My Status, Firefox 3 News and 5 Essential Plugins
ကျွန်တော့်လက်ရှိ Status နှင့် အတွေး အပိုင်းအစများ

အခုတစ်လော ကျွန်တော်လည်း ဟိုလုပ်ဒီလုပ်၊ ဟိုရှုပ်ဒီရှုပ် (ကျောင်းကိစ္စ၊ စာကိစ္စများ) ဖြစ်နေပြီး ထိုကြားထဲတွင် ကြိုကြား ကြိုကြား အချိန်လေးများ ရပါသော်လည်း ဘလော့ဂ် ရေးသားရန် စိတ်မပါဖြစ်နေကာ ရေးချင်သော အကြောင်း အရာများကို တွေ့ပါသော်လည်း အလွယ် အလွယ်ပင် ရှယ်ယာ လုပ်လို့ ရနိုင်သော Mini Blogging ပဲခေါ်ခေါ် Micro Bloggin ပဲခေါ်ခေါ် ကြိုက်သလို ခေါ်လို့ရသည့် Twitter မှတဆင့်သာ ရှယ်ယာ လုပ်ဖြစ်သည့် အကျင့် ဘက်သို့ တော်တော်များများ ခြေဦး လှည့်ဖြစ်နေသည်။ ရေးသားနေသော What is Professional Blogging and How to Series ဆောင်းပါးကလည်း အဆုံး မသတ်နိုင်သေး။
အရင်က ကျွန်တော့် အတွက် Mini Blogging Tools က Google Reader ဖြစ်သည်။ ကျွန်တော် Subscribe လုပ်ထားသမျှ Site ပေါင်းစုံက စိတ်ဝင်စားဖွယ်ရာ ဆောင်းပါးများ တွေ့တိုင်း၊ ဖတ်မိတိုင်း ထို Reader မှ တစ်ဆင့် My Shared Items ဆိုပြီး ကလစ်တစ်ချက် လုပ်ကာ ပြန်ပြန်ရှယ် ဖြစ်သည်။ ထို Google Reader မှ My Shared Items များကို Resources ဆိုပြီး ကျွန်တော့် Blog Menu Bar တွင် ကျွန်တော် ရှယ်ယာ လုပ်ပေးထားသည်။ အခုတော့ Twitter က နောက်တစ်ခု တိုးလာသည့် သဘောဖြစ်သည်။ Twitter မှာတော့ ကိုယ့် Status မှတဆင့် Share လုပ်ရခြင်း ဖြစ်သဖြင့် ကိုယ့် ကြိုးစား အားထုတ်မှု အနည်းငယ်တော့ ပါသေးသည်ဟု ပြောနိုင်သည်။
နောက် တစ်ခု Mini Blogging လုပ်ရန် Tools တစ်ခုရှိသေးသည်။ ထိုအရာကို အမှန်တော့ ကျွန်တော် မလုပ်နိုင်သေး၍ ငြိမ်နေသေးတာလည်း ပါသည်။ နောက် ကျွန်တော် တို့ မြန်မာ အသိုင်းအ၀ိုင်း တွင် သိပ်မတွင် ကျယ်သေးသဖြင့် (အမှန်တော့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်အောင် စလုပ်သင့်သည်) မလုပ်ဖြစ်သေးတာလည်း ပါသည်။ Social Network တစ်ခုဖြစ်သော Facebook မှ တစ်ဆင့် Knowledge Sharing သို့ Items Sharing လုပ်ခြင်း။ အင်တာနက်ပေါ်တွင် ထိုသို့သော Social Network ဆိုဒ်တွေ အများကြီးမှ အများကြီး ဖြစ်သည်။ အနောက်တိုင်းက လူတွေက ထိုအရာတွေကို လူတိုင်း ပါဝင်ဆင်နွဲနိုင်သော တစ်ကယ့် Sharing Site တွေ အဖြစ် အသုံးချကြခြင်း ဖြစ်သည်။
ဘာတွေကို အချင်းချင်း မျှဝေကြသည်လဲ။ ကိုယ်စိတ်ဝင်စားသော ဘာသာရပ်ကို ကိုယ်နှင့် ၀ါသနာတူသူတွေ အချင်းချင်း အမှန်တစ်ကယ် မျှဝေပေးလို့ရသည်။ အွန်လိုင်းပေါ်တွင် Marketing လုပ်သူအချင်းချင်း၊ Web Developer တွေ အချင်းချင်း၊ Programmer တွေ အချင်းချင်း၊ နောက် ပြင်ပလောက က အားကစား ၀ါသနာရှင်တွေ အချင်းချင်း၊ တိရိစ္ဆာန် ချစ်သူ အချင်းချင်း၊ ကား ၀ါသနာရှင် အချင်းချင်း၊ ဘာသာရေး ကို စိတ်ဝင်စားသူ အချင်းချင်း၊ သိပ္ပံပညာရှင် အချင်းချင်း စသဖြင့် မည်သူမဆို. မိမိထင်မြင်ချက်၊ ယူဆချက်၊ တွေ့ရှိချက်၊ ကောင်းကျိုး၊ ဆိုးပြစ် စသည့် သိပြီးသော၊ သိလိုသော မည်သည့် အရာကို မဆို လွတ်လပ် ကျယ်ပြန့်စွာ ထို Social Network များ တဆင့် မျှဝေနိုင်ကြသည်။
ထိုသို့ အစဉ်အဆက် ပြုလုပ် မျှဝေလာကြ၊ အင်တာနက်ပေါ်တွင် မှတ်တမ်း တင်လာကြသဖြင့် ဘာတွေ ထူးခြားသွားသနည်း ဟု မေးစရာ ရှိသည်။ တစ်ယောက် ၏ ထင်မြင်ချက်၊ ယူဆချက်ကို တစ်ယောက် သိနားလည်ခြင်းဖြင့် မိမိတွင် လိုအပ်နေသော အရာများကို ဖြည့် ဆည်းနိုင်သည်၊ သူများတွင် လိုအပ်နေသော အရာများကို ပေးကမ်းနိုင်သည်၊ နောက် အရေး အကြီးဆုံး အချက်ကတော့ ပညာရပ်တစ်ခု၊ ဒါမမဟုတ် ကိစ္စရပ် တစ်ခုနှင့် ပတ်သက်၍ သိချင်သူ၊ လေ့လာချင်သူ တစ်ဦးတစ်ယောက်က ရှာဖွေသည့် အခါ အလွယ်တစ်ကူ တွေ့ရှိ၊ မှီငြမ်း ကိုးကား အသုံးပြုနိုင်ခြင်း ပင် ဖြစ်သည်။
ကျွန်တော့်လက်ရှိ Status နှင့် တွေးမိတွေးရာ အပိုင်းအစများကား ဤမျှသာ။
Firefox 3 News
Firefox 3 ကတော့ အားလုံး သိတဲ့ အတိုင်းပဲ တစ်ရက်အတွင်း စံချိန်တင် ဒေါင်းလုဒ် ဆွဲမှု အကြိမ်ရေ ၁၄-သန်းကျော် နဲ့ Guinness ကမ္ဘာ့ မှတ်တမ်း စံချိန်ဝင် ဖို့ အတွက် Review အလုပ်ခံနေပါတယ်။ Mozilla ရဲ့ အပြော အရတော့ အရင်က စံချိန်တင် ရှိခဲ့တဲ့ တစ်ရက်အတွင်း ဒေါင်းလုဒ် ဆွဲချမှု အကြိမ်ရေ ၈-သန်းနဲ့ စာရင် အခုတစ်ကြိမ်က အများကြီး ပိုပါတယ်တဲ့။ အဲဒီအတွက် Firefox 3 အနေနဲ့ Guinness စံချိန် ရမရ ဆိုတာတော့ ဆက်လက် စောင့်ကြည့်ဖို့သာ ရှိသေးပါကြောင်း။
နောက်. အဲဒီ Firefox 3 Download Day 2008 နဲ့ ပတ်သက်လို့ Mozilla က ဒေါင်းလုဒ် ဆွဲသူတိုင်းကို အမှတ်တရ Guinness World Record Certificate ဆိုပြီး ပေးနေတာရှိပါတယ်။ အဲဒီ Certificate လိုချင်သူများ အောက်ပါ လင့်ခ်မှာ သွားရောက်လို့ မိမိနာမည် ကို ရိုက်ထည့်ကာ သွားယောက် ယူငင်နိုင်ပါပြီ။
Print Your Guinness World Record Certificate for Firefox 3
ဘာပဲ ဖြစ်ဖြစ် Firefox 3 ကတော့ လွန်ခဲ့ တဲ့ March လ၊ ၅ ရက် နေ့က စတင် ထွက်ရှိခဲ့တဲ့ Microsoft ရဲ့ IE 8 (Internet Explore 8 ) နဲ့စာရင် နှိုင်းယှဉ်စရာ မလိုလောက်အောင်ကို ကျော်ကြားမှု မှာရော၊ အသုံးပြုသူ အရေအတွက် မှာပါ သိသာ ထင်ရှားစွာ သာလွန်ခဲ့ တာကို တွေ့ရမှာပါ။ လက်ရှိ ပုံစံအတိုင်းသာ ဆက်လက် ချီတက်သွားမယ် ဆိုရင်တော့ Microsoft အနေနဲ့ Browser War မှာ အကြီးအကျယ် ထပ်မံ ရှုံးနိမ့်မှု တွေနဲ့ ရင်ဆိုင်ရပြီး ငွေရှင် ကြေးရှင်တွေ ထုံးစံအတိုင်း နောက်ဆုံး Mozilla Community ကြီး တစ်ခုလုံး နှင့် Firefox Browser ကို ငွေနဲ့ ပေါက် ၀ယ်ရမယ့် ကိန်းတွေ ဖြစ်လာနိုင်တယ် လို့ ယူဆမိပါတယ်။
Firefox 3 နဲ့ ပတ်သက်တဲ့ သတင်းစုံ ဖတ်ချင်သေးတယ် ဆိုရင်တော့ အောက်ပါလင့်ခ်ကို ဆက်ကြွပါ။
5 Essential Plugins For Firefox 3

ဒါကတော့ ကျွန်တော် ဂျီဟက်ခ် က ရတဲ့ သတင်းလေး တစ်ပုဒ် အပေါ် အခြေခံပြီး ကျွန်တော့် ယူဆချက်၊ တွေ့ရှိချက်တွေ နဲ့ထပ်မံ မွမ်းမံ ရေးသား ထားခြင်း ဖြစ်ပါတယ်။ အဓိက အနေနဲ့ ကတော့ Firefox အတွက် Plugins တွေ၊ Addons တွေ မြောက်များစွာ ရှိတဲ့ အနက်မှ စားသုံးသူတို့ အတွက် နည်းငယ်မျှဖြစ်စေ ရွေးချယ်စဉ်းစား နိုင်ပါစေကြောင်း ရည်ညွန်းချက် ပေးလိုရင်းပါ။ ဂျီဟက်ခ် ရဲ့ အလိုရော ကျွန်တော့် အလိုပါ နှစ်ခုလုံး ပါပါတယ်။ (ဤကား စကားချပ်)
၁။ Google Toolbar Plugin For Firefox : နံပါတ်တစ် ကျွန်တော့် Favourite အဖြစ်ဆုံး Plugin ဖြစ်ပါတယ်။ ဘာကြောင့် ကြိုက်ရတယ် ဆိုတာကို ကျွန်တော် Firefox 3 RC 1,2 ဆောင်းပါး တုန်းက ရေးသားခဲ့ပြီးပါပြီ။ အခု ထပ်မံဖော်ပြပါ့မယ်။
အဓိကအားဖြင့်တော့ Google Toolbar Addon ပါ။ သူ့ကို ကျွန်တော် အဓိက ကြိုက်ရတဲ့ အကြောင်းအရင်း တစ်ခုကတော့ Website တွေကို Bookmark လုပ်တဲ့ Feature ပါပဲ။ Google Toolbar မှာ ပါတဲ့ Bookmark Feature နဲ့ Bookmark လုပ်ထားခြင်းအားဖြင့် ခင်ဗျားရဲ့ Bookmark တွေဟာ မူလ မီးမြေခွေးမှာပါတဲ့ Bookmark တွေလို ကိုယ့်စက်မှာ၊ ဒါမမဟုတ် ကိုယ့်စက်မဟုတ်တဲ့ စက်တစ်ခုကို သုံးစွဲနေတုန်းမှာ ကိုယ်ပြန်ရှာချင်တဲ့ ကိုယ်မှတ်သားထားတဲ့ ဆိုဒ်တွေကို အလွယ်တစ်ကူ ပြန်ရှာမရဖြစ်တတ်တဲ့ ဒုက္ခက လွတ်ကင်းစေပါတယ်။ ဘာလို့လည်း ဆိုတော့ Google Toolbar ကတစ်ဆင့်မှတ်တဲ့ Bookmark တွေကို မိမိ ရဲ့ Google Acoount ထဲမှာ၊ အွန်လိုင်းပေါ်မှာ သွားမှတ်ထားတာ ဖြစ်လို့ပါပဲ။ အဲဒီတော့ ဘယ်နေရာရောက်ရောက်၊ ဘယ်မှာပဲ အင်တာနက်သုံးသုံး၊ Google Toolbar လေးကို Download လုပ်ပြီးသကာလ မိမိ Bookmark တွေမှတ်သားထားတဲ့ Google Acoount နဲ့ Toolbar ညာဘက်အစွန်ဆုံးက Sign in ကိုဝင်ပြီး အသုံးပြုလိုက်မယ် ဆိုရင်ပဲ ပြဿနာတွေ တော်တော်များများ ပြေလည်သွားပါပြီ။
တစ်ကယ်လည်း Bookmark Folder ဆိုတာ အင်တာနက် လောကရဲ့ ရတနာ တစ်ပါးပဲ မဟုတ်ဘူးလားဗျာ။ ဒီ Toolbar လေးရှိတော့ ကိုယ်သွားလေရာကို ကိုယ့်ရတနာတွေ သယ်သယ်သွားနေစရာ မလိုတော့ဘူးပေါ့ဗျာ.. မေ့ကျန်ခဲ့မှာလည်း မစိုးရိမ်ရတော့ဘူးပေါ့..
နောက် တစ်ခု ထပ်မံ ဖြည့်စွက်လိုတာကတော့ PR လို့ အတိုကောက် ခေါ်တဲ့ Page Rank Checker လေး အကြောင်းပါ။ ၀ဘ်ဆိုဒ်တစ်ခုကို ၀င်ပြီဆိုတာနဲ့ ကျွန်တော် ရဲ့ အကျင့်တစ်ခုကတော့ Google Toolbar မှာ ပါတဲ့ Page Rank Checker လေးနဲ့ အဲဒီ ၀ဘ်စာမျက်နှာရဲ့ အဆင့်အတန်းကို လှမ်းအကဲ ခတ်လိုက်တာပါပဲ။ သာမန်လား၊ သိမ်းထားသင့်တဲ့ ၀ဘ်ပေ့ခ်ျလား၊ Subscribe လုပ်ထားရမယ့် ၀ဘ်ပေ့ခ်ျလား ဆိုတာ အဲဒီ PR ကိုကြည့်လိုက်တာနဲ့ တစ်ထိုင်တည်း ဆုံးဖြတ်နိုင်စေပါတယ်။
PR ရဲ့ သဘောသဘာဝကို အကျဉ်းဆုံး ရှင်းရမယ် ဆိုရင်တော့ လူတစ်ယောက်၊ ကားတစ်စီး၊ အိမ်တစ်လုံး.. ဘယ်အရာ မဆိုပါပဲ။ လူတိုင်းက တစ်စုံတစ်ခုကို အကဲဖြတ်ပြီ ဆိုရင် အဲဒီ အရာ အတွက် စံနှုန်း တစ်ခုနဲ့ တိုင်းတာ တတ်ကြပါတယ်။ ကားဆိုရင်လည်း ဆီစား သက်သာတာ၊ ၁ နာရီကို မိုင်ဘယ်လောက် အမြန်နှုန်း နဲ့ မောင်းနှင် နိုင်တာ စတဲ့ အချက်တွေနဲ့ တိုင်းတာသလိုပဲ ၀ဘ်ဆိုဒ် တစ်ခုရဲ့ အဆင့်အတန်း၊ ကျော်ကြားမှု၊ သူ့ရဲ့ အရေးပါမှု အခြေအနေကို ဒီ Page Rank (PR) လေးက ဖော်ပြပါတယ်။ အခြေခံအားဖြင့် ၀ဘ်စာမျက်နှာ တစ်ခုရဲ့ PR အဆင့်အတန်းကို တစ်ရက်အတွင်း လာရောက် လည်ပတ်သူ အရေအတွက်၊ ၎င်း ကွန်ယက်အား Subscriber ပြုလုပ်ထားသူ အရေ အတွက်၊ Search Enging ကြီးတွေမှာ ရှာဖွေတွေ့ရှိနိုင်မှု၊ ထိုဝဘ်စာမျက်နှာ နှင့်တကွ ကွန်ယက် အတွင်းရှိ စာမျက်နှာများကို အခြား ၀ဘ်စာမျက်နှာ နှင့် ကွန်ယက်တွေမှာ လင့်ခ်ပြန်ပေးထားမှု အရေအတွက် (Refback, TrackBack, PingBack) စတာတွေနဲ့ တိုင်းတာ သတ်မှတ်ပါတယ်။
Google ရဲ့ PR (Page Rank) သတ်မှတ်ချက်၊ တိုင်းတာချက် အလုပ်လုပ်ပုံတွေ နဲ့ ပတ်သက်လို့ အကျယ် တစ်ဝင့် ဖတ်ရှု လေ့လာလိုတယ် ဆိုရင်တော့ ဒီနေရာ ကို ကြွပြီး ဖတ်ရှု လေ့လာ နိုင်ပါတယ်။
Google Toolbar နဲ့ ပတ်သက်လို့ ကျွန်တော် မရှိမဖြစ် သတ်မှတ်သုံးစွဲတဲ့ Major Function တွေကို ရှင်းပြခဲ့ပြီးပါပြီ။ နောက်ထပ်လည်း အရေးပါတဲ့ Function တွေက ရှိနေဆဲပါ။ Auto Translation, Blog Search Engine စတဲ့ မြောက်များ လှစွာသော အသုံးဝင် Features တွေကို တော့ ကိုယ်တိုင် ကိုယ်ကျပဲ လက်တွေ့ လေ့လာ စမ်းသပ်ပြီး ယူငင်သုံးစွဲတော် မူကြပါလို့ တိုက်တွန်းလိုက်ပါရစေ။
Download Google Toolbar For Firefox
၂) Web Developer Toolbar - ဒုတိယ မြောက် ကျွန်တော် မရှိမဖြစ်သုံးတဲ့ Plugin တစ်ခုပါ။ အင်တာနက် ဆိုတာ လူသား အချင်းချင်း ပညာတွေကို လွတ်လပ်စွာ မျှဝေတဲ့၊ ဖလှယ်တဲ့ နေရာတစ်ခုပါ။ ကိုယ့် ဒီဇိုင်း၊ သူ့ဒီဇိုင်း ဆိုတာတွေဟာ လေ့လာလို့ မကုန်နိုင်ဖွယ် မြောက်များလှစွာပဲ။ အဲဒီ ဦးခေါင်းအမျိုးမျိုးက ထွက်လာတဲ့ အင်တာနက် ၀ဘ်ဒီဇိုင်း အနုပညာ အမျိုးမျိုး ကို လေ့လာဖို့၊ ဆည်းပူးဖို့၊ သင်ယူဖို့၊ အတုယူဖို့ ကြိုးစားတဲ့ နေရာမှာ ဒီ Toolbar လေးက အဓိက အခန်းကဏ္ဍက ပါဝင်ပါတယ်။ Web Developer တွေ ဆိုရင်လည်း ကိုယ့်ဒီဇိုင်း မှန်မမှန်နဲ့ အမှားရှာ ပြုပြင်ဖို့ အတွက် ဒီ Toolbar လေးရှိရုံနဲ့ အကြီးအကျယ် လုံလောက်တာ သေချာပါတယ်။
Download Web Dev Tolbar For Firefox
၃) Adblock Plus - ဂျီဟက်ခ် ရဲ့ နံပါတ် (၁) Recommend Plugin ဖြစ်ပါတယ်။ ကိုယ် ယုံကြည်တဲ့ ဆိုဒ်တွေကို ချန်ထားလို့ အလိုမရှိတဲ့ ဆိုဒ်တွေက အော်တိုမက်တစ် တက်တက်လာတဲ့ Advertisements တွေကို Block လုပ်ပေးနိုင်တယ်လို့ သိရပါတယ်။ မျက်စိနောက်တာ၊ စိတ်ရှုပ်တာ သက်သာချင်သူများ ရော သာမန်သုံးစွဲသူတွေပါ အထူးသုံးသင့်တဲ့ Plugin တစ်ခုပါပဲ။ တစ်ချို့ Ads တွေက အတော့်ကို စိတ်ပျက်စရာ ကောင်းလောက် အောင် အနှောင့် အယှက်ပေးတာ တစ်ခါလောက် ကြုံဖူးရင် ခင်ဗျားလည်း ဒီ Plugin ကို သုံးဖြစ်ဖို့ သေချာသလောက် ရှိပါပြီ။
၎) No Script- Internet ပေါ်မှာ ၀ဘ်ဆိုဒ်တွေ၊ ဒေတာတွေကို Hacking လုပ်တယ်ဆိုတာ များသော အားဖြင့် ဒီ Script တွေနဲ့ ပြုလုပ်ထားကြတာဖြစ်ပါတယ်။ တစ်ခါတစ်လေ ဒီစာဖတ်နေတဲ့ လူကြီးမင်းတို့ တစ်ချို့ ၀ဘ်ပေ့ခ်ျတွေမှာ Right Click လုပ်မရအောင် လုပ်ထားတာ မျိုး ကြုံဖူးကြပါလိမ့်မယ်။ အဲဒီလို အခြေခံ Hack လေးတွေက အစ နောက်ဆုံး ကိုယ့်ရဲ့ ဒေတာတွေ (Credit Card No, Phone No, Bank Account ) စတာတွေကို အလိုအလျောက် အဲဒီ ဆိုဒ်တစ်ခုထဲ ၀င်လိုက်တာနဲ့ လှမ်းဖတ်ပြီး ရှိနေရင် ယူငင်တတ်တဲ့ Hacker Site တွေအထိ မျက်ကန်း တစ္ဆေ မကြောက် ပုံစံမျိုး သွားလို့လာလို့ ရအောင် Script မှန်သမျှကို Block လုပ်ပေးမယ့် Fighter Plugin ကောင်းကောင်း သုံးလိုတယ် ဆိုရင်တော့ ဒီကောင်လေး သုံးကြည့်ဖို့ ကျွန်တော် လက်တို့ ဖြစ်မှာ အသေအချာပါပဲ။
၅) Video DownloadHelper - Youtube လိုမျိုး ဆိုဒ်တွေကအစ လူသိသူသိရော၊ လူမသိသူမသိ Video Portal တွေ အဆုံး Web Video တွေမှန်သမျှကို အလွယ်တစ်ကူ ဒေါင်းလုဒ် လုပ်လို့ ရစေတဲ့ Plugin လေးဖြစ်ပါတယ်။ gHacks ရဲ့ (၅) ခုမြောက် Recommend Plugin ဖြစ်သလို ကျွန်တော့် အတွက်လည်း (၅) ခုမြောက် ဖြစ်ပါတယ်။
gHacks မှာပါတဲ့ လေးခုမြောက် Searchery Plugin အစား ကျွန်တော် က ဒီ Customization လေးကိုပဲ 2 in 1 အဖြစ်သုံးချင်ပါတယ်။ Google Toolbar ကို Tweak လုပ်ထားတာပါ။
Replace your Google Toolbar Search Box
Firefox ရဲ့ Add-on တွေ၊ Plugin တွေ မှန်သမျှကို တစ်စုတစ်စည်းရော၊ ကွဲကွဲပြားပြား ပါ မြင်တွေ့ လေ့လာ ရှာဖွေ၊ စမ်းသပ် သုံးစွဲ လိုတယ် ဆိုရင်တော့ အောက်ပါနေရာကို သွားရောက် ရှာဖွေကြည့်ရှု သုံးစွဲနိုင်ကြ ကြောင်းပါ ခင်ဗျား။
All about Add-ons and Plugins For Firefox Browser
ရည်ညွန်းကိုးကား

















Jun 21st, 2008 at 4:40 pm
ဆရာမှော်ရေ အသေချာဖတ် အသေချမှတ်သွားတယ်ဗျာ.. အခုလို မအားတဲ့ကြားကနေ မျှဝေပေးတာကိုက ရတနာ တစ်ပါးမဟုတ်ပေဘူးလားဗျာ.. မှတ်ချက်.. လူရွှင်တော်လေသံဖြင့်.. အမြဲ လာလေ့လာနေလျှက်
Jun 21st, 2008 at 4:47 pm
ဟာ…ဟ ကလိစရာ အသစ်ရပြီ။
Jun 21st, 2008 at 6:58 pm
Jun 21st, 2008 at 6:59 pm
ကျနော်တော့ FF3 ကို တယ်မကြိုက်လှဘူး။ ပြန်ဖြုတ်ပြီး အဟောင်းဗားရှင်း ပြန်ရှာတင်ထားရတယ်
Jun 21st, 2008 at 8:11 pm
လေ့လာစရာတွေ အားကြီးပါလား..။
အယ်.. ဘာဖြစ်လို့ တုန်း ကိုသင်္ကြန် .. လေးမတောင် ခုပဲ တင်လိုက်တာ…။
Jun 22nd, 2008 at 8:45 am
ကျွန်မ FF3 လည်း ကောင်းတယ် သုံးလို့….
ကျွန်မ Plugins လည်း ခုမှ အဆင်ပြေတယ်
Jun 22nd, 2008 at 9:48 am
@အဇ္ဈတ္တပြခန်း - ကိုပြခန်းကြီး လာအားပေးသွားလို့ ကျေးဇူးပါ။



_______________________
@heartmuseum - အဟုတ်ပဲဗျို့. ကျွန်တော်လည်း ဒီလိုပဲ ကလိနေတာ.။
_______________________
@စိုးထက် - Soe Htet ! - Download လုပ်လို့ အဆင်ပြေသွားပလား အစ်ကိုကြီး။ Plugin တွေက များသော အားဖြင့် တစ်ခါတည်း Install လုပ်တာနော် အစ်ကိုကြီး။
_______________________
@mtj - အသစ်တွေ ဘယ်လောက် ကောင်းကောင်း၊ အဟောင်း တစ်လည်လည် ဖြစ်တယ် ဆိုတာ ဒါပေါ့ ကိုသင်္ကြန်ရ။ .:P နောက်တော့လဲ အသစ်ကို ကြိုက်လာမှာပါ။ သုံးရတာ မိုက်ပါတယ်ဗျ. ကိုသင်္ကြန်ရ။
_______________________
@လေးမ - လာသွားတာ ကျေးဇူး အစ်မ။ သုံးရတာ အဆင်ပြေတယ်ဟုတ်?
_______________________
@နှင်းပွင့်ဖြူလေး - ဟုတ်ကဲ့ပါ မနှင်းပွင့်ရေ။ လာလည်ဖတ်ရှုသွားလို့ ကျေးဇူးပါဗျ။
Jun 22nd, 2008 at 10:28 am
အစ်ကိုရေ့ ကျနော်တော့ FF3 ဆိုတာ ဘာမှန်းတော့မသိဘူး လင့်တွေလို့  နှိပ်လိုက်တာပဲ ပြီးတော့ မေးလာတာကိုဖြေလိုက်တယ်
တော်တော်ဂွဒ်တယ်ဗျ လှနေကောပဲ ဆောင်းပါး အရှည်ကြီးနဲ့  ရှင်းပြထားပေးတာကျေး ကိုယ့်ပါသာဆို ဘာမှသိမှာမဟုတ်ဘူးး လေးစားပါတယ် ဆရာမှော်
P>S= ကိုမောင်မျိုး လို့ မခေါ်ပါနဲ့  ခင်ဗျာ ကျနော် ကြက်သီးတွေ ထလွန်းလို့ ပါ ခဏ ယမမင်းကြားသွားရင် တကယ်ထင်ပြီးလာ ခေါ်မှ ဒုက္ခ
Jun 22nd, 2008 at 5:52 pm
ဘာမှတော့ မသိဘူး… ဘာမှ မဖြစ်တော့ ပြေတယ်ထင်တယ်…။
Jun 23rd, 2008 at 8:14 am
@မောင်မျိုး - ဟုတ်ကဲ့ပါဗျာ. လာအားပေးတဲ့ အတွက် ကျေးဇူး ကိုမောင်မျိုး..
ကိုမောင်မျိုး ပြောလိုက်မှပဲ ဘယ်လို ခေါ်ရမှန်းတောင် မသိတော့ဘူးဗျာ. ) အားလုံး အဆင်ပြေပါစေဗျ.
(Sorry . ပြောနေရက်နဲ့ ခေါ်မိပြန်ပြီ
_________________________
@လေးမ - ဟုတ်ကဲ့ အစ်မ. အဆင်ပြေလို့ဖြစ်မှာပါ ဒါဆို.
Jun 24th, 2008 at 1:41 pm
password remove အတွက် file ယူတဲ့နေ့ကစလို့ ဆိုင်ဘာကရသွားတဲ့ Happy Birthday လက်ဆောင်လေးကြောင့် အလုပ်ရှုပ်သွားရသေးတယ်။ ကြားသာကြားဖူးပေမဲ့ ခုတော့ ကိုယ်တွေ့ကြုံလိုက်ရပြီလေ။ စာတွေ လေ့လာအား ကောင်းတယ်နော်။ အဲဒီတော့ အင်္ဂလိပ်စာလည်း တိုးတက်တာပေါ့။ good!
Jun 26th, 2008 at 10:15 am
အကိုကြီးရေ စာမေးပွဲတွေပီးသွားပီလား။ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ
:)
Jun 26th, 2008 at 8:21 pm
ပြန်ကြား ကျေးဇူးပြုချက် ရေးထားပါကြောင်း။
Jun 26th, 2008 at 11:39 pm
မိုက်တယ် အကိုရေ။ အများကြီး ပိုသိလိုက်ရပီ။ အရင်က ဝါးတားတားရယ်

တချို့တော့ သိပ်နားမလည်သေးဘူး။ နောက်မှ ထပ်လာမွှေမယ်။ ခု မှန်တန်တန်လေးနဲ့ ဖတ်နေလို့
Jun 27th, 2008 at 9:29 am
@အေးချမ်းသူ- လာသွားတာ ကျေးဇူးပါ ညီမရေ။ အားလုံး အဆင်ပြေပါစေ။:)

.. အားလုံး အဆင်ပြေပါစေဗျာ။
____________________
@ညိမ်းညို - လာလည်တာ ကျေးဇူးပါ ညီရေ။ စာမေးပွဲတွေကတော့ ဖြေတုန်းပဲဗျာ။ မပြီးသေးဘူး။
____________________
@Existence Magazine - ဟုတ်ကဲ့ Existence Magazine ခင်ဗျာ။ အခုလို တစ်ကူးတစ်က အကြောင်းကြားပေးတဲ့ အတွက် အရမ်းအားနာမိသလို၊ အရမ်းလဲ ကျေးဇူးတင် ၀မ်းမြောက်မိ ပါတယ်ခင်ဗျာ။ Existence ဆက်လက်အောင်မြင် ခိုင်မြဲပါစေ….။
_____________________
@မင်းကျန်စစ် - ကျေးဇူးတင်ပါတယ် ညီရေ. လာလည် ဖတ်ရှုပေးတဲ့ အတွက်
Jul 1st, 2008 at 8:59 am
plugin တွေကို သေချာရှင်းပြပေးပြီး download link ပါပေးထားတာ ကျေးဇူးဘဲ။ FF site မှာ အင်္ဂလိပ်လို သွားဖတ်ရမှာ ပျင်းလို့ plugin တွေ အကြောင်း မြန်မာလို ရေးတဲ့သူကို စောင့်နေတာ
Jul 6th, 2008 at 12:18 pm
@သဉ္ဖာ- ဟုတ်ကဲ့ မသဉ္ဖာရေ. အသုံးဝင်တာ သိရလို့ ၀မ်းသာမိပါတယ်ဗျာ.. ကျွန်တော်လည်း စာမေးပွဲဖြေနေလို့ ကောမန့် ပြန်တာ နည်းနည်းနောက်ကျသွားတယ်ဗျ။ အားလုံး အဆင်ပြေပါစေဗျာ.
Jul 13th, 2008 at 10:40 am
အကိုရေ… ဟယ်ရီပေါ်တာဆိုလို့ကိုပြခန်းဆီကနေ ရောက်လာပါတယ်..
အခုတောင်ဟယ်ရီစာအုပ်တွဲတွေဖတ်ချင်နေသေးတယ်.. ဆူးလင်းသူငယ်ချင်း တွေတောင် ဖတ်ပြီးပြီဗျ …ပညာတွေအများကြီးရပါတယ်ဗျာ… ညီငယ် ညီမငယ်လေးတွေကို တွဲခေါ်နော်… ကိုကြီးပေါ်တာ… ပုံ/ညီမလေးဆူးလင်း
Jul 13th, 2008 at 4:32 pm
@ဆူးလင်းသစ် - ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ် ညီမရေ. လာလည် အားပေးသွားတဲ့ အတွက် ကျေးဇူး အထူးပါ.