Blogger Contest : Win a Free Domain For 1-Year [ .COM/.NET/.ORG ]
ယနေ့အချိန်သည် IT Era ဖြစ်သည်၊ သတင်းနှင့်နည်းပညာ ကို ဆာလောင်ငတ်မွတ်ကြသည့် လူတိုင်းအတွက် အင်တာနက် ဆိုသော အရာက သတင်း အချက်အလက် များကို အလျင်မြန်ဆုံးနှင့် အလွယ်ကူဆုံး လူတိုင်းအတွက် ပေးစွမ်းနိုင်သည်မှာ ယုံမှား သံသယ ဖြစ်ဖွယ်မရှိ။ ထိုသို့ ထိုသို့သော အခြေအနေများ ထဲတွင် ၀ဘ်ဘလော့ဂ် တို့၏ အရေးကြီး အဆင့်အတန်း သတ်မှတ်ချက်ကလည်း တစ်နေ့တစ်ခြား မြင့်မား လာသည်မှာ အင်တာနက် သုံးစွဲနေကြသူတိုင်း သိနိုင်သော၊ မြင်နိုင်သော အဖြစ်အပျက် တစ်ခုဖြစ်သည်။
ကနောင်သည် ထိုအချက်ကို အလေးအနက် လက်ခံ သဘောပေါက်ပြီး သကာလ မြန်မာဘလော့ဂ် လောကအတွင်းရှိ ဘလောဂ္ဂါတို့၏ အကူအညီဖြင့် ကနောင်၏ စားသုံးသူ ဈေးကွက် ရှာဖွေမှုအား အထောက်အကူ ဖြစ်စေရန် သော်လည်းကောင်း၊ ကနောင်မှလည်း ထိုသို့သော ဘလော့ဂ္ဂါတို့၏ အကူအညီကို မေတ္တာ တုန့်ပြန်သောအားဖြင့်၊ ကျေးဇူး တုန့်ပြန်သောအားဖြင့် လည်းကောင်း အောက်ပါ ကံထူးရှင် ရွေးချယ်ပွဲ အစီအစဉ် တစ်ရပ်ကို စတင်လိုက်ပြီ ဖြစ်ပါသည်။
Contest နှင့် သက်ဆိုင်သည့် အချက်အလက်များ
(၁) Contest တွင် ပါဝင် ယှဉ်ပြိုင်ရန်အတွက် ကနောင်သို့ ပထမဦးဆုံး ဆက်သွယ်သူ ဘလော်ဂ္ဂါ လူကြီးမင်း (၁၀) ဦး အား ၁-နှစ်စာ ကိုယ်ပိုင် Domain [.COM / .NET / .ORG ] ကြိက်နှစ်သစ်ရာ တစ်ခုကို ကိုယ်ပိုင် Domain Panel နှင့်တကွ ကနောင်မှ မေတ္တာ လက်ဆောင် အဖြစ် ပြန်လည် ချီးမြှင့်သွားမည် ဖြစ်သည်။
(၂) Contest ကို ပါဝင်ယှဉ်ပြိုင်မည့် ဘလော်ဂ္ဂါ လူကြီးမင်း တစ်ဦး၏ ၀ဘ်ဘလော့ဂ်သည် အနည်းဆုံး Google ၏ PR-3 (Page Rank-3) နှင့် အထက်ရှိရမည်။
မိမိ ၀ဘ်ဘလော့ဂ်၏ စာမျက်နှာ အဆင့်အတန်း(Page Rank) မည်မျှရှိသည်ကို စမ်းသပ်လိုပါက အောက်ပါ နေရာများတွင် သွားရောက်စမ်းသပ် နိုင်ပါသည်။ ကျွန်ုပ်တို့ ကနောင်အဖွဲမှ ပါဝင်ယှဉ်ပြိုင်သူ ဘလော့ဂ္ဂါ၏ PR ကို Google Toolbar ရှိ Page Rank အမှတ်အသားဖြင့် အတည်ပြုဆုံးဖြတ်မည် ဖြစ်သည်။
(၃) Contest တွင် ပါဝင်ဆင်နွဲလိုသည့် ဘလော့ဂ္ဂါ လူကြီးမင်း အနေဖြင့် ကနောင်၏ အောက်ပါ ၀န်ဆောင်မှု လေးမျိုးအကြောင်း နှင့် ယခု ပြုလုပ်သည့် ကနောင်၏ Contest အကြောင်းအား မိမိဘလော့ဂ်တွင် ဆောင်းပါး တစ်ပုဒ် ရေးသားပေးရမည် ဖြစ်သည်။
- KaNaung Myanmar Web Design
- Face Myanmar Social Network
- Face Myanmar Free File Hosting
- MM Online Auction Shop
(၄) အဆိုပါ ဆောင်းပါးရေးသားရန်အတွက် ကနောင် နှင့် တကွ အဆိုပါ ကွန်ယက်ဝန်ဆောင်မှု လေးမျိုးရှိ မည်သည့် စာမျက်နှာ နှင့် ရုပ်ပုံ အစိတ်အပိုင်းများကို မဆို ရည်ညွှန်းကိုးကား ရန်အတွက် အသုံးပြုနိုင်ပါသည်။
(၅) ပါဝင်ယှဉ်ပြိုင်သူ ဘလော်ဂ္ဂါ လူကြီးမင်း အနေဖြင့် ပါဝင်ယှဉ်ပြိုင်ခွင့်ရပြီး အထက်ပါ ၀န်ဆောင်မှု လေးမျိုးအကြောင်း နှင့် ယခု Contest အကြောင်း ဆောင်းပါး တစ်ပုဒ် ရေးသားပြီးသည်နှင့် တစ်ပြိုင်နက် services@kanaung.net သို့ Domain ပေးပို့ရမည့် လိပ်စာနှင့် ရေးသား ပြီးစီးကြောင်းအား အသိပေးအကြောင်းကြား ပေးရန်လိုအပ်ပါမည်။
(၅) အထက်ပါ အချက်များအားလုံးကို သဘောတူညီ ပြီးပါက ယခုဆောင်းပါး၏ Comment ကဏ္ဍတွင် မိမိပါဝင် ဆင်နွဲမည့် အကြောင်းအား အသိပေးသည့် အနေဖြင့် မိမိ၏ ၀ဘ်ဘလော့ဂ် လိပ်စာကို ရေးသွားပေးရန်သာ လိုပါမည်။ မှတ်ချက်ရေးသားရာတွင် ဖြည့်စွက်ရသည့် အီးမေးလ် အား အမှန်တစ်ကယ် သုံးစွဲနေသော အီးမေးလ် လိပ်စာကို ဖြည့်စွက်ပေးရပါမည်။
ကနောင်မှ ပါဝင်ယှဉ်ပြိုင်ရန် စာရင်းပေးသည့် ဘလော်ဂ္ဂါ လူကြီးမင်း၏ Page Rank ကို စစ်ဆေးပြီးသည်နှင့် တစ်ပြိုင်နက်၊ PR 3 နှင့် အထက် ရှိသူ၊ စာရင်းပေးသွင်းပြီးသူ ဘလော်ဂ္ဂါ ၁၀-ဦး မပြည့်မချင်း ချက်ချင်း ပါဝင်ယှဉ်ပြိုင်ခွင့် ရှိကြောင်းအား ဆက်သွယ် အကြောင်းကြားစာ ပေးပို့သွားမည် ဖြစ်သည်။
KaNaung Web Design Blog မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပြီး အထက်ပါ Contest ကို ပါဝင်ဆင်နွဲလိုသူ Blogger များ အနေဖြင့် အောက်ပါ လိပ်စာတွင် သွားရောက် ဆင်နွဲနိုင်ကြပါကြောင်း ခင်ဗျာ။
KaNaung Myanmar Web Design Free Domain Contest!
ကျွန်တော်ဘလော့ဂ် ကတော့ PR 0 ပဲ ရှိလို့ ပြိုင်လို့ မရပါ။

















Jun 16th, 2008 at 4:16 am
သတင်းပေးတာ ကျေးဇူးဗျို့
Jun 16th, 2008 at 4:17 am
စိတ်တော့ ၀င်စားတယ် ဒါပေမယ့် ပြိုင်တော့ပါဘူးး RP 0 , RP 3 ဆိုတာတောင် ဘာမှန်းမသိဘူးး
Jun 16th, 2008 at 6:29 am
PR 0 ဖြစ်နေတာ domain အသစ် ပြောင်းထားလို့နေမယ်။ သဉ္ဖာ ဒီပို့စ်ဖတ်ပြီး PR သွား check ကြည့်တော့ ၃ တော့ ရှိတယ်။ သွားရောက် ဆင်နွှဲရင် ကောင်းမလားမသိဘူး။ ဒါပေမယ့် ဆောင်းပါးရေးရမယ်ဆိုတော့ …
Jun 16th, 2008 at 11:32 am
@mtj - ဟုတ်ကိုသင်္ကြန်ကြီး.. သွားရောက်ဆင်နွဲတော့မယ်ပေါ့.
အဆင်ပြေပါစေဗျာ.
ကံဆိုးတယ်။ အမှန်က အရင်လိပ်စာနဲ့ တုန်းက ပြိုင်လို့ ရချင်ရဦးမှာ.
________________
@မောင်မျိုး - ကိုမောင်မျိုးကလည်း သူ့ဆောင်းပါး ထဲမှာ PR စစ်လို့ရတဲ့ နေရာတွေပါတယ်လေဗျာ. ဟဲ၂. အဲဒီမှာ စစ်ပြီး PR3 ရှိရင် သွားပြိုင်လို့ရတာပဲ။ ကိုမောင်မျိုး အရေးအသားနဲ့ဆိုရင် ဒိုမိန်း ၂- ခုလောက်တောင် အသာလေး ရနိုင်တယ်။ လုပ်ပါ… သွားပြိုင်လို့ ၂ ခုရရင် ကျွန်တော့်ကို ၁-ခုပေး။
________________
@သဉ္ဖာ - မသဉ္ဖာ ဘလော့ဂ်က PR 3 ရှိနေတာပဲ။ ဘာဖြစ်တုန်း..ချကြည့်ဗျာ။ အားပေးတယ်. ကျွန်တော်တောင် ဒိုမိန်း အ၀ယ်စောပြီး ငွေကုန်၊ PR ခန်း ဖြစ်သွားတာ။
Jun 16th, 2008 at 6:56 pm
ဘာရမလဲ စစ်ကြည့်ဆိုလို့ကတော့ စစ်ပြီးသားပဲ….ဟဲဟဲ… PR -1 ဆိုပဲ… ကိုကထင်တာ.. တစ်ရှိနေတယ်မှတ်တာ.. ရှေ့ကဒက်ရှ်ပေါ့.. နောက်မှာ ဟိုက် အနှုတ်ဟလို့အော်ပြီး ပြန်ပြေးလာတာ..
Jun 16th, 2008 at 7:49 pm
co.cc မှာ .. -1 တဲ့
iblogger နဲ့ တော့ 3 တဲ့ ..
ဒါဆိုပြိုင်လို့ ရပြီဆိုပြီး ရေးခိုင်းတဲ့ ဆောင်းပါးတွေ ခေါင်းစဉ်ကြည့်တော့ ငိုချင်သွားတယ်..။ ပြိုင်တော့ဘူး..။ ပထမ မရရင် ငိုမိမှာ……။
Jun 16th, 2008 at 8:16 pm
@foolbag (JKQA) - ဟားဟား ကို လွယ်အိတ်တို့ကတော့ ဖြစ်ရမယ်.
ကျွန်တော်လည်း ဒီ ဒိုမိန်းကို သွားစစ်တော့ ဘာလဲပေါ့. ၁-တောင် ရှိနေပြီ ဆိုပြီး နဲနဲတော့ နီးစပ်တယ်ဟ ဆိုပြီး ကျေနပ်နေတာ.. ပြီးမှ မသင်္ကာ တာနဲ့ ရှေ့က ဟာလေးက ဘာပါလိမ့်လို့ သေသေချာချာကြည့်ကြည့်မှ အနှုတ်တောင် ပြနေလိုက် သေး မောင်ရင်ရေ. လို့ ပြောရမလို ဖြစ်သွားတယ်. 
ဒီလိုလုပ်ကြည့်ပါလား အရင်ဒိုမိန်းကို ပေးလိုက်ပေါ့ စာရင်းပေးတဲ့အခါ။ အခု မနေ့တစ်နေ့ကမှ co.cc ပြောင်းထားတာ ဆိုတော့ အဲလောက်တော့ရှိမှာပဲကို။
____________________________
@လေးမ - ကံ ကွက်ကြား ဆိုးနေပါလား အစ်မရဲ့.
ဆောင်းပါးကတော့ ကျွန်တော်ထင်တာ အဲလောက် ခက်ခက်ခဲခဲ မဟုတ်လောက်ဘူး ထင်တာပါပဲဗျာ။ ကျွန်တော် တွေ့ဖူးတဲ့ ဒီဘက်က Pro Blogger တွေ လုပ်နေကြတဲ့ အဲလို Contest တွေမှာ စကားလုံး အရေ အတွက် ဘယ်နှလုံးရေးရမယ် ဆိုတာတွေ တောင် ကန့်သတ် ထားသေးသဗျ။ အခုဟာက ဘာမှ မပါဘူး ဆိုတော့… နဲနဲပါးပါး ရေးလိုက်ရင် ရလောက်တယ် ထင်တာပဲဗျို့။
Jun 17th, 2008 at 5:11 pm
ကျွန်တော် ဒိုမိန်းဝယ်တာစောသွားတယ် ဒီလိုမှန်းသိ မ၀ယ်ပါဘူး အရင် blogspot မှာတုန်းက PR3 ရှိတော့ ပြိုင်လို့ ရတယ်။ အခု ဒိုမိန်းကျမှ အားလုံး အသစ်ကစနေရတာ အကိုရေ PR တက်အောင် ကြိုးစားလိုက်ဦးမယ်။ =)
Jun 18th, 2008 at 11:09 am
@Htoo Tay Zar - ဟုတ်တယ်ညီရာ - ကိုယ်လည်း အတူတူပါပဲ။ အ၀ယ်စောသွားတယ်.:) နောက်တစ်ကြိမ် ကြုံရင်ကြုံဦးမှာပေါ့။
Jun 18th, 2008 at 8:24 pm
ဆရာမှော်ရေ.. အဲဒီဖရီးပေးတာကိုတော့ ပြိုင်ရင်ရှုံးမှာမို့ မလိုချင်တော့ဘူးဟဲဟဲ… Co.cc ကပေးတဲ့ free လေးကို Setup လုပ်တာလေး အားရင် ပိုစ်ရေးမယ်ဆိုရင်တော့.. သာဓုခေါ်မှာဗျ.. အဟုတ်ဗျာ.. မရေးလဲ ခေါ်နေတာပါပဲ..
Jun 19th, 2008 at 9:35 pm
@အဇ္ဈတ္တပြခန်း - ကိုအဇ္ဈတ္တရေ. ကျွန်တော် ရေးဖြစ်အောင် ကြိုးစားပါဦးမယ် ခင်ဗျာ။
လာအားပေး သွားလို့ ကျေးဇူးပါ။