What is Professional Blogging and How to? [ 1 ]

အင်တာနက် ကမ္ဘာဦး၊ ကွန်ယက် စာမျက်နှာများ ၏ မူလ နှင့် ၀ဘ်ဘလော့ဂ်တို့ သမိုင်း

Description of Internet Connecting

၁၉၉၁ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့၊ CERN အဖွဲ့ကြီးကနေ ပြင်သစ်နှင့် ဆွစ်ဇာလန် နှစ်နိုင်ကြား နယ်စပ် တစ်နေရာမှာ World Wide Web အမည်ရတဲ့ ကမ္ဘာလုံး ဆိုင်ရာ ကွန်ပြူတာများ အချင်းချင်း ကွန်ယက် သဖွယ် ချိတ်ဆက် အသုံးပြုနိုင်သော Project တစ်ခုကို၊ အင်္ဂလိပ်လူမျိုး ပညာရှင် Tim Berners-Lee ရဲ့ ကမ္ဘာ့ပထမဆုံး World Wide Web စာမျက်နှာ တစ်ခုနှင့် အတူ လူထုထံ စတင် မိတ်ဆက် ခဲ့ပြီးနောက် ၁၉၈၅ ခုနှစ်မှာ National Science Foundation (United State) ကောင်းမှုနဲ့ စတင် သန္ဓေတည်ခဲ့တဲ့ TCP/IP သုံး ကွန်ယက် စနစ် ဟာ Internet ဆိုသော ကမ္ဘာလုံးဆိုင်ရာ ကွန်ယက် စနစ်ကြီးတစ်ခု အဖြစ် မည်သူမဆို ၀င်ရောက် ချိတ်ဆက် အသုံးပြုနိုင်သော၊ သတင်းစာ၊ ရုပ်မြင်သံကြားနှင့် ရေဒီယိုတို့ ပြီးနောက် စတုတ္ထမြောက် သတင်းနှင့် ပြန်ကြားရေး နည်းပညာ ရပ်ဝန်း တစ်ခုအဖြစ် ထွက်ပေါ်လာခဲ့ပြီး ယနေ့ခေတ် အခါမှာတော့ အလွန်အမင်း လျင်မြန်စွာ ပေါက်ကွဲ ကြီးထွား လျက်ရှိသော ကွန်ယက်ကြီး တစ်ခု အဖြစ် သာမကပဲ ကွန်ပြူတာများ၊ Mobile Devices များမှာပါ ၀င်ရောက် ချိတ်ဆက် အသုံးပြု နိုင်သော မရှိမဖြစ် ဆက်သွယ်ရေး ကြားခံနယ် တစ်ခု ဖြစ်လာပါတယ်။

World Internet Users Latest Graphic

Internet World Stats ရဲ့ ၂၀၀၈ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှာ ကောက်ယူ ခဲ့တဲ့ စစ်တမ်း တစ်ရပ်အရ ယနေ့ အင်တာနက် ကမ္ဘာမှာ အသုံးပြုသူ ဦးရေ ၁.၄၀၇ ဘီလီယံ ရှိသွားပြီ လို့ဆိုပါတယ်။

အင်တာနက် ခေတ်ဦးကာလက အဓိက အားဖြင့် Research Center ကြီးများနှင့် အစိုးရ အဖွဲ့အစည်း တွေမှာ ဒေတာတွေ၊ သတင်းအချက် အလက်တွေကို တစ်နေရာမှ တစ်နေရာကို လွယ်ကူစွာ လွဲပြောင်း ပေးနိုင်သော ကြားခံ ဆက်သွယ်ရေး ပစ္စည်းတစ်ခု အဖြစ် အသုံးချ ရန်သာ ရည်ရွယ်ခဲ့ကြတာ ဖြစ်ပါတယ်။ World Wide Web ပေါ်လာပြီးတဲ့ နောက် အင်တာနက် ဟာ ဒေတာတွေကို လွဲပြောင်းရေး အတွက်သာ မကတော့ ပဲ သတင်းနှင့် ပြန်ကြားရေး ပစ္စည်းတစ်ခု အဖြစ်ပါ စတင် အသုံးချလာခဲ့ကြပါတယ်။ ကွန်ယက် စာမျက်နှာ တွေ (Web Sites) ကို အစဦးကလက အစိုးရတွေ၊ အဖွဲ့အစည်းတွေ၊ သုတေသန ဌာနတွေရဲ့ ထုတ်ပြန်ချက်၊ သတင်းနှင့် လုပ်ဆောင်မှု စတာတွေကို ဖြန့်ချီဖို့ စတင် အသုံးပြု ခဲ့ကြပြီး နောက်ပိုင်းမှာ ကော်ပိုရေးရှင်း ကြီးတွေ၊ စီးပွားရေး ကုမ္ပဏီကြီးတွေ ကပါ သူတို့ရဲ့ ထုတ်ကုန် ပစ္စည်းတွေကို အရောင်းမြှင့်တင်ဖို့၊ ကုမ္ပဏီရဲ့ မူဝါဒတွေ၊ စည်းမျဉ်း စည်းကမ်း တွေကို သတင်းပြန်ကြားဖို့ စတာတွေ အတွက် အသုံးပြုလာ ကြပါတယ်။

နောက်တစ်ဆင့် အနေနဲ့ ကွန်ယက် စာမျက်နှာတွေကို ကိုယ်ရေးကိုယ်တာ ဆိုင်ရာအတွက် သီးသန့် အသုံးပြု လာကြသူ တွေကတော့ နယ်ပယ် အသီးသီးက နာမည်ကြီး ကျော်ကြားသူ များ ဖြစ်ကြပါတယ်။ သူတို့ရဲ့ ပရိတ်သတ်တွေ၊ အားပေးသူ တွေကို သူတို့ လက်ရှိမှာ ဘာတွေ လုပ်နေတယ် ဆိုတာတွေ ကို သတင်းပေးဖို့၊ ပရိတ်သတ်တွေရဲ့ ရင်းနှီးမှုအားပေးမှု စတာတွေကို ပိုမိုဆွဲဆောင်နိုင် ဖို့အတွက် Personal ဆိုင်ရာ စာမျက်နှာများ အဖြစ် စတင် အသုံးချလာ ကြတာ ဖြစ်ပါတယ်။ ယနေ့ခေတ် အခါမှာတော့ Social Networking ဆိုင်ရာ စာမျက်နှာ တွေမှာ လူတိုင်း မိမိ ဘယ်သူဆိုတာ၊ ဘာလုပ်တယ် ဆိုတာ စတဲ့ ကိုယ်ရေးကိုယ်တာ ဆိုင်ရာ ဒေတာတွေ ကို အခမဲ့ ဖော်ပြနိုင်ရုံမျှမက အဲဒီ ကွန်ယက် စာမျက်နှာ တွေက တစ်ဆင့် မိမိနှင့် စိတ်တူ၊ ၀ါသနာ တူသူတွေ အချင်းချင်း ပညာရပ်ဆိုင်ရာ၊ စိတ်ကူး စိတ်သန်း တွေကို လွတ်လပ်စွာ ဆွေးနွေး ဖလှယ်ပြီး မိတ်ဆွေဖွဲ့နိုင်ကြပါပြီ။

Logos of Blogging Softwares

ဘလော့ဂ် (Blog -အရှည်အားဖြင့် Web Log) ၊ တြိယာ ပုဒ်အားဖြင့် ပြုပြင်ထိန်းသိမ်းသည် (သို့) အကြောင်း အရာများကို ထပ်ပေါင်းသည် လို့ အမည်ရတဲ့ ကွန်ယက် စာမျက်နှာ အမျိုးအစား တစ်မျိုးကို အင်တာနက် တစ်ခွင်လုံးဆိုင်ရာ လွတ်လပ်သော အဘိဓာန် မှာအောက်ပါအတိုင်း အဓိပ္ပါယ် ဖွင့်ထားပါတယ်။

A blog (an abridgment of the term web log) is a website, usually maintained by an individual, with regular entries of commentary, descriptions of events, or other material such as graphics or video. Entries are commonly displayed in reverse chronological order.

ဘလော့ဂ်တစ်ခု ( Web Log ၏ အတိုကောက် အသုံးအနှုန်း) ဆိုသည်မှာ ကွန်ယက် စာမျက်နှာတစ်ခု ပင်ဖြစ်ပြီး အဖြစ်အပျက် များ၏ ရှင်းလင်းချက်များ သို့မဟုတ် ရုပ်ပုံ ဖော်ပြချက်များ နှင့် ရုပ်သံဆိုင်ရာ ပစ္စည်းများပါဝင်ကာ တစ်ဦးချင်းသော် လည်းကောင်း၊ တစ်ဦးထက်ပိုသော ပုံမှန် အဖွဲ့ဝင်များပါဝင်သည့် အဖွဲ့ တစ်ခုခု မှ သော်လည်းကောင်း ပြုပြင် ထိန်းမှုပုံမှန် ပြုလုပ်သည်။ ၎င်းတွင် ဖော်ပြ ထားသမျှသော အရာအားလုံးတို့အား များသောအားဖြင့် နှစ်ကာလ အစီအစဉ်လိုက် ပြောင်းပြန် အားဖြင့် ဖော်ပြထားလေ့ရှိသည်။

အပေါ်က စကားစုတွေ ကတော့ ယခင့်ယခင် ဘလော်ဂါ အစဉ်အဆက်ရော၊ ဒီနေ့ ခေတ် တော်တော် များများ သော ဘလော်ဂါတွေ ပါ သိကြတဲ့ ဘလော့ဂ် ဆိုင်ရာ အဓိပ္ပါယ် သတ်မှတ်ချက် တစ်ခုဖြစ်ပါတယ်။ ယနေ့ နောက်ဆုံးပေါ် ဘလော့ဂ် အတွက် အဓိပ္ပါယ် သတ်မှတ်ချက် အသစ်ကတော့ Better Listing On Google ပါတဲ့။ Digital Inspiration ရဲ့ အလိုအရဖြစ်ပါတယ်။

New Defination of Blog

ဒီနေရာမှာ မှတ်သားဖွယ် တစ်ခုကတော့ “weblog” ဆိုတဲ့ စကားလုံးကို Jorn Barger ဆိုတဲ့ ပုဂ္ဂိုလ်က ဒီဇင်ဘာ ၁၇ ရက်နေ့၊ ၁၉၉၇ ခုနှစ်မှာ စတင်တီထွင် သုံးစွဲခဲ့ပြီး “blog” ဆိုတဲ့ အသုံးအနှုံးကိုတော့ Peter Merholz ဆိုသူက သူ့ ဘလော့ဂ် ရဲ့ ဆိုဒ်ဘားမှာ “we blog” ဆိုတဲ့ အသုံးအနှုန်း တစ်ခုကို ၁၉၉၉ ခုနှစ်ရဲ့ မေ လ နှင့် ဧပြီလ တစ်ခုခုမှာ စတင် ဖော်ပြခြင်း ကနေ အစပြုခဲ့တယ် လို့ဆိုပါတယ်။

Blog တွေရဲ့ မူလ အစမှာတုန်းက ဒီဂျစ်တယ် အဖွဲ့အစည်း တွေ အနေနဲ့ လူတစ်ဦးနှင့်တစ်ဦး မိမိကိုယ်ကို လျင်လျင်မြန်မြန် ဖော်ပြဖို့ အတွက်ရော၊ ဆက်ဆံဆွေးနွေးခြင်း လျင်မြန်လွယ်ကူ ဖို့အတွက်ပါ Bulletin Board Systems တွေ၊ e-mail lists တွေနှင့် Internet forum ကဲ့သို့သော ပုံသဏ္ဍာန် အမျိုးမျိုးကို စမ်းသပ် သုံးစွဲခဲ့ကြပါတယ်။

တစ်ကယ်တန်း မော်ဒန် ဘလော့ဂ်တွေရဲ့ စတင် မွေးဖွားရာ ကတော့ online diary တွေက စတယ် လို့ပြောရမှာပါပဲ။ ဒီ အွန်လိုင်း နေ့စဉ်မှတ်တမ်း ကို အဲဒီခေတ်ကာလ (၁၉၉၄ ၀န်းကျင်) က များသောအားဖြင့် ဂျာနယ်လဇ် တွေ၊ သတင်းထောက်တွေ စသူတို့ ပဲရေးကြတာပါ။ Justin Hall တို့ကဲ့သို့သော ပုဂ္ဂိုလ် မျိုးတွေပါ။ ကျောင်းသား ဘ၀ ၁၉၉၄ ခုနှစ်မှ စတင်ကာ Blog စရေးခဲ့သူ ဖြစ်တဲ့ အတွက် ဘလော့ဂ် လောကရဲ့ ကနဦး ဘလော်ဂါများ စာရင်းမှာ လည်းပါဝင် သူတစ်ဦး ဖြစ်ပါတယ်။

အဲဒီကနေစလို့ နောက်ပိုင်း ကာလများမှာတော့ WordPress, Movable Type, Blogger နှင့် LiveJournal တို့ကဲ့သို့သော Blogging Software တွေကို လူအများ လွတ်လပ်လွယ်ကူ စွာ သုံးစွဲနိုင်လာကြပြီး သကာလမှာ အင်တာနက် လောကထဲ Blog ဆိုသော စကားလုံးက ရေပန်း အစားဆုံး စကားလုံး စာရင်းဝင်လာပါတော့တယ်။

Blog လောကကြီး ပိုမို ကြီးထွား လာစေဖို့ Blogging Community ကြီးတွေရဲ့ အသီးသီး မွေးဖွားမှု မှတ်တမ်း သမိုင်းကို ကြည့်မယ် ဆိုရင် ဒီလိုတွေ့ရမှာပါ။

  • Open Diary - ၁၉၉၈ ခုနှစ်၊ အောက်တိုဘာ လမှာ စတင် ဖွင့်လှစ်ခဲ့ပြီး မကြာခင် ကာလအတွင်း မှာပဲ အွန်လိုင်း ဒိုင်ယာရီ ရေးသားသူ အရေအတွက် ထောင်ပေါင်း များစွာ အထိရောက်ရှိခဲ့ပါတယ်။
  • Brad Fitzpatrick - ဘလော်ဂါ တွေရဲ့ အစလို့ လူသိများတဲ့ LiveJournal က ၁၉၉၉ ခုနှစ်၊ မတ်လမှာ စတင်ခဲ့တာပါ။
  • Blogger.com - Evan Williams နှင့် Meg Hourihan တို့ နှစ်ဦး ၁၉၉၉ ခုနှစ်၊ သြဂုတ်လ မှာ စတင် တည်ထောင်ခဲ့ပြီး Google က ဖေဖော်ဝါရီ ၂၀၀၃ မှာ ကုမ္ပဏီ တစ်ခုလုံး ကို ပြန်လည် ၀ယ်ယူ ခဲ့ပါတယ်။

ဆက်ပါဦးမည်.

ရည်ညွှန်းကိုးကား

၁။ Wikipedia ( Internet, Website, Blog )

၂။ World Wide Web Consortium

၃။ Digital Inspiration

Share and Enjoy:
  • Digg
  • StumbleUpon
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • TwitThis
  • Pownce
  • Technorati
  • LinkedIn
  • Print this article!
  • E-mail this story to a friend!

28 Responses to “What is Professional Blogging and How to? [ 1 ]”

  1. ကွန်ပျူတာနည်းပညာနဲ့ ပတ်သက်တဲ့ ဆောင်းပါးမှန်သမျှ ဖတ်တဲ့အပြင် အကျိုးရှိတယ်ဆိုရင် Copy ကူးပြီး၊ Print ထုတ်ပြီး စာအုပ်လေးတွေချုပ်ထားလိုက်ပါတယ်။ သူငယ်ချင်းတွေ၊ နောင်လာနောက်သား တွေအတွက် အကျိုးရှိစေချင်လို့ပါ။ ဗဟုသုတရစေချင်လို့ပါ။ ဒီဘလော့ဂ်လို နည်းပညာတွင် တင်ထားတဲ့အတွက် အမြဲရောက်ခဲ့ပြီး အမြဲလေ့လာပါတယ်။ ကိုယ်မလုပ်နိုင်ရင်တောင်မှ သူများလုပ်ပြီးသားတွေကို ခံစားရယူပါတယ်။ အားပေးပါတယ်။ ဒီ Blog သမိုင်းဆောင်းပါးကိုလည်း ပြီးတဲ့အထိ အားပေးနေပါတယ်။
    ကျေးဇူတင်ပါတယ်။ ……

  2. blog ရဲ့ အဓိပ်ပယ် အစ်ကိုပြောမှပဲ သိတော့တယ်။ really! thanks bro… Fighting!

  3. Good ! :D

  4. @WinZaw - လာလည်၊ ဖတ်ရှု၊ အားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ကိုဝင်းဇော်ရေ။ တစ်ယောက် ယောက် အတွက် အကျိုးရှိတာ သိရတော့ ၀မ်းလည်း သာမိပါတယ်ခင်ဗျာ။
    ____________
    @ayechanthu - ကိုယ်လည်း ဒီဆောင်းပါး ရေးဖို့ရှာမှပဲ. မှတ်မှတ်သားသားဖြစ်သွားတယ်။:P
    _________________
    @စိုးထက်- Soe Htet! - ကျေးဇူး အစ်ကိုကြီး. :)

  5. ရေးသာရေးနေတာ Blog အကြောင်း မသိဘူးဗျို့။
    အခုမှ… အခုမှ…. ဟီ…ဟိ သိတာဗျ။
    မျှဝေတာကျေးဇူးဗျ။
    Thank u ,မှော်ဆရာ ….

  6. အခုမှပဲ ကိုယ်စီးတဲ့မြင်းကို အထီးမှန်းအစ်မမှန်း သိစပြုတော့တယ်..။ ဇူးဇူး..။

  7. အခုမှပဲ ကိုယ်စီးတဲ့မြင်းကို အထီးမှန်းအမမှန်း သိစပြုတော့တယ်..။ ဇူးဇူး..။

  8. ခုမှပဲ blog ရဲ့သမိုင်းကြောင်းကို သိတော့တယ်။
    ဆက်ပါဦး…။

  9. @လေးမ - လာလည် ဖတ်ရှုဝေဖန်ပေးလို့ ကျေးဇူးပါခင်ဗျာ။ :)
    ____________

    @tutu - မမြင်တာကြာပေါ့ဗျာ။ လာလည်လို့ ကျေးဇူးပါ။ ဆက်ရေးဖို့ ကြိုးစားနေပါတယ်ခင်ဗျား။

  10. ဘလော့ကို သိတာလည်းကြားပြီး ရေးတာလည်း ကြာပြီး ဒါပေမယ့် ဘာမှမသိဘူး :P အခုမှပဲ သေသေချာချာ သိတော့တယ် ဒီပို့ စ်အတွက်ကျေးဇူးပါ ။

  11. @မောင်မျိုး - ဟုတ်ကဲ့ဗျာ. အကျိုးရှိတာသိရလို့ ၀မ်းသာပါတယ်ခင်ဗျာ။ လာအားပေးလို့ ကျေးဇူးပါ ကိုမောင်မျိုးရေ. :)

  12. Interesting…. May be many people from Burma in Asia Naw :) Just kidding bar.. According to UN, only 1 out of 1000 can use Internet in Burma.
    I think almost all Japaneses youths have at least a blog. Most of my Japaneses friends have blogs. Technology is very favor them to do so. We gotta work harder naw Maw Sayar yay…

  13. ကျွန်တော်ကတော့ Blog ကို ဒီလိုဖွင့်တယ်ဗျာ
    BLOG = Boys Like Outstanding Girls!

    ဘာပဲဖြစ်ဖြစ် တော်တော်ဗဟုသုတရတဲ့ ဆောင်းပါးပဲဗျာ။ နောက်လည်း ဒါမျိုးလေးတွေ ရေးပါဗျ။

  14. မှတ်သားရပါတယ်
    အခုလို ဗဟုတုသပို့ကို မျှဝေပေးလို့ ကျေးဇူး ကိုမှော်ဆရာ

  15. reader ကနေဘဲ ဖတ်တော့ template theme ပြောင်းထားတာ အခုမှ သတိထားမိတယ်။ တန်းပလိတ်ကို ကြိုက်တယ်:)

  16. @Apprenticeship - အမှန်ပဲဗျာ. ကျွန်တော်တို့ အများကြီး(တစ်ကယ့်ကို အများကြီးပါ) ကြိုးစားကြဖို့ လိုတာ သေချာတာပေါ့ဗျာ။ လာလည် ဖတ်ရှုဝေဖန်ပေးလို့ ကျေးဇူးပါခင်ဗျာ။ :)
    ____________________
    @ဟန်သစ်ငြိမ် - ကိုဟန်သစ်ရဲ့ ခက်ဆစ် ဖွင့်ဆိုချက်က ပိုလန်းသွားပြီ။ :P (ဟားဟား. အမှန်တွေ ပြောနေတယ်)
    ဆက်ရေးဖို့ ပြင်နေတယ်ဗျ.. ဒီဆောင်းပါးကို။ ဒေတာတွေ နည်းနည်းလိုနေသေးလို့..
    ____________________
    @နှင်းပွင့်ဖြူလေး - ကျေးဇူးပါဗျို့. လာလည် ဖတ်ရှုဝေဖန်ပေးလို့။ :)
    ____________________
    @သဉ္ဖာ - ဟုတ်ကဲ့ မသဉ္ဖာရေ၊ ပြောင်းမလို့ ကြံစည်ရင်း ကြံစည်ရင်းနဲ့ပဲ နောက်ဆုံး ပြောင်းဖြစ်သွားတယ် ဆိုပါတော့ဗျာ။ :)

  17. ကိုမှော်ဆရာရဲ့ ဆိုဒ် နာမည်ပြောင်းသွားပြီနော်။ ဘယ်တုန်းကတည်းက ပြောင်းသွားလဲတော့ မသိဘူး၊ ဒီနေ့မှ အော်တို ပြောင်းသွားတာကို သတိထား ကြည့်လိုက်မိတယ်။
    mbl0gger.net ဖြစ်သွားပြီပေါ့။

  18. @ayechanthu - ဟုတ်တယ် ညီမရေ။ ဒီတစ်ရက်၊ နှစ်ရက် အတွင်းကပဲ ကိုယ်ပြောင်း လိုက်တာပါ။ ကိုယ်တို့ အရင်သုံးနေတဲ့ လိပ်စာက သိပ်အဆင်မပြေတော့လို့လေ။ :) လာလည်သွားလို့ ကျေးဇူးပါ။

  19. အခုမှသေချာကြည့်မိတယ်… mbl0gger.net ဖြစ်သွားပြီ။
    Cheer!!!
    Bro.. Go On!!

  20. ဆရာမှော်ရေ

    ပြန်ရောက်ပါပြီဗျာ

    ပြီးမှ post တွေ သေချာလညမွှေဦးမယ်

    သင်ကာ

  21. လာလည်သွားတယ် အစ်ကိုရေ။ မရောက်တာတောင်ကြာပေါ့။ အစ်ကိုရေးထားတာ ဗဟုသုတရတယ်။ တော်တော်လေး အချိန်ကုန်ခံပြီးရေးထားတာပဲ။ မျှဝေပေးတာ ကျေးဇူးနော်။ :)

  22. ကျွန်တော်လည်း reader ကပဲ ဖတ်နေတာနဲ့ template ပြောင်းတာရယ် domain ၀ယ်လိုက်တာကို မသိလိုက်ဘူး အကိုရေ။ အခုမှ သိတယ်။

  23. @DAnFadeR - လာလည်သွားလို့ ကျေးဇူးပါ ကိုရင်ရေ။ အားလုံးအတွက်ပေါ့။ (ခင်ဗျား ရော မရေးတော့ဘူးလားဗျ။ ခင်ဗျား မရှိတော့ တစ်အားလျော့တာပေါ့ဗျာ။
    _________________________
    @winkabar - လာလည်သွားတာ ကျေးဇူးညီမရေ။ အားလုံး အဆင်ပြေပါစေဗျာ.
    _________________________

    @Htoo Tay Zar - Warmly Welcom! ပါညီ။ အားလုံး အသစ်နဲ့ ညီ့ကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်ဗျာ။

  24. @Thinker - ကိုသင့်ကြီး ကောမန့် ကို Akismet က အော်တို Spam Folder ထဲ ထည့်လိုက်လို့ဗျ. တော်သေးတာပေါ့ဗျာ ဒီနေ့မှ တွေ့တယ်. Spam Folder ကိုစစ်ရင်းနှင့်မှ တွေ့လို့ ပြန် Recover လုပ်လိုက်ရတယ်ဗျို့. :D
    အလည်လာသွားလို့ ကျေးဇူးပါခင်ဗျာ။

  25. [...] စတုတ္ထနေရာမှာပါ။ (Apprenticeship ပြောခဲ့တဲ့ မှတ်ချက်တစ်ခု နဲ့လည်း [...]

  26. [...] ခြေဦး လှည့်ဖြစ်နေသည်။ ရေးသားနေသော What is Professional Blogging and How to Series ဆောင်းပါးကလည်း အဆုံး [...]

  27. ကိုမှော်ကြီး———-ရေ
    ကျွှန်တော်ကတော့ စာတိုပေစလေးတွေကို copy right အရမ်းဝါသနာပါတာဗျ
    အဲဒါကြောင့် အခုလည်းကော်မီသရိုက်လိုက်တယ်နော်

  28. @ heinkomon - အကျိုးရှိတယ်ဆိုလို့ ၀မ်းသာပါတယ်ဗျာ. Creative Common License နဲ့ အညီ. အဆင်ပြေသလို ကူးယူသုံးစွဲနိုင်ပါကြောင်း. :)

Leave a Reply

You can use these XHTML tags: <a href="" title=""> <abbr title=""> <acronym title=""> <blockquote cite=""> <code> <em> <strong>