Mbl0gger to New Domain and New Host!

Moving Mbl0gger to new domain and server.ကျွန်တော့် ဘလော့ဂ်ကို စာဖတ်သူတွေ ဖတ်ရှုရာမှာ ပိုမိုလွယ်ကူ စေရန် အတွက် သော်လည်းကောင်း၊ ရံဖန်ရံခါ မပြောမဆို လည်း ဒေါင်း၊ ပြောပြောဆိုဆို လည်း ဒေါင်း တတ်သည့် Byethost Free Host ၏ သင်ခန်းစာ ပေးမှုများမှ ပြီးဆုံးခြင်း ဟူသော အဓိပ္ပာယ် ဆောင်သော အားဖြင့် လည်းကောင်း၊ Myanmar Blogging Community အတွက် ပိုမို အကျိုးရှိစေမည့် အရာများအား ဆောင်ရွက်လိုခြင်း စသော ဆန္ဒများဖြင့် လည်းကောင်း ကိုယ်ပိုင် ဒိုမိန်း တစ်ခုကို ၀ယ်ယူပြီး သကာလ ယခင် WordPress Myanmar.Com အသုံးပြုထားသည့် ကိုယ်ပိုင် ဆာဗာ ပေါ်သို့ပြောင်းရွှေ့ပြီး ဖြစ်ကြောင်း စာဖတ်သူ လူကြီးမင်း အပေါင်းတို့အား အသိပေး အပ်ပါသည် ခင်ဗျား။

အမှန်တော့ ထိုအပြောင်း အရွှေ့ကို မေလ ၂၈ ရက်နေ့ညကတည်းက စတင်နေခဲ့ခြင်း ဖြစ်ပြီး ၂၉ -ရက်နေ့ ပြောင်းရွှေ့ပြီးချိန်မှာ အကြောင်းကြောင်း ကြောင့် ဘလော့ဂ် မှာ ပို့စ်တင်ရန် အချိန်မရ ဖြစ်နေခဲ့ခြင်း ဖြစ်ပါတယ်။ ကျွန်တော့် Twitter နှင့် Facebook မှ မိတ်ဆွေများ၊ သူငယ်ချင်းများ ကတော့ Facebook နှင့် Twitter တို့ရဲ့ ကျေးဇူးနှင့် ထိုနေ့ကတည်းက သိရှိကြပါ လိမ့်မယ်။

မည်သို့ပင်ဖြစ်ပါစေ.. ကျွန်တော်နှင့် တကွ ဤဘလော့ဂ်အား ယခု အခြေအနေ ရောက်လာအောင် ပံ့ပိုးပေးခဲ့ကြတဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအားလုံး တို့နှင့် တကွ လေ့ကျင့်ခန်းများ အားလုံးအား အခမဲ့ ကောင်းကောင်းဆင်းခွင့် ပေးခဲ့သော ကျေးဇူးရှင် Free Hosting Byethost ကြီးတို့အားလုံး၊ နောက် စာတစ်ပုဒ်ရေးပြီးတိုင်း နောက်တစ်ပုဒ် ရေးချင်စိတ် ဖြစ်ပေါ်အောင် အဓိက တိုက်တွန်း အားပေးခဲ့ကြတဲ့ ယခု စာဖတ်နေသော လူကြီးမင်း အပါအ၀င် ကျွန်တော်ဘလော့ဂ်သို့ လာရောက် လည်ပတ် ဖတ်ရှု၊ ဝေဖန်၊ ချီးမြှင့် အကြံပေး၊ မှတ်ချက်များရေး သွား ကြကုန်သော၊ Reader များမှ တဆင့်လည်း မှာယူ ဖတ်ရှု နေကြကုန်သော ဘလော်ဂါမိတ်ဆွေ ရောင်းရင်း အားလုံးတို့အား အလေးအနက် ကျေးဇူးတင် ပါကြောင်း အထူး လှိုက်လှဲစွာ ပြောလိုက်ပါရစေ ခင်ဗျား။ :)

ဘလော့ဂ်နှင့် သက်ဆိုင်သည့် အချက်အလက်များ

PS: Reader က ဖတ်နေသူတွေ အတွက်ကတော့ အရင်အတိုင်းပဲ အခက်အခဲမရှိ ဖတ်ရှု နိုင်ပါလိမ့်မယ် ခင်ဗျာ။ ကျွန်တော့် Feedburner Acoount ကိုပြောင်းမထားပါဘူး။ RSS Feed Address လေးပဲ ပြောင်းလိုက်တာ ဖြစ်တဲ့ အတွက် Reader မှာ ယခင် အတိုင်းပဲ ပုံမှန် အလုပ်လုပ်နေမှာ ဖြစ်ပါကြောင်း။

Share and Enjoy:
  • Digg
  • StumbleUpon
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • TwitThis
  • Pownce
  • Technorati
  • LinkedIn
  • Print this article!
  • E-mail this story to a friend!

20 Responses to “Mbl0gger to New Domain and New Host!”

  1. သင်ဆရာ၊ မြင်ဆရာ၊ကြားဆရာများအားလုံး တို့နှင့် တကွ လေ့ကျင့်ခန်းများ အားလုံးအား အခမဲ့ ကောင်းကောင်းဆင်းခွင့် ပေးခဲ့သော ကျေးဇူးရှင် Free Hosting Byethost ကြီးတို့အားလုံး…
    ———-
    :)
ွှအဲဒီစာသားလေးကိုကြိုက်တယ်ဗျာ ..

  2. new host ဆိုလို့ ၀မ်းသားအားရဖတ်လိုက်တာ…။ သူက ၀ယ်လိုက်တာကိုး..။ သမီးတို့ကတော့ ပိုက်ပိုက် မရှိလို့ အလကားရတဲ့ဟာကိုပဲ သည်းခံရတော့မယ်..။ :(

  3. မှော်ဆရာကြီး ကျွန်တော့်ဆီက Link ပြောင်းစရာတော့ မလိုဖူး မဟုတ်လား။
    နဂို link အတိုင်းထားရင်ရောက်တယ်ဟုတ်???????????????

  4. အခမဲ့ ကောင်းကောင်းဆင်းခွင့် ပေးခဲ့သော ကျေးဇူးရှင် Free Hosting Byethost ကြီးဆိုတော့ သူ့ ကိုကျေးဇူးတင်တဲ့အနေနဲ့  ဘီယာတိုက်စရာမလိုတော့ဘူးပေါ့ ;)

  5. @DAnFadeR - ဗျို့ ကိုရင် စောစောစီးစီး လာအားပေး သွားတာ ကျေးဇူးခင်ဗျ။ :)
    ______________________________
    @လေးမ - ဟုတ်ကဲ့.. အစ်မ.. ကျွန်တော်လဲ ပိုက်ပိုက်မရှိပဲ ကို မိုက်နေတာဗျ.. :P
    ______________________________
    @heartmuseum - ဟုတ်ကဲ့ ကိုပြတိုက်ကြီး - အရင်လင့်ခ် အတိုင်းလဲ ဒီကိုပဲ ရောက်ပါတယ်ခင်ဗျာ. မပြောင်းဖြစ်သေးရင်လည်း ဘာမှ ပြဿနာမရှိပါဘူးခင်ဗျ။ :)
    ______________________________
    @မောင်မျိုး - အဲဒီမှာ တစ်ချက်နာ သွားတာပဲဗျ ကိုမောင်မျိုး.. အမှန်က ကိုယ်က တိုက်ချင်နေတာ. :P ကိုယ်ပါ ရောကြိတ်မလို့. :D

    အားလုံး အဆင်ပြေပါစေဗျာ. :)

  6. အဆော့မက်တဲ့ ဒေါ့နက် (dot net) ပေါ့… :)

  7. ကိုယ်ပိုင်တွေ ချဉ်းဆိုတော့ ပိုက်ပိုက်တွေ ပိုနေပုံရတယ် သွားချေးဦးမှ……

  8. congratulation’s.

  9. လာလည်တဲ့သူကလည်း ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့ပါတယ်။

  10. ဗျို့… ကိုမှော်ဆရာရေ….

    နေ့သစ်တွေ လှပစွာ ပုံဖော်နိုင်ပါစေဗျာ….

    စိတ်ရှည်သီးခံစွာ ရှင်းလင်းဖော်ပြပေးတဲ့အတွက်ရယ်…

    နည်းပညာတွေရှယ်ယာ ဖြန့်ဝေပေးတဲ့ အတွက်လည်း ကျေးဇူးပါ…

  11. @Han Thit Nyein - အဆင်ပြေသလိုသာ ကာရံစပ်လိုက်ပေတော့ ကိုဟန်သစ်ရေ. :)
    _____________
    @ဘလူးဖီးနစ် - ဟဲဟဲ အစ်ကိုကြီးကတော့ လုပ်ပြီ.. မနောက်နဲ့လေ. :P
    _______________
    @KOM - @Yamin - @ပြည့်စုံ- လာလည်ဖတ်ရှု၊ အားပေးသွားကြလို့ ကျေးဇူးတင်ပါတယ်ခင်ဗျား။ :)

  12. ဘာလို့ blog ပြောင်းသွားတာလဲ။ မြန်မာပြည်မှာ ဖတ်မရလို့လား။
    ကျွန်တော့် blog လည်းလာလည်ပါ။
    http://mmgamedev.blogspot.com/

  13. @mmgamedev - လာလည် ဖိတ်ခေါ်တဲ့ အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျား။ ဘလော့ဂ် ကတော့ အားလုံး အတွက် ပိုပြီး အဆင်ပြေအောင်လို့ ဒိုမိန်း ပြောင်းလိုက်တာပါ။ :)

  14. ဂုဏ်လည်းယူတယ်..။ အားလည်းကျတယ် အစ်ကိုရေ..။ စာမေးပွဲပြီးမှ မသိတာတွေလာမေးပြီး ကောင်းကောင်း နှိပ်စက်ဦးမယ် ;)

  15. @ BlackDream - ကြိုဆိုပါတယ်ညီရေ… အဆင်ပြေတဲ့ အချိန်သာ လာပါ။ ကိုယ်လည်း မသိသေးတာ တွေ အများကြီးပါပဲ။ ညီ့ ဆီကလည်း ကိုယ်သင်ရဦးမှာပေါ့.. Sharing Knowledge လုပ်ကြတာပေါ့ ညီရာ.။ :)

    လာအားပေးတဲ့ အတွက် ကျေးဇူးပါ ညီလေး။ အားလုံး အဆင်ပြေပါစေ.

  16. good တယ်

  17. @Than Win Naing - Thank you for visiting Bro. :)

  18. ဆရာသမားရေ စာတွေဖတ်ရင်းနဲ့
    သူများတွေ Comment ရေးတာတွေ့တာနဲ့
    လိုက်ရေးလိုက်တာဗျာ
    ဒါပဲ
    ဟတ်ဟတ်ဟတ်

  19. @အောင်မျိုးဟန် - ကိုအောင်မျိုးဟန်ရေ.. အမြဲတမ်း Welcome ပါပဲဗျို့. :D

  20. မှာဆရော် မှော်ဆရာရေ
    ခုမှ အချိန်ရလို့ သေချာလာဖတ်တယ်ဗျ။
    ပုံတင်မရတာနဲ့ ကျနော်တော့ Blogspot တစ်ခု ကောက်လုပ်ပစ်လိုက်တယ်။
    ပိုက်ပိုက်ကမရှိ၊ မိုက်ကလည်း မမိုက်ရဲသေးမို့ ကိုယ်ပိုင်ဆိုက်ဒ် ရှိသေးဘူးဗျို့။
    တစ်နေ့ပေါ့ဗျာ။

    ဆက်လက် Blogging နိုင်ပါစေ။
    သင်ကာ

Leave a Reply

You can use these XHTML tags: <a href="" title=""> <abbr title=""> <acronym title=""> <blockquote cite=""> <code> <em> <strong>