“ပွဲ” စား ကြသူများ
(က)
ဒီဇာတ်ကို ကခဲ့ပြီဆိုမှတော့
မပြီးခင်..ပြည်ဖုံးပြီး ကားချဖို့ မကြိုးစားလေနဲ့
အရာရာတိုင်းမှာ အညွှန်းပြကိန်း အတိုင်း
ပုံသေသွားဖို့ မလွယ်လှဘူး.။
(ခ)
စိတ်ဓာတ်ကို လွတ်လပ်ပါ
သတိ၊ သမာဓိ၊ သီလ နှင့် ပညာ တို့ကို
လေးဖက်ကျကျ သေသေချာချာ ရပ်လို့
နေထွက်တဲ့ မနက်ခင်းတိုင်းကို
မျက်လုံးတစ်စုံနဲ့ မှန်မှန်ကန်ကန် စောင့်ကြည့်ဖို့ ကြိုးစားပါ။
(ဂ)
အတွေးတွေကို ချုပ်နှောင်နေစရာ မလိုဘူး
လုပ်ရပ်တွေ မွန်မြတ်ဖို့သာ အဓိကကျတယ်
မြင်ကွင်းတိုင်းကို ပိတ်ပင်ဖို့ မလိုဘူး.
ဆုံးဖြတ်ချက်တွေ မှန်ကန်အောင် ကူညီဖို့သာ လိုတယ်
မပြီးခင် ဗမာ တွေ မြင်ဖို့ ကြိုးစားတိုင်းလည်း
အပြစ်လို့ မသမုတ်လေနဲ့။
(ဃ)
ယုံကြည်ချက်..ယုံကြည်ချက် ဆိုပြီး
လူရှေ့သူရှေ့ ကိုယ့်အတ္တကို တသသ သွေးပြတတ်တဲ့
“ခတ်ကျွဲ” တွေမဖြစ်အောင်လည်း ရှောင်ကြဉ်
မီးစနဲ့ထိုးလိုက်သလိုမျိုး
တစ်ခါတစ်ခါ အိပ်မက်ဆိုး တွေနဲ့ နပန်းလုံးရင်း
အကြမ်းသုံး နှလုံးသားတစ်စုံမှာပါ
အပွန်းအပဲ့တွေ ထပ်တာလည်း ရှိခဲ့လိမ့် ဦးမယ်။
(င)
မျှော်လင့်ခြင်းကို အုပ်စီးပါ
ခွာလေးဘက် အကျတိုင်း.
တဖြောင်းဖြောင်း မည်နိုင်တဲ့
”ပရစိတ်ဓာတ်” တွေ ကြီးထွားသန်မာ ပါစေ
မနက်ဖြန်တိုင်းဟာ အတားအဆီးမဲ့
လင်းချင်း လာခဲ့ပြီး နောက်တော့
ရက်ဆက် မက်ခဲ့တဲ့ အိပ်မက်တို့ ချုပ်ငြိမ်း
ပွဲခင်းက ဖျာတွေလဲ သိမ်း တန်ကောင်းပါရဲ့။ ။
[ကိုယ့်ကိုယ်ကို ဆုံးမရင်း ရေးထားတဲ့ ကဗျာလေးပါ။]
















Jun 7th, 2008 at 3:12 am
great !!! i love it
Jun 7th, 2008 at 5:06 am
ကဗျာလေးက ပထမတော့ ပျော့ပျော့လေး အလည်လောက်ကျတော့ နည်းနည်းပြင်းလာတယ် စကားလုံးတွေက လန်ထွက်ပျံတက်နေပါလားဗျ အောက်ဆုံးကျတော့ ကိုယ်ကိုယ်ကို ဆုံးမတဲ့ ကဗျာလေးလို့  ပြန်လျှောချလိုက်ပါကောလားး
နေထွက်တဲ့ မနက်ခင်းတိုင်းကို
မျက်လုံးတစ်စုံနဲ့ မှန်မှန်ကန်ကန် စောင့်ကြည့်ဖို့ ကြိုးစားပါ။
ဟုတ်ကဲ့ ဟုတ်ကဲ့ ကြိုးစားပါ့မယ်ခင်ဗျာ ဒါပေမယ့် ကျနော် အိပ်ယာထရင် နေက ခေါင်းပေါ်ရောက်နေပြီး ဟားဟား အိပ်ယာစောစောထမှရမယ်
။
Jun 7th, 2008 at 2:38 pm
(ယုံကြည်ချက်..ယုံကြည်ချက် ဆိုပြီး
လူရှေ့သူရှေ့ ကိုယ့်အတ္တကို တသသ သွေးပြတတ်တဲ့
“ခတ်ကျွဲ” တွေမဖြစ်အောင်လည်း ရှောင်ကြဉ်…။)
.ဟုတ်ကဲ့ …။
Jun 9th, 2008 at 3:02 pm
အော်….သူလက်ထပ်သွားပြီးကိုး။ အဲ..မဟုတ်ပါဘူး
သူ လိမ်မာသွားပြီကိုး
Jun 10th, 2008 at 1:05 am
@BluePhonix - ဟုတ်. ကျေးဇူးပါ အစ်ကိုကြီး။


အစကတည်းက လိမ်မာပါတယ်ဗျာ။ ဒေါင်ဒေါင်မြည် ကြီးပါ။ ဟက်ဟက်..
__________________________
@မောင်မျိုး- အသေအချာ လာဖတ်ဝေဖန်ပေးတဲ့ အတွက် ကျေးဇူး အလေးအနက်ပါဗျာ။
နေထွက်တာ မြင်ချင်ရင် အိပ်ရာတော့ စောစောထကြည့်လေဗျာ။ ဟဲ၂.
__________________________
@လေးမ - အစ်မကတော့ လုပ်ပြီ။ ဟဲ၂. ကျွန်တော် ကိုယ့်ဟာကို ပြောထားတာ နော်။
__________________________
@ဆိုးသွမ်း - ကိုရင်ကတော့ ကပ်ပြီး တွယ်လိုက်ပီ။
Jun 12th, 2008 at 1:30 pm
ဟဲ ဟဲ … ဖတ်မိတော့ ကိုယ် နဲ့ လည်း ဆိုင်နေသလိုလို ….
Jun 13th, 2008 at 2:39 am
@စိုးထက် - “သလိုလို” တော့ မဟုတ်ဘူးအစ်ကိုကြီး.. “ဆိုင်နေတာ” ကို ဖြစ်မှာပါ။
[အစ်ကိုကြီး ဘလော့ဂ် ပြန်ဖွင့်လိုက်တာ တစ်ကယ်ကို ၀မ်းသာပါတယ်ဗျာ။ ရှေ့လျောက်လည်း အားလုံး အဆင်ပြေပြေ ကျော်ဖြတ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ
]
Jun 14th, 2008 at 9:08 pm
ယုံကြည်ချက်..ယုံကြည်ချက် ဆိုပြီး
လူရှေ့သူရှေ့ ကိုယ့်အတ္တကို တသသ သွေးပြတတ်တဲ့
“ခတ်ကျွဲ” တွေမဖြစ်အောင်လည်း ရှောင်ကြဉ်…….
မျှော်လင့်ခြင်းကို အုပ်စီးပါ
ခွာလေးဘက် အကျတိုင်း.
တဖြောင်းဖြောင်း မည်နိုင်တဲ့
”ပရစိတ်ဓာတ်” တွေ ကြီးထွားသန်မာ ပါစေ။
ကြိုက်တယ်ကွာ…………
Jun 15th, 2008 at 1:21 am
@heartmuseum - ကျေးဇူးပါဗျို့. လာအားပေးလို့.
Jun 16th, 2008 at 11:47 pm
စကားလုံးတွေ ရေရေလည်လည် အားပါတယ် အစ်ကိုရာ…။ GoooooD!
Jun 17th, 2008 at 8:45 pm
အပြင်စား ရော့ခ် သီချင်းတစ်ပုဒ်ဟစ်သွားသလိုပဲ.. တရိပ်ရိပ်တက်လာတဲ့ အသုံးနှုံးတွေက ကဗျာရဲ့ သရုပ်ကို ပေါ်လာတယ်.. နားထဲမှာကြားလိုက်တယ်…သံဇဉ်တစ်ချို့ တကယ်ဗျကိုယ့်လူရ.. အဟုတ်ပြောတာ.. ကောင်းတယ်..ပွဲခင်းက ဖျာတော့ သိမ်းတော့ဘူးဗျာ ပွဲပြီးရင် ဖျာစုပ်တယ်ဗျ..အနားကို ချိုးချိုးသွားလို့
Jun 18th, 2008 at 10:53 am
@BlackDream - လာအားပေးလို့ ကျေးဇူးညီရေ။ ညီ့စာတွေလည်း တစ်ပုဒ်ထက် တစ်ပုဒ် ပိုကောင်းလာတာ အသေအချာပဲကွ။။
________________________
@အဇ္ဈတ္တပြခန်း - ကိုမျိုးဥာဏ်ရေ အားပါးတစ်ရ အားပေးသွားလို့ ကျွန်တော်ကလည်း ကျေးဇူးတင်ကြောင်း အားပါးတရ ပြောပါရစေဗျာ။
Jun 18th, 2008 at 4:17 pm
အတွေးတွေကို ချုပ်နှောင်စရာမလိုပေမဲ့
ပုန်းနေတာကကျတော့ရော
ဘာပြောချင်သေးတုန်း
Jun 21st, 2008 at 4:51 pm
ဇတ်ကိုအသစ်ကနေ ပြန်ရင်ကောမကောင်းဘူးလား
ါ်)
Jun 22nd, 2008 at 9:50 am
@Apprenticeship - မိုးလင်းတော့မယ်လေဗျာ။ မမှီတော့ဘူး ပြန်စလို့. မိုးလင်းရင် တော်နေ ပွဲကြည့်မယ်သူ မရှိ ဖြစ်သွားနိုင်တယ်။
Jul 11th, 2008 at 3:58 pm
မြင်ကွင်းတိုင်းကို ပိတ်ပင် ဖို့မလိုဘူးတဲ့
မှော်ဆရာ ဆိုဒ် မမြင်တာကြာလို့..
အခုမှမြင်တယ်
အမြန်သတင်းပို့ပါ
မှော်ဆရာ သတင်း အမြန်ပို့ပါ..
ပုံ
နတ်ပျိုမ…
11.7.2008
Jul 13th, 2008 at 4:31 pm
@နတ်ပျိုမလေး - ဟုတ်ကဲ့ သတင်း လာပို့ပြီးသွား ပါပြီဗျာ.
လာလည်တဲ့ အတွက် ကျေးဇူးပါ.
Aug 5th, 2008 at 4:48 pm
အတွေးတွေကို ချုပ်နှောင်နေစရာ မလိုဘူး
လုပ်ရပ်တွေ မွန်မြတ်ဖို့သာ အဓိကကျတယ် … အတိုင်း မွန်မြတ် ပါစေ…….
Aug 6th, 2008 at 9:03 pm
@ KTKMELODY - ဟုတ်ကဲ့ အစ်မ. ကျွန်တော် တတ်နိုင်သမျှ ကြိုးစားနေပါတယ် ခင်ဗျာ.