The Eight Irresistible Principles of Fun

Eight Principles

တစ်ကယ်တန်းတော့ လူ့ဘ၀ဆိုတာ အရမ်းကို တိုတောင်းလွန်းတဲ့ တဒင်္ဂလေးပါ။ လူ့သက်တမ်း နှစ်ပေါင်း (၆၀ - ၇၀) ဆိုတာ အမှန်တော့ ဘာဆို.. ဘာမှ မကြာလိုက်တဲ့ အချိန်ကာလ တစ်ခုလည်း ဖြစ်ပါတယ်။ အကယ်၍သာ ကျွန်တော်တို့ နောက်လာမယ့် နှစ်ပေါင်း ၁၀၀ အရောက် ကာလကို တွေးကြည့်မယ် ဆိုပါတော့။ သက္ကရာဇ် ၂၁၀၈ - ခုနှစ်အရောက် . ပထမဆုံး တစ်ခု သေချာတာ ကတော့ အခု ဒီစာ ဖတ်နေတဲ့ ခင်ဗျားရော၊ ရေးသူ ကျွန်တော်ပါ ဒီလူ့လောက ထဲမှာ ရှိကြတော့မှာ မဟုတ်ပါဘူး။ ဒုတိယ တစ်ခုကတော့ ကျုပ်တို့၊ ခင်ဗျားတို့ အကြောင်းတွေကို ဘယ်သူတွေများ၊ ဘယ်လောက် သတိတရ ပြောကြ လိမ့်မှာတုန်း ဆိုတာပါ။ ကျုပ်တို့ လုပ်ခဲ့တဲ့ အလုပ်တွေ၊ ကျုပ်တို့ ခံယူခဲ့တဲ့ ခံယူချက်တွေ၊ ကျုပ်တို့ ယုံကြည်ခဲ့တဲ့ ယုံကြည်မှု တွေ. ဒါတွေကို ဘယ်သူတွေများ ဘယ်လောက် သိကြလိမ့်မှာတုန်း လို့ ကိုယ့်ကိုယ်ကို မေးကြည့်မယ် ဆိုရင် တစ်ခါတစ်လေ ကိုယ့်အတွက် သိပ်ကို ပူလောင်လွန်းလှတဲ့ သောကတွေ၊ မာနတွေ၊ ဒေါသတွေ၊ ချစ်ခြင်း တွေ၊ မုန်းခြင်းတွေ က ကိုယ့်ဘ၀ရဲ့ တိုတောင်းလွန်း လှတဲ့ ဒီတဒင်္ဂလေး အတွင်းကို ဘယ်လောက်များ လွှမ်းမိုး နေရာ ယူပြီး သွားပြီလဲ ဆိုတာ နဲနဲလောက် စဉ်းစား ကြည့် နိုင်ပါတယ်။ ဆိုလိုချင်တာ ကတော့ တစ်ခါတစ်လေမှာ အားလုံးကို အရမ်းကြီး ပြင်းထန် မနေဖို့ပါ။ ကိုယ့် မီးကို မွှေးပြီး ကိုယ့်လောင်စာ ကိုယ်မထည့်ဖို့ ပြောချင်တာပါ။

ထားပါတော့။ ဒီဆိုဒ်လေးကို မိတ်ဆွေများနဲ့ ရှယ်ယာ လုပ်ချင်လို့ နိဒါန်းပျိုးနေခြင်းပါ။ ” ပျော်ရွှင်ခြင်း ၏ စည်းမျဉ်း (၈) ခု ” လို့ အမည်ပေး ထားပါတယ်။ အားလုံးကိုတော့ မပြောတော့ပါဘူး။ အပေါ်မှာလည်း နည်းနည်းပါသွားပြီးပါပြီ။ အဲဒီ (၈) ခုထဲက အမြည်း မိတ်ဆက်ပေးချင်တဲ့ စည်းမျဉ်း တစ်ခုကတော့ စည်းမျဉ်း နံပါတ် (၃) ဖြစ်ပါတယ်။

Rule No.3 : Stop following the rules!

If you obey all the rules, you miss all the fun.

Kathrine Hepburn. Actress

ရိုးရိုး ရှင်းရှင်း လေးပါပဲ။ တစ်ခါတစ်လေလည်း စည်းမျဉ်းတွေ၊ ဘောင်တွေ ၊ စည်းကမ်းတွေ ကလနားတွေနဲ့ အမြဲ အလုပ်လုပ်နေလို့ ရှိရင် ပျော်ရွှင်မှုဆိုတာ ဘယ်တော့မှ မရနိုင်တော့တဲ့ အရာတစ်ခု ဖြစ်သွားပါမယ်။ ကိုယ်နဲ့ ဘယ်လောက် တိုက်ဆိုင်မှုရှိသလဲ ဆင်ခြင်သုံးသပ် နိုင်ဖို့ ဖြစ်ပါတယ်။

တစ်ခု မှတ်ထားဖို့ ကတော့ ဒီဥပဒေသ အမှတ်(၃) ဟာလည်း စည်းမျဉ်းတွေ၊ စည်းကမ်းတွေ ထဲက တစ်ခုဖြစ်တယ် ဆိုတာပါပဲ။

ကဲ. လိုရာယူသုံးလို့ အပျော်ဆုံးလူသားတွေ ဖြစ်နိုင်ကြဖို့. အောက်ပါနေရာ ကိုတစ်ချက်ကြွပါ။ Flash Site ဖြစ်တဲ့ အတွက် ကွန်နက်ရှင် နှေးရင်တော့ အနည်းငယ် စောင့်ရပါလိမ့်မယ်။ ဒါပေမယ့် စောင့်ရတာနဲ့ တန်ကြောင်းတော့ ဖတ်လိုက်ရတာနဲ့ သိမှာပါ။

The Eight Irresistible Principles of Fun

အားလုံး အောင်မြင်မှု နှင့် အတူပျော်ရွင်မှု ရနိုင်ပါစေ!

Share and Enjoy:
  • Digg
  • StumbleUpon
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • TwitThis
  • Pownce
  • Technorati
  • LinkedIn
  • Print this article!
  • E-mail this story to a friend!

5 Responses to “The Eight Irresistible Principles of Fun”

  1. အိုင်ဒီယာလေး ကြိုက်တယ်ဗျာ…!

  2. Of cause, some of the rules against each other. There is no absolute truth. maybe open-minded and adjustable brain might be two of the most important elements to enjoy life. Yeah, let’s take a break from the typical rules. I will meet you there :P

  3. @ဟန်သစ်ငြိမ် - အဟုတ်ပဲ ကိုဟန်သစ်ရေ. ကျွန်တော်လည်း စိတ်ကူးလေး ကို သဘောကျနေတာ..
    ————–
    @Apprenticeship - အဟား.. လုပ်လိုက်လေ ကြာသလားလို့..ပျော်ပျော်ပါးပါးပေါ့. :P ပျော်ရွင်ပါစေဗျာ..

  4. ကောင်းလိုက်တဲ့ အကြံပေးချက်လေးတွေဗျာ။ တန်ဖိုးရှိပါပေတယ်။ သေသေချာချာ မှတ်သွားပါတယ် ကိုမှော်ဆရာရေ

  5. @ဘလူးဖီးနစ် - ဟုတ်ကဲ့ အစ်ကိုကြီး.. အကျိုးရှိတာ သိရလို့ ၀မ်းသာမိပါတယ်ဗျာ။ :)

Leave a Reply

You can use these XHTML tags: <a href="" title=""> <abbr title=""> <acronym title=""> <blockquote cite=""> <code> <em> <strong>