireFox RC 2 မှာတော့ အဲဒီ ရတနာထုပ်ကို သိမ်းပေးမယ့် Google Toolbar က သုံးမရပါဘူးတဲ့ ခင်ဗျား။
ဘယ်လိုမှ ကြိုးစားလို့ကို မရခြင်းဖြစ်ပါတယ်။ ဒါနဲ့ ကျန်တဲ့ သိပ်မသုံးဖြစ်တဲ့ Stumbleupon နှင့် Delicious ကို ခြေဦးလှည့်မိတော့ SU ကြီးကတော့ အိုကေပါတယ်။ Delicious က မအိုကေပြန်ပါဘူး။
နောက်ထပ် မဖြစ်မနေ ကျွန်တော် သုံးရတဲ့ Addon တစ်ခုကတော့ WebDeveloper Toolbar ပါ။ အဲဒီကောင်လည်း ကျွန်တော့်ဆီမှာတော့ ဘာ ဟက်၊ ညာဟက်တွေ လုပ်စရာမလိုပဲ အင်စတောလ် လုပ်လို့ အောင်မြင်သွားပါတယ်။ ဒါနဲ့ပဲ လောလောဆယ်တော့ FireFox 3 RC2 ကို နှစ်ပါးသွားက ကြည့်ပါဦးမယ်။
UI နဲ့ ပါဝါ ကတော့ အရင် Firefox 2 ထက် အများကြီး ပိုကောင်းလာတယ်ဆိုတာ သေချာပါတယ်။ Speed ကလည်း အတော့်ကို မြန်လာပါတယ်။ စမ်းချင်၊ သပ်ချင်တဲ့သူတွေ ကတော့ အပေါ်က အပ်ဒိတ်လုပ်ထားတဲ့ လင့်ခ်မှာပဲ သွားရောက် ဒေါင်းလုဒ် လုပ် သုံးစွဲတော်မူကြပါလို့..
![]()
Via: Download Squad
Update News Via : gHacks Tech News

















Jun 5th, 2008 at 4:50 pm
RC2 released နော်။
Jun 5th, 2008 at 7:06 pm
@mgthantzin - ဟုတ်တယ်ဗျ. ကျွန်တော်လည်း အခုပဲ ဒေါင်းလုဒ်လုပ်ပြီး စမ်းသုံးကြည့်နေပြီ.ပို့စ်ပါ အပ်ဒိတ်လုပ်လိုက်ပြီဗျာ.
Jun 21st, 2008 at 1:38 pm
[...] ကြိုက်ရတယ် ဆိုတာကို ကျွန်တော် Firefox 3 RC 1,2 ဆောင်းပါး တုန်းက ရေးသားခဲ့ပြီးပါပြီ။ အခု [...]