အသံတိတ်

(၁)

တစ်ခါက

ကျွန်တော့်ဆရာတစ်ယောက်က

ကျွန်တော့်ကို မေးဖူးတယ်.

“မင်း ငယ်ငယ်က လက်မှာ မတော်တဆ ဓားထိခဲ့ရင်

ဘယ်လိုနေခဲ့တုန်း” တဲ့…။

(၂)

ဟုတ်ကဲ့.

ကျွန်တော် ၅ နှစ်သားလောက်က..

အဲဒီလို မတော်တဆ တစ်ခုခုဖြစ်ခဲ့ရင်

အရင်ဆုံး အော်ကြီးဟစ်ကျယ်နဲ့

တစ်ရပ်ကွက်လုံးကြား အောင် အော်ငိုပစ်လိုက်တယ်.

ပြီးတော့မှ

ဓားထိတဲ့ ဒါဏ်ရာကို

လက်နဲ့ အုပ်ကိုင်လို့.

ဆေးထည့်ပေးမယ့် အမေ့ဆီကို

သူ့နာမည် ရေရွတ်ရင်း ပြေးတယ်။

(၃)

ကျွန်တော် ၁၀-နှစ်သား အရောက်ကျတော့

အဲဒီလို တစ်ခုခု ထိမိရှမိ ဖြစ်ခဲ့ရင်

အော်မငိုတော့ဘူး….

ပြေးလွှားမနေတော့ဘူး…

ဒါပေမယ့်..

ဂရုဏာဒေါသောနဲ့ တဗျစ်တောက်တောက် ပြောရင်း

အမေဆေးထည့်ပေးတာကို

အံကြိတ်ခံခဲ့တယ်။

(၅)

နောက်..

ကျွန်တော် ၁၅- နှစ်သား အရောက်ကျတော့

အဲဒီလို မတော်တဆ ဖြစ်တိုင်း

အော်မငို၊ မပြေးလွှားတဲ့ အပြင်

ကိုယ့်ဒဏ်ရာ ကိုယ်လျက်လို့

ကိုယ့်ဆေးကိုယ် ကုပြီး

အဲဒီဖြစ်တဲ့ ဒဏ်ရာအကြောင်း

အမေတို့ မသိအောင် ကျိတ်နေခဲ့တယ်။

(၆)

ဆရာက ဆက်မေးတယ်..

“ဒါနဲ့… အခုကော. ကွ” တဲ့။

(၇)

ဟက်…

(တစ်ချက်လောက် ရီခွင့်ပြုပါဆရာ… ခပ်နာနာလေးပေါ့..)

အခု.. ကျွန်တော့် အသက်၂၅-နှစ်ပြည့်ဖို့

ရက်ပေါင်း ၂၀၀ -အလို.

မတော်တဆပဲ..

တစ်ကယ့်ကို မတော်တဆပါပဲ…

နှလုံးသားမှာ ခပ်ပါးပါး ဓားတစ်ချက်ထိတယ်…

သွေးစက်လက်နဲ့.. ၀ရုန်းသုန်းကားပဲ

လူတွေနဲ့ အဝေးဆုံး တစ်နေရာကို

ကျွန်တော် ပြေးလွှားခဲ့ရတယ်..

တစ်ယောက်သောသူရဲ့ နာမည်ကို

လမ်းတောက်လျောက်

ရင်ပွင့်မတတ် အော်ရွတ်ရင်းပေါ့..

ရှိုက်ကြီးတငင် ကျွန်တော် ငိုကြွေးနေတယ်.

မကျတဲ့ မျက်ရည်တွေကြောင့်

ဘယ်သူမှ အဲဒါကို မမြင်ကြဘူး…

ရင်ကွဲမတတ် ကျွန်တော် အော်ဟစ်နေတယ်.

လည်ချောင်းအ၀မှာပဲ

အဲဒီအသံတွေ တစ်စစီပျောက်ကွယ်သွားခဲ့ရတယ်…

တဗျစ်တောက်တောက်နဲ့ ရေရွတ်ရင်း

ဆေးထည့်ပေးမယ့် အမေ မရှိသလိုပဲ

ကျွန်တော်လည်း

အားကိုးရာမဲ့

ကိုယ့်ဒဏ်ရာ ကိုယ်အသာသပ်လို့

အံကြိတ်ခံနိုင်တဲ့ ခွန်အားတွေတောင် ပျောက်ကွယ်ခဲ့ရ။

(၈)

ဟုတ်ကဲ့ဆရာ..

အခုလောလောဆယ်တော့…ကျွန်တော်

ကိုယ့်ဝပ်ကျင်း ကိုယ်ပြင်လို့.

ကိုယ့်အသက်ကိုယ် ပြန်မသွင်းနိုင်ခင်

၂၅- နှစ်သား ခံစားချက်အသစ်ကို

ဘယ်သူမှ မကြားနိုင်တဲ့

ရင်ကွဲမတတ် အော်ဟစ်ခြင်း အမှုနဲ့

ခြောက်ကပ်ကပ် ငိုကြွေးခြင်း အဆုံး…

ကိုယ့်မျက်ရည်နဲ့ကိုယ် မျက်နှာသစ်ခွင့် ပြုပါဦးလို့ပဲ။

Share and Enjoy:
  • Digg
  • StumbleUpon
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • TwitThis
  • Pownce
  • Technorati
  • LinkedIn
  • Print this article!
  • E-mail this story to a friend!

23 Responses to “အသံတိတ်”

  1. သနားလို့  ဘာပြောရမလဲမသိတော့ဘူး :P ငိုလို့ တော့ ဘယ်ဖြစ်မလဲနော် တိတ်တိတ်လေး မျက်ရည်တော့ကျပေါ့ ။ အချိန်ကပဲ အကောင်းဆုံးကုစားသွားမှာပါ ပြီးတော့လည်း ပြီးသွားတာပါပဲ။ ပြောချင်တာတွေ ဒီမှာရေးချလိုက် ဖတ်ပေးမယ်ဗျို့  အသဲကွဲတာမကောင်းပေမယ့် အစ်ကိုရေးမယ့် စာတွေ ကအရင်ကထပ်ပိုဖတ်လို့ ကောင်းလာမှာပါ အချစ်သည် ကဗျာ လှလှလေးများကို ဖြစ်ပေါ်စေသလို ကွဲသွားတဲ့အသဲကို ပြန်ဆက်ရင်လည်း စကားလုံးနုနုလေးတွေ ပေါင်းစပ်ပြီး ကဗျာကောင်းတွေ ဖြစ်လာမှာပါ ။

    ( ကွဲမနေနဲ့  မော့ချလိုက် ဘီယာ ခဏတော့ သက်သာလိမ့်မယ် :P)

  2. မိုက်တယ် …
    အဆင်ပြေပါစေ ဗျို့ :)

  3. ဘာပြောရမှန်းမသိတော့လို့ အသံတိတ်ပဲ ပြန်သွားပါတယ်။

    အဆင်ပြေပါစေ…။

  4. သြ ဒုက္ခဒုက္ခ

  5. @မောင်မျိုး - ထင်ရာမြင်ရာ ရေးထားတာပါဗျာ။ အတည်မမှတ်ပါနဲ့။ :P
    _______________________
    @စိုးထက် - ဟဲ၂. ညီပဲလေဗျာ. ဒီလောက်တော့ ရှိမှာပေါ့။ :D
    _______________________
    @tutu - ကျွန်တော်ကြားလိုက်တယ်.။ :P လာဖတ်သွားတာ ကျေးဇူးပါဗျာ။
    _______________________
    @mmGameDev - တရားပေါက် သွားပြီထင်တယ်။ (အဲဒါကြောင့်ပြောတာထင်တယ်. တရားအကြောင်း ရေးရင် လူတွေ တရား မပေါက်လွယ်ဘူး၊ အဲဒီတရားတွေကို ဖြစ်စေတဲ့ အကြောင်းတွေ ရေးမှ တရား ပေါက်လွယ်တယ်ဆိုတာ. :P J/k )

  6. ကြိုက်တယ်ဗျို့ဒီကဗျာကို …. ကိုယ်တိုင်ရေးလား ….
    တော်တော်လေးမြင့်နေပြီပဲ ….

  7. ဟိုကောင်လေး မောင်မျိုး အချိန်တွေနဲ့ ဘယ်လိုကုတယ် မသိ။ ငါတော့ အခုထိ carry on အသဲကွဲတုန်းဟ။ အဖော်ရှိတယ်ကွ အားငယ်တော့ဘူး။ ဟီ…ဟိ…

  8. @စိုင်းခမ်းထွန်း - ဟုတ်ကဲ့ လာအားပေးလို့ ကျေးဇူးပါဗျာ။ ကျွန်တော့်လက် ၂-ဖက်နဲ့ သေသေချာချာကို ကီးဘုတ်ကို သုံးပြီး ရေးထား၊ ရိုက်ထားတဲ့ ကဗျာပါ။ . :P နောက်တာပါဗျာ. Own Tune၊ ကိုယ်တိုင်ရေး ကဗျာလေးပါ။ :)
    __________________________________
    @heartmuseum - ဗျာ… ဒါဆို ကိုပြတိုက်လည်း အသဲကွဲနေသူကြီးပေါ့.။ စာနာပါတယ်ဗျာ။ :) ကိုမောင်မျိုးတော့ သွားမပြောနဲ့ဗျ. သူက ဒါမျိုးတွေ ရိုးနေပြီ။ :P

  9. နှလုံးသား ဓါးရှတယ်…တဲ့ လား…။
    ရော့… ဒီမှာ အရက်ပျံ နဲ့  ပလာစတာ …။ ဒီလိုပါပဲ … နှလုံးသားဆိုတာ ချောမွတ်နေရင် မကောင်းဘူး..။
    အမာရွတ်လေး နဲနဲ ရှိမှ…။

  10. ငိုလည်းဖြေးဖြေးငိုပေါ့ဆို ဇွတ်ပဲ.. မျက်ရည်နဲ့မျက်နှာသစ်ဖြစ်ခဲ့ရင်လေ.. အဲဒီနည်းလေးပေးခဲ့ပါဗျာ.. အညာက ရေရှားလို့ဗျ.. ရှားဆို ရေတမြူ လူသုံးရောက်ချိုးတာ မွန်းတယ်ဗျား… မရယ်နဲ့ ဆရာမှော်ရေ.. တကယ်ဗျ…… တစ်ခါတစ်ခါ ပြန်ရမှာတောင်ကြောက်တယ်ဗျား…….

  11. @layma - ဟဲဟဲ. နဲနဲ ရှပ်ထိသွားတယ် အစ်မရေ. ဒါပေမယ့် အတော့်ကိုနာတယ်ဗျ.. အရက်ပျံနဲ့ ပလာစတာနဲ့ ဆိုတော့ အတော်တော့ သက်သာသွားလောက်ပါပြီ။ (ဒါပေမယ့် အရက်ပျံဆွတ်ရင်လည်း နဲနဲတော့ နာသေးတာပဲ ဗျ.) :P
    __________________________
    @foolbag (JKQA) - အိုကေ ဗျို့ ကိုလွယ်အိတ်.. ကျမ်းတစ်စောင်ဖွဲ့ပြီး ရေးလိုက်မယ်ဗျာ. အဲဒီ ရေ အကုန်အကျ သက်သာတဲ့ နည်းကို။ ဒါပေမယ့် ရင်ဘတ်တော့ နဲနဲ အနာခံရတတ်တယ်နော်။ :D J/K

  12. ထိတယ်အစ်ကိုရာ…။ ရင်ထဲကို တိုက်ရိုက်ပဲ…။

  13. အကိုကြီးရေ ကဗျာတွေအမြဲတမ်းလာဖတ်တယ်ဗျ။ ခြေရာမချန်မိလို့ ။ တင့်ထူးရွှေတို့ပြောပြလို့ အကို့ကို သိနေတာ ကြပီဗျ။ နည်းပညာပို့တွေအတွက်လဲ ကျေးဇူးတင်ပါတယ်အကို။ စာမေးပွဲတွေ အားလုံးအဆင်ပြေပါစေ။ ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ :) :)

  14. ကဗျာလာဖတ်တာ နောက်ကျသွားတယ်။
    သိတယ် နှလုံးသားကိုဓါးရှတော့ ဘယ်သူ့နာမည်ရွတ်ရင်ပွင့်မတတ်ပြေးလွှားနေသလဲဆိုတာ :P
    မထင်ရဘူးနော် ကိုမှော်ဆရာ ဒီလိုကဗျာရေးမယ်ဆိုတာ
    အားပေးနေပါတယ်၊ ဖတ်လို့လည်းကောင်းတယ် ။ အဓိပါယ်လည်းရှိတယ်။

  15. @BlackDream - ညီလေး အိပ်မက်နက်ရေ -လာအားပေးတဲ့ အတွက် အရမ်းကျေးဇူးတင်ပါတယ်ဗျာ။ :
    ___________________________
    @ညိမ်းညို - ညီလေး ညိမ်းညိုရေ - ကိုယ်လည်း ညီ့ပရိတ်သတ် တစ်ယောက်ပါပဲ။ လာအားပေးလို့ ကျေးဇူး အထူးပါဗျာ။
    ___________________________
    @နှင်းပွင့်ဖြူလေး - ဟဲဟဲ. မနှင်းပွင့် တို့ကတော့ လုပ်ပြီ…လာအားပေးတာ ကျေးဇူးတင်ပါတယ်ဗျာ. တစ်ခါ တစ်ခါကျတော့လည်း မထင်တာလေးတွေ လုပ်ကြည့်တာပါ။ :D

  16. ဓားကိုကောင်းကောင်းကိုင်တတ်သွားရင်တော့ နောက်ဆိုလဲမနာတော့ဘူးပေါ့.. မဟုတ်ဘုလား :P နောက်ဆို ဓားကိုကျွမ်းကျင်စွာ ကိုင်နိုင်ပါစေ…  

  17. @Apprenticeship - ဟုတ်ကဲ့ဗျ။ :D

  18. ကဗျာလေး ကောင်းတယ်ဗျာ

  19. နှလုံးသားဓါးရှသွားတော့
    ရဲလေး သီချင်း မဆိုမိ ဘူးလား..
    ဘာတဲ့..အသဲကွဲတဲ့ ရောဂါ လွယ်လွယ်နဲ့လည်း မပြောက်နိုင်..
    အဟီး
    :P
    မှော်ဆရာ အမြန်ဆုံး သတင်းပို့ပါ..
    ပုံ နတ်ပျိုမ

  20. @ကောင်းကင်ကို - ဟုတ်ကဲ့ ကျေးဇူးပါ ကိုကောင်းကင်ရေ. :)

    @နတ်ပျိုမလေး - ဟုတ်ကဲ့ သီချင်း မဆိုတတ်တော့ မတောက်တစ်ခေါက် ကဗျာလေးနဲ့ပဲ ဖြေသိမ့်ဖြစ်တယ် ဆိုပါတော့ဗျာ. :)

  21. :) .. lar lal twar bar d ..!! read loe’ lal kg par d !! ;)

  22. Ooppss……..
    There was injury to heart !!!!
    Attention Attention !!! It’s surgical emergency !!!!
    Let’s proceed cardiac surgery !!!!
    Ooppss…….
    There was difficult to operate !!!!
    Attention Attention !!! It’s serious condition !!!!
    Let’s go on transplant heart !!!
    Ooppss……
    There was no heart bank !!!
    Attention Attention !!!! It’s demand donation !!!!
    Let’s getting for heart donar !!! :)

    :) Wish u alright with beloved one :)

  23. @ လဂွန်းအိမ် - ကျေးဇူးပါ . လဂွန်းအိမ်ရေ. :)
    ________________________
    @ KTKMELODY - အစ်မ ကဗျာက ပိုကောင်းသွားပြီ. ကျွန်တော်ကူးထားလိုက်ပြီနော်. :)
    ကျေးဇူးပါ အစ်မရေ. လာလည်တဲ့ အတွက်ရော၊ နောက် ကောမန့် ကဗျာ အတွက်ရောပေါ့. :)

Leave a Reply

You can use these XHTML tags: <a href="" title=""> <abbr title=""> <acronym title=""> <blockquote cite=""> <code> <em> <strong>