Musicovery - Your online music Player

Listen your favourite Music

ဒီနေ့ Stumble Upon ကို ၀င်မွှေရင်း တွေ့လာတဲ့ ဆိုဒ်လေးပါ။ UI (User Interface) ကတော့ အပြင်အဆင်ရော။ လုပ်ထားတာ တွေရော အတော့်ကို သပ်သပ်ရပ်ရပ်နှင့် Creative ဖြစ်ပြီး လန်ထွက်၏။ နောက်ပြီးတော့ သီချင်းတွေကလည်း အားလုံးအတွက် စိတ်ကြိုက်ဖြစ်စေမယ့် ကဏ္ဍအသီးသီးက Top-10 ဆိုတာတွေချည်းပဲ ရွေးပေးထားသည်။ Register လုပ်ပြီးပဲ နားထောင်ထောင်၊ ဒီအတိုင်းပဲ နားထောင်ထောင် ကြိုက်သလို နားထောင် လို့ရမည်။ Register လုပ်ပြီးမှ အသုံးပြုမယ် ဆိုရင်တော့ ကိုယ့်စိတ်ကြိုက် သီချင်းတွေကို မှတ်သားထားဖို့၊ ကိုယ့်စိတ်ကြိုက် Mood တွေကို မှတ်သားထားဖို့ အခွင့်အရေးတွေ ပါရပါမယ်။ Site က Flash နဲ့ရေးထားတာ ဖြစ်ပေမယ့် အလွန်အမင်းလေးလံမနေပါ။ သာမန် Connection နဲ့ပင် အသုံးပြုလို့ရပါသည်။ တစ်ခု မျက်စိနောက်တာက တော့ သီချင်း နားထောင်လျင် ညာဘက်မှ တက်တက်လာသည့် ပုံမကျပန်းမကျ Ad sense တွေ ဖြစ်၏။ =)

အသုံးပြုနည်း ကလည်း အရမ်းကို လွယ်သည်။ Player ပေါ်မှာ Mood, Dance & Me Tab သုံးခု အနက်မှ Mood Tab ပေါ်မှာ Dark နှင့် Positive ဆိုတာကတော့ သီချင်း တစ်ပုဒ်ချင်း စီနဲ့ အတူထွက်လာမယ့် Player ရဲ့ Colorize ဖြစ်မှုတွေကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ Dark Mood ကိုရွေးရွေး၊ Positive Mood ကိုရွေးရွေး တစ်ခုခုကို ရွေးပြီးတာနဲ့ အောက်က သီချင်း အမျိုးအစားတွေထဲက တစ်ခုကို Tick လုပ်ပြီး စိတ်ကြိုက်သီချင်း အတွေ့မှာ Play နှိပ်ပြီးနားဆင်နိုင်ပါပြီ။ စိတ်ကြိုက် မတွေ့သေး ရင်လည်း Drag & Drop လုပ်ပြီး ကြိုက်သလို ရှာလို့ရပါတယ်။ ကျန်တဲ့ Dance Tab နှင့် Me Tab တို့ကတော့ ကိုယ်တိုင် အသုံးပြုမှပဲ ဘာတွေ ထပ်လုပ်နိုင်တယ် ဆိုတာကို လေ့လာကြည့်ဖို့ တိုက်တွန်းလိုသည်။

စိတ်ကြိုက်သီချင်းတွေ ရှာဖွေနားဆင်နိုင်ဖို့ အောက်ပါ နေရာကို သွားပါ။

G0 TO MUSICOVERY

ပျော်ရွှင်ငြိမ်းချမ်းကြပါစေ!

Share and Enjoy:
  • Digg
  • StumbleUpon
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • TwitThis
  • Pownce
  • Technorati
  • LinkedIn
  • Print this article!
  • E-mail this story to a friend!

2 Responses to “Musicovery - Your online music Player”

  1. ဒီဆိုဒ်လေး ညွှန်ပြပေးတာကျေးဇူး အစ်ကို ကျနော်က စိတ်အရမ်းညစ်တဲ့အချိန် သီချင်းနားထောင်လိုက်ရင်ပျောက်သွားကော :Pဘာသီချင်းပဲဖြစ်ဖြစ် သီချင်းအေးအေးလေးတွေဆိုကြိုက်တယ် နောက်လည်း ဝေမျှပေးပါအုံးး ။

  2. @မောင်မျိုး - အကျိုးရှိတာကြားရလို့ ၀မ်းသာမိပါတယ်ဗျာ။ နောက်လည်း အားလုံးအတွက် အကျိုးရှိမယ်ထင် ရင် ဒီလိုပဲ မျှဝေသွားမှာပါ။ :)

Leave a Reply

You can use these XHTML tags: <a href="" title=""> <abbr title=""> <acronym title=""> <blockquote cite=""> <code> <em> <strong>