မြောက်ဘက် မြို့တော်

(က)

အဲဒီ

တစ်အားကြီး ၀အစ် နေတဲ့

မြို့တစ်ခုရဲ့

ကျော တစ်ခင်းစာ အခန်းကျဉ်းထဲ

“ကျုပ်စိတ်” နဲ့ “ကျုပ်ကိုယ်”

အကြီးအကျယ် အချင်းများကြတယ်.

တစ်ယောက် မျက်လုံးကို တစ်ယောက်.

မီးပွင့်မတတ် စိုက်ကြည့်ရင်းပေါ့.။

(ခ)

“သေချာတာကတော့

ဆန္ဒတိုင်းဟာ ဘ၀မဟုတ်ဘူး” တဲ့.

‘ကျုပ်စိတ်’ က ပြောတယ်.။

“ဘ၀ဆိုတာ

မျှော်လင့်ချက်တွေနဲ့ ဖန်ဆင်းထားတယ် လေကွာ.

အဲဒီ မျှော်လင့်ချက် ဆိုတာကရော

ဆန္ဒတို့ရဲ့ တစ်ခြားသော နာမည် မဖြစ်နိုင်ဘူးလား”။

ဒေါသတစ်ကြီးပဲ

‘ကျုပ်ကိုယ်’ က ပြန်အော်ဟစ် လိုက်တယ်.။

(ဂ)

မင်း မှားနေပြီ မောင်ရင်.

လေအေး လေးနဲ့ ‘ကျုပ်စိတ်’ က ဆက်ပြောတယ်.

“ဆန္ဒလို့ အမည်ခံ ခံပြီး

လတ်တလော သာယာမှု တွေ နဲ့

ဖောက်ပြန်ဖို့ ကြိုးစားနေတဲ့ မင်း…

မှန်ရှေ့ မရပ်ဖြစ်တာ ဘယ်လောက် ကြာပြီတုန်း” တဲ့.။

‘ကျုပ်ကိုယ်’ ကျုပ် အငိုက်မိသွားတယ်.

”လတ်တလော သာယာမှုတွေ နဲ့ ဖောက်ပြန်တတ်တဲ့ သူ”

နားထဲကို သံအချောင်းချောင်း ရိုက်ထည့် လိုက်သလိုမျိုး။

(ဃ)

နေဦး….

တစ်ခု ကျန်သေးတယ်.

‘ကျုပ်စိတ်’ ဆီက စကားသံဆက်လာတယ်.

“စိတ်ချမ်းသာမှု ဆိုတာ

စိတ်ထဲမှာ ဆန့်ကျင်ဘက် မဖြစ်တဲ့

ပျော်ရွင်မှု ဖြစ်တယ်” ဆိုတာရော.

မင်းကြားဖူးသလား တဲ့။

သေပါရောလား.

ဖြစ်နိုင်ရင်

မြေကြီးထဲ အထိ ပြေးဝင်လို့

‘ကျုပ်ကိုယ်’ ကျုပ် မြှပ်နှံလိုက်ချင်ရဲ့။

အတွင်းထဲမှာ

သဏ္ဍာန် ထဲမှာ

ပဋိပက္ခတွေ၊ ဆန့်ကျင်ဘက်တွေ၊ တားမြစ်သံတွေ

ကျယ်လောင် နေပါလျက်နဲ့

အပြင်အာရုံ ငါးပါးနဲ့ ကခုန်ပျော်ပါးဖို့

‘ကျုပ်ကိုယ်တိုင်’  ကြိုး အထပ်ထပ်နဲ့ စားသောက်ခဲ့။

(ထ)

“ဒါဆို ကျုပ် ဘာဆက်လုပ်ရမလဲ.”

ခြောက်ကပ်အက်ကွဲ. နဲ့ ‘ကျုပ်ကိုယ်’ ရဲ့ မေးသံပေါ့.

“အေး”.

ခပ်အေးအေးပဲ ‘ကျုပ်စိတ်’ က ပြန်ဖြေတယ်.

တစ် - “စိတ်ချမ်းသာဖို့ အတွက်

ကိုယ်တန်ဖိုးထားတဲ့ အရာတွေနဲ့ ထိပ်တိုက် မတိုးမိစေနဲ့“

နှစ် - ”ဆန္ဒတိုင်းကို

ဘ၀ထဲ ရောက်အောင် ခေါ်သင့်မှ ခေါ်”

နောက်ဆုံး တစ်ချက်ကွာ.

သုံး - “မင်း ရဲ့ ဥာဏ်ကို မင်း ကိုယ်တိုင် မသုံးခြင်းနဲ့

လူသားတွေကို သစ္စာဖောက်ဖို့ မကြိုးစားနဲ့.”

ဒါဆို ပြီးပြီတဲ့.။

‘ကျုပ်စိတ်’ နဲ့ ‘ကျုပ်ကိုယ်’ တို့

တစ်ချက်တော့ “လင်း” သွားပြီလို့ ထင်တယ်။   ။

ရည်ညွန်းချက် - ဆရာတော်ဦးဇောတိက၏ “လွတ်လပ်သော စိတ်” စာအုပ်၊ စာမျက်နှာ - ၂၄၄၊ ၂၄၅ နှင့် ၂၇၀ တို့အား အကြီးအကျယ် ရည်ညွှန်းပါသည်။

Share and Enjoy:
  • Digg
  • StumbleUpon
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • TwitThis
  • Pownce
  • Technorati
  • LinkedIn
  • Print this article!
  • E-mail this story to a friend!

11 Responses to “မြောက်ဘက် မြို့တော်”

  1. ဆန္ဒတိုင်းကို ဘ၀ထဲ ရောက်အောင် ခေါ်သင့်မှ ခေါ်ရတယ်တဲ့၊ အဲလို ကြားခဲ့ဖူးလို့၊ အဲလို ဖြစ်ပျက်ခဲ့လို့ နေမြဲနေရာမှာ မရွေ့လျားပေမဲ့ စိတ်တွေကို အဝေးဆုံးရောက်အောင် ပို့လွှတ်လိုက်တဲ့ နောက်မှာ နောက်ဆုံးနှုတ်ဆက်ခြင်းဆိုတာတွေ ဖြစ်လာတယ်လေ။ သေချာတာကတော့ `ကိုယ့်စိတ်’ နဲ့ ‘ကိုယ့်ကိုယ်’ မို့ ထိန်းချုပ်ဖို့ ခက်နေဦးမယ်ဆိုတာပါပဲ။

    စာကောင်းပေမွန်တွေ ဖတ်ခြင်းရဲ့အကျိုးကို ခံစားရမှာပါ အစ်ကို။ အေးချမ်းပါစေ။

  2. စာမျက်နှာ - ၂၄၄၊ ၂၄၅ နှင့် ၂၇၀ ကိုပြန်ဖတ်ဖြစ်သွားတယ်။
    ကျေးဇူးပါကျောင်းစာအုပ်ရေ…

    `ကိုယ့်စိတ်’ နဲ့ ‘ကိုယ့်ကိုယ်’ အချင်းမများဖို့တော့ကြိုးစားဆဲ…

    စကားမစပ်..နေကောင်းတယ် ကျောင်းစာအုပ်ရေ.. အချိန်မရလို့။
    ရောက်တော့ရောက်ဖြစ်နေပါတယ်။ ခြေရာမချန်ဖြစ်တာ။
    အေးဆေးမှ သင်ခန်းစာ အဟောင်းတွေ လာဖတ်တော့မယ်။

    အေးချမ်းပျော်ရွှင်ပါစေ…။

  3. @အေးချမ်းသူ - လာလည်အားပေးသွားလို့ ကျေးဇူးပါ ညီမရေ. ညီမလည်း ပျော်ရွှင်ချမ်းမြေ့ပါစေ. :)
    ____________________________
    @tutu - မမြင်တာကြာပေါ့ မတူးတူး :) ကျန်းမာနေကောင်းကြောင်း ကြားရလို့ ၀မ်းသာမိပါတယ်ခင်ဗျာ.. လာဖတ်သွားတဲ့ အတွက် ကျေးဇူးပါ။

  4. အတော်ကောင်းတဲ့အရေးသားဗျာ ကိုးကားတဲ့ဆိုပေမယ့် ထုတ်နှုတ်သွားတာ သပ်ရပ်တယ်… သဘောကြတယ်ဗျာ

  5. nice philosophy and expression

  6. @ အဇ္ဈတ္တပြခန်း - ဟုတ်ကဲ့ ကိုမျိုးဥာဏ်ရေ. လာအားပေးသွားလို့ ကျေးဇူးပါဗျာ. :)
    ______________________
    @ Engineer4myanmar - လာလည်အားပေးသွားလို့ ကျေးဇူးပါ အစ်ကိုကြီး. :)

  7. ပလုတ်တုပ် ကျုပ်က ဘယ်ကိုမှ မသွားရပါလားလင်းသွားပြီဆိုတာ ဘာတုန်း?ရှင်းရှင်းလင်းလင်းလုပ်ပါဆရာရယ်

  8. @လင်း- ကျွန်တော့် အသိဥာဏ်တွေ လင်းသွားတယ် လို့ ဆိုလိုတာပါဗျာ. :D မူပိုင်ခွင့်များ ငြိနေလို့လား မသိဘူး :-P

  9. စိတ်.. ရဲ့ အဖြေ စကားတွေ ဖတ်ရတဲ့ အခါ.. လေးမ လည်း.. “ လင်း” သွားတယ်..။ ကျေးဇူး..။

  10. ဖတ်သွားတယ် အစ်ကို ဟုတ်တယ် တစ်ခါခါ ကိုယ့်စိတ်နဲ့ ကိုယ် နပန်းပြန်သတ်နေရတယ် တော်တော် ပင်ပန်းတယ် ။.

  11. Oh!!! Someone inside a room of Northern Capital !!! Arguing with internal mind !!!
    Woo !!! Lately, realised the power of faith ….

    It’s touching …

Leave a Reply

You can use these XHTML tags: <a href="" title=""> <abbr title=""> <acronym title=""> <blockquote cite=""> <code> <em> <strong>