How To Get Work Properly Image Caption Feature With WordPress 2.6

WordPress 2.6 နှင့် Image Captions ပြဿနာ

WordPress 2.6 ထွက်လာတော့ အပြေးအလွှားပဲ၊ ဒီ Plugin လေး အကူအညီနဲ့ Upgrade လုပ်၊ နောက် လိုအပ်တဲ့ Update ဖြစ်တဲ့ Plugin မှန်သမျှကိုလည်း လိုက် Upgrade လုပ်၊ နောက်ဆုံး ကိုယ် သုံးနေတဲ့ Theme ကလည်း Update လုပ်လိုက်တော့ အဲဒါကိုပါ ထပ် Upgrade လုပ် နဲ့ ကျွန်တော်လည်း ဒီရက်ပိုင်း အတွင်း အပ် (Up) တွေနဲ့ အကျိုးပေးနေတယ် လို့ ဆိုရမတတ်ပါပဲ။ ဟိုနားက စူးလိုက်၊ ဒီနားက စူးလိုက်ပေါ့ဗျာ။ :-P

အဲဒီလိုနဲ့ အားလုံး  Upgrade လုပ်အပြီးသကာလ၊ ဆောင်းပါး အသစ်တစ်ပုဒ်ရေး၊ Publish လုပ်လိုက်တဲ့ အခါမတော့ ပြဿနာက စပါတော့တယ်။ ကိုယ့် Admin Panel ထဲက Post Editor ထဲမှာ ရေးလိုက်တုန်းကတော့ ရှင်းလင်းချက် Screen Shoot တွေ၊ Image တွေက Right ဆို Right ၊ Left ဆို Left နဲ့ ၊ နောက်ပြီး  ဒီ တစ်ခေါက် New Version WordPress 2.6 ရဲ့ ကျွန်တော် ရင်အခုန်ရဆုံး Feature အသစ်တစ်ခုဖြစ်တဲ့ Image Captions ကလည်း Post Editor ထဲမှာ လှလှပပနဲ့ စနစ်တကျ အလုပ် လုပ်လို့ ဆိုတော့ အကျေနပ်ကြီး ကျေနပ်နေတယ် ဆိုပါတော့ဗျာ။

ဒီ တစ်ခေါက် ပါတဲ့ Image Captions ဆိုတဲ့ New Feature လေးကလည်း အတော့်ကို သပ်သပ်ရပ်ရပ်နှင့် ကိုယ်ရေးတဲ့ ပို့စ် တစ်ပုဒ်ကို ခမ်းခမ်းနားနားကြီး ဖြစ်သွားစေတာတော့ အမှန်ပါပဲ။ အရင်တုန်းက Post Editor ပေါ်မှာ ပါတဲ့ Image Editor ကိုလည်း Image Captions Editor Box ထဲ ထည့်ထားလိုက်တော့ လုပ်ရကိုင်ရတာ တစ်ဆက်တစ်စပ်တည်း ဖြစ်သွားပြီး လုပ်ရကိုင်ရတာ ပိုမိုလွယ်ကူ သွားစေပါတယ်။

စကားပြန်ဆက်ရမယ် ဆိုရင် အဲဒီလိုနဲ့ အသစ်သော အရာတစ်ခုကိုရပြီး ကလေးတစ်ယောက်လို ကျေနပ်ပီတိဖြစ်ပြီး ပျော်မဆုံး ဖြစ်နေတုန်း ကိုယ့် ဆောင်းပါးကို Publish လုပ်၊ Blog ပေါ်မှာ ကြည့်လိုက်တဲ့ အချိန်ကျတော့မှ ကိုယ်ကျိုးနဲနေတာ တွေ့လိုက်ရပါတော့တယ်။ ဘယ်တွေ၊ ညာတွေ၊ အလယ်တွေ၊ အပေါ်တွေ၊ အောက်တွေ၊ စီထားတဲ့ ဆောင်းပါးပါ ရည်ညွှန်း Image မှန်သမျှ ဟာ ဘာ CSS  Command တစ်ခုမှ မရရှိတဲ့ ပုံစံနဲ့ ဖြစ်ချင်သလို ဖြစ်နေကြတော့တာပါပဲ။ အဲဒီလိုနဲ့ မဖြစ်သေး ဆိုပြီး Post Editor ထဲမှာပဲ CSS ဆိုင်ရာ Command Line တွေဖြစ်တဲ့ Align တွေရော Float တွေရော စုံစေ့အောင် တစ်ခုပြီး တစ်ခု ထပ်ထည့်လိုက်၊ စမ်းကြည့်လိုက်နဲ့ . ဘယ်လိုမှ မရ၊ နောက်ဆုံး အရင် WP 2.5 တုန်းကလည်း ဒီ Theme၊ ဒီ Function နဲ့ပဲ ဒီ လိုရေးလာခဲ့တာ အားလုံး ပုံမှန် အလုပ်လုပ် လို့ ၊ အခုမှ ဘယ်လို ဖြစ်သလဲ ဆိုတာ စဉ်းစားရကျပ်လာ၊ မထူးပါဘူး ဆိုပြီး WP 2.5 ပဲ ပြန်ပြောင်းရမလိုလိုဖြစ်နဲ့ နောက်ဆုံး တစ်ကာ့ နောက်ဆုံးမှာတော့ မဖြစ်ချေဘူး ဆိုပြီး Guru တကာ့ Guru တွေ စုဝေးရာ ဖြစ်တဲ့ ဘူမိနက်သန် အောင်မြေမှန် ကိုပဲ ချီတက်ပြီး ရှာဖွေမေးမြန်းကြည့်ဖို့ ဆုံးဖြတ်လိုက်ရပါတော့တယ်။

အောင်မြေ ကိုရောက်ရှိ၊ ရှာဖွေ မေးမြန်း အနည်းငယ် လုပ်လိုက်တဲ့ အချိန်မတော့ ကိုယ်လိုပဲ အဲဒီ WP 2.6 ရဲ့ Image Captions Feature နဲ့ ပတ်သက်ပြီး သောကတွေ ရင်မှာပိုက်လို့ အနယ်နယ် အရပ်ရပ်က ရောက်ရှိ စုဝေးလာကြသူတွေနဲ့ တွေ့ပြီးသကာလ သူ့ရှိတာ ကိုယ်မျှ၊ ကိုယ့်ရှိတာ သူ့မျှ နဲ့ အားလုံးဟာ Nice & Slow နဲ့ သင်္ကြန်ဒိုး ဖြစ်သွားပါတော့တယ်။

ဖြေရှင်းရန်နည်းလမ်း (သို့) လုပ်နည်း

ခင်ဗျားရဲ့ အနီးကပ်ဆုံး မိတ်ဆွေ ဟာ အကြီးမားဆုံး ရန်သူ ဖြစ်နေနိုင်တယ် ဆိုတာ အဲဒီမှာ တွေ့တာပါပဲ။ အဓိက အပြစ်ကတော့ ခင်ဗျားသုံးနေတဲ့ Theme ကြောင့်ပါပဲတဲ့။ [ ဂုရုကြီးတွေ ပြောဆိုနေကြတာကို ဘေးက နားထောင် မှတ်သား လာပြီး ခင်ဗျားတို့နဲ့ ပြန်မျှဝေနေတာပါ။ ကျွန်တော် ကိုယ်တိုင် ထိုးထွင်း သိမြင်လာခြင်း မဟုတ်ပါ။ :-) ]

ကျွန်တော့် ယူဆချက်ကတော့ Theme ရဲ့ အပြစ်ထက် WordPress 2.6 ရဲ့ Image Captions Feature မှာ Image တွေကို Post Editor ထဲမှာပဲ Align လုပ်တဲ့ အဆင့် အထိပါလာခဲပြီး၊ Publish လုပ်တဲ့ အချိန်မှာ Align ထပ်ခေါ်ရမယ့် Code တစ်ချို့လို သွားခဲ့တာလို့ပဲ မြင်ပါတယ်။ ဘာလို့ လဲဆိုတော့ အရင် WordPress 2.5.1 အထိ ဒီ Theme နဲ့ပဲ ပုံမှန် အလုပ်လုပ် လာခဲ့ပြီး (တစ်ခုတော့ ရှိပါတယ်၊ အရင် Version တုန်းက Image Editor သပ်သပ်ပါ ပါတယ်) အခုမှ အလုပ်မလုပ်တာ ဆိုတော့ Theme ရဲ့ အပြစ်ထက် WordPress 2.6 ရဲ့ လိုအပ်ချက် တစ်ခုလို့ ဆိုရင် ပိုမှန်မယ် ထင်ပါကြောင်း။

လေရှည်နေတာ နဲနဲ ကြာသွားပါပြီ။ Guru တွေ ထောက်ပြထားတဲ့ WP 2.6 ရဲ့ Image Captions Feature အလုပ် မလုပ်ရခြင်းမှာ ပါဝင်တဲ့ Theme ရဲ့ အပြစ်ကတော့ အောက်ပါ CSS ကုဒ်များပဲ ဖြစ်ကြပါတယ်။ ဒီ CSS Code တွေကို မိမိ အသုံးပြုနေတဲ့ Theme ရဲ့ CSS File အတွင်း ထည့်လိုက်ခြင်းဖြင့် Post Editor ထဲမှာ မြင်ရသလိုပဲ Image Captions ရဲ့ ရသ အပြည့်အ၀နဲ့ ယခင်လိုပဲ Image တွေဟာလည်း Align Right ဆို Right ၊ Left ဆို Left အလုပ်လုပ် နေပါလိမ့်မယ်။

/************************************************
Captions
************************************************/

.aligncenter,
div.aligncenter {
display: block;
margin-left: auto;
margin-right: auto;
}

.wp-caption {
border: 1px solid #ddd;
text-align: center;
background-color: #f3f3f3;
padding-top: 4px;
margin: 10px;
-moz-border-radius: 3px;
-khtml-border-radius: 3px;
-webkit-border-radius: 3px;
border-radius: 3px;
}

.wp-caption img {
margin: 0;
padding: 0;
border: 0 none;
}

.wp-caption p.wp-caption-text {
font-size: 11px;
line-height: 17px;
padding: 0 4px 5px;
margin: 0;
}

/*** End captions ***/

/************************************************
Image Position
************************************************/

img.centered {
display: block;
margin-left: auto;
margin-right: auto;
}

img.alignright {
padding: 4px;
margin: 0 0 2px 7px;
display: inline;
}

img.alignleft {
padding: 4px;
margin: 0 7px 2px 0;
display: inline;
}

.alignright {
float: right;
}

.alignleft {
float: left;
}
/*** End Image Position ***/

အထက်မှာ ပါဝင်တဲ့ Image Position ဆိုတဲ့ CSS အပိုင်းဟာ မိမိရဲ့ သုံးစွဲနေတဲ့ Theme ထဲမှာ မူလကတည်းက ပါနေတယ် ဆိုရင် ထပ်ထည့်ဖို့ မလိုအပ် သလို padding , margin စတဲ့ တန်ဖိုးတွေကိုတော့ မိမိရဲ့ Theme နဲ့ လိုက်လျောညီထွေဖြစ်စေမယ့် တန်ဖိုးများ ပြောင်းလဲ သတ်မှတ်သုံးစွဲနိုင်ပါကြောင်း။ :)

Share and Enjoy:
  • Digg
  • StumbleUpon
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • TwitThis
  • Pownce
  • Technorati
  • LinkedIn
  • Print this article!
  • E-mail this story to a friend!

9 Responses to “How To Get Work Properly Image Caption Feature With WordPress 2.6”

  1. အကြမ်းဖတ်သွားတယ် ဆရာမှော်ရေ.. နောင်သေချာအားမှ သေချာဖတ်ပြီးလုပ်ဦးမယ်..

  2. ကျွန်တော် အဲဒီ caption ကို မသုံးဖြစ်ဘူး အကိုရေ ဒါပေမယ့် ပို့စ်တွေမှာ image ကို အလယ်မှာ ထားချင်ရင် ပို့စ်ထဲမှာ visual လုပ်ကြည့်ရင်အလယ်မှာ ဖြစ်ပေမယ့် publish လုပ်ရင် ဘယ်ဘက်ကပ်သွားတာ အရင် 2.5 ကတည်းကပဲ အကို တမ်းပလိတ် CSS ပြင်ဖို့ စဉ်းစားပေမယ့် မပြင်တော့ပဲ [center] tag နဲ့ပဲ ညှပ်ပြီးသုံးတော့တယ် အကို့မှာရော အဲဒီလို ဖြစ်လား

  3. @အဇ္ဈတ္တပြခန်း - ကိုမျိုးရေ. အချိန်ရမှ စမ်းကြည့်ပါဗျာ . အဆင်မပြေရင်လည်း ပြေဦးပေါ့. :)
    ___________________________
    @Htoo Tay Zar - ကိုတေဇာရေ. ကျွန်တော့်ဆီမှာတော့ WP 2.5 တုန်းက Theme နဲ့ ရော ဘာရော အားလုံး အဆင်ပြေတယ်ဗျ. တစ်ခုတော့ရှိတယ်. WPMyanmar မှာတော့ ဟုတ်တယ်. Publish လုပ်လိုက်ရင် ဘယ် ကပ်ကပ်သွားလို့ Theme ထဲမှာ CSS ကိုဝင် ပြင်ပေးလိုက်ရတယ်။ ကျန်တာတော့ အားလုံး အဆင်ပြေပါတယ်။

    အခု WP 2.6 ရောက်မှပဲ ဒီ ဘလော့ဂ် မှာ ဘယ်လိုမှ လုပ်မရ ဖြစ်နေတာ. Theme CSS File ထဲကို အပေါ်က ကုဒ်တွေ မထည့်ခင်အထိပေါ့. Publish လုပ်လိုက်တိုင်း ဘယ်ဘက်ချည်းပဲ ကပ်နေလို့ဗျ. အခုတော့ CSS ကို နဲနဲ Modify လုပ်လိုက်တော့ အားလုံး အိုကေပါပြီ. :)

  4. to night ..
    i will read all of your post…
    you the men..
    thank….
    :)

  5. :)
    to night i will read all of your post..
    thanks..

  6. ကိုမှော်ဆရာရေ ကျနော်မေးစရာလေးတခုရှိလို့ ပါ ဒီဆောင်းပါးနဲ့ တော့မဆိုင်ပါဘူး wordpress မှာဖိုင်တွေကို writable ဖြစ်အောင်ဘယ်လိုလုပ်ရမလဲခင်ဗျာ ကျနော့် ဆီမှာ plugin အတွက် code ထည့် ပြီး update change လုပ်လို့ မရဘူးဖြစ်နေတယ် ကျေးဇူးပြုပြီးရှင်းပြပေးပါခင်ဗျာ

  7. @ tzmt - ကို tzmt ရေ..ဖိုင်တွေကို Writeable ဖြစ်အောင် လုပ်ဖို့ အတွက် Ftp Client တစ်ခုကို သုံးပြီး ပြင်တာက အကောင်းဆုံးနဲ့ အလွယ်ကူဆုံးပါပဲဗျာ။ အဲဒီ အတွက် ကျွန်တော် မြန်မာလို ရေးထားတာ မရှိသေးတဲ့ အတွက် ဒီလင့်ခ် လေးတွေကိုပဲ သွားဖတ်ပြီး လိုက်လုပ်ကြည့်ဖို့ အကြံပေးလိုပါတယ် ခင်ဗျာ။

    http://codex.wordpress.org/Changing_File_Permissions

    http://www.themelab.com/2008/04/11/how-to-make-wordpress-themes-writable/

    အကယ်၍ အဲဒီ အပေါ်က နည်းနာတွေနဲ့ မှ Writeable လုပ်ဖို့ အတွက် Permission မပေးခဲ့ဘူး ဆိုရင် အောက် က အချက်လေးတွေကို တစ်ချက် ပြန်စစ်ကြည့်ပေးပါ။

    နံပါတ် (၁) က ကို tzmt သုံးနေတဲ့ Hosting Server ကို တစ်ချက် ပြန်စစ်ကြည့်ပေးပါ။ တစ်ကယ်လို့ သုံးထားတဲ့ Server က Free Hosting ဆိုရင် အဲဒီလို Server အမျိုးအစားတွေက အခုနောက်ပိုင်း သူ့မှာပါတဲ့ WordPress Installer Software ကို သုံးပြီး Install လုပ်တဲ့ WP Software ကလွဲပြီး၊ ကိုယ့်ဟာကို WP.org ကနေ ဒေါင်းလုဒ် လုပ် Install လုပ်တဲ့ အမျိုးအစားကို File Writeble ပေးမရအောင် ပိတ်ထားလေ့ရှိပါတယ်။ (WordPress.Com က ဘလော့ဂ် ဆိုရင်တော့ လုံးဝ လုပ်လို့မရတာ သေချာပါတယ်။)

    နံပါတ် (၂) ကတော့ အကယ်၍ Premium Hosting Server (ကိုယ်ပိုင် ဝယ်ယူ အသုံးပြုတဲ့ Server) ဆိုရင်တော့ အဲဒီ Wirteable လုပ်ခွင့် မပေးတဲ့ အကြောင်းကို Hosting ရဲ့ Support Services မှာ Email နဲ့ ဖြစ်စေ၊ လူကိုယ်တိုင် ဖုန်းနဲ့ ဖြစ်စေ၊ Chat Client တစ်ခုခုနဲ့ ဖြစ်စေ မေးမြန်းပြီး အကူအညီ တောင်းခံလို့ ရပါတယ်။

    နံပါတ်(၃) ကတော့ အကယ်၍ Free Hosting Server ဆိုရင်လည်း သူ့တို့ရဲ့ Support ကဏ္ဍမှာ သွားရောက်မေးမြန်းပြီး Wirteable လုပ်ခွင့် ပြုမပြုကို စုံစမ်းကြည့်လို့ရပါတယ်။ အကယ်၍ အဲဒီ ဆာဗာက Writeable လုပ်ခွင့် မပေးတာဆိုရင်တော့ Free Hosting တွေ ပေါများလှတဲ့ အတွက် နောက် Server တစ်ခုပြောင်းသုံးဖို့ အကြံပေးချင်ပါတယ်။

    http://mbl0gger.net/2007/11/free-hostings-for-all/

    နံပါတ် (၄) ကတော့ ဘယ်တော့မဆို WP ကို အသုံးပြုတိုင်းမှာ သူ့ရဲ့ Official Site ဖြစ်တဲ့ Wordpress.org က နောက်ဆုံး Stable Version အထုပ်ကိုပဲ အသုံးပြုသင့်တဲ့ အကြောင်း တတ်သမျှ၊ မှတ်သမျှ ရှင်းလင်းလိုက်ရကြောင်းပါခင်ဗျား။ :D

    အားလုံး အဆင်ပြေပါစေ. :)

  8. ကိုမှော်ဆရာရေ ကျေးဇူးတင်လိုက်တာဗျာ file တွေ writable ဖြစ်သွားပြီ နောက်လည်းမသိတာရှိရင်မေးပါရစေ တပည့် ခံပါတယ် အရန်းကျေးဇူးတင်ပါတယ်

  9. @ tzmt- အားလုံး အဆင်ပြေတယ် ဆိုလို့ ကျွန်တော်လည်း ဝမ်းသာမိပါတယ်ဗျာ။ တပည့်ခံဖို့ အထိတော့ မလိုပါဘူးဗျာ။ ကျွန်တော်လည်း ဘာမှ မသိသေးတဲ့ ခပ်တုံးတုံး တစ်ယောက်ပဲ ရှိပါသေးတယ်။ ကျွန်တော် သိတာ ကို tzmt ကိုပြန်မျှ၊ ကို tzmt သိတာ ကျွန်တော့်ကို ပြန်မျှ.။ ဒီလောက် ဆိုရင်ပဲ အားလုံး အဆင်ပြေလောက်ပါပြီ။ :D

Leave a Reply

You can use these XHTML tags: <a href="" title=""> <abbr title=""> <acronym title=""> <blockquote cite=""> <code> <em> <strong>