Another Great News for WordPress Community (WordPress 2.6 Released)

အားလုံး သိတော်မူကြတဲ့ အတိုင်းပဲ WordPress 2.6 Stable Version ထွက်ရှိလာပါပြီ။ ဒီတစ်ခေါက် WordPress 2.6 ကို Philadelphia က အမေရိကန် လူမည်း Jazz တေးဂီတ ပညာရှင် တစ်ဦးဖြစ်သူ McCoy Tyner ကို ဂုဏ်ပြုလျက် Code Name ကို “Tyner” ဟု  ပေးထားကြောင်း သိရပါတယ်။ WordPress User တိုင်းရဲ့ Admin Dashboard မှာဆိုရင်လည်း WordPress 2.6 is available! Please update now. ဆိုတာလေးကို သတိထားမိသူတိုင်း မြင်တွေ့မိကြမှာပါ။

အောက်ပါ ဗီဒီယိုဖိုင်လေးကတော့ ယခုတစ်ခေါက် အသစ်စက်စက် ဗားရှင်းဖြစ်တဲ့ WordPress 2.6 ရဲ့ တိုးတက်မှုတွေနဲ့ ပတ်သက်တဲ့ Overview ရှင်းလင်းချက် ဗီဒီယိုဖိုင်လေး ဖြစ်ပါတယ်။

WordPress 2.6 ၏ အဓိက ပြုပြင်ပြောင်းလဲ ထားမှုများ

၁။ အဘိဓာန် (Wiki) ပုံစံ ပို့စ် များကို တည်းဖြတ်ခြင်း - ဒီ Feature အသစ်ကို အသုံးပြုပြီး WordPress Blog တစ်ခုမှာ ပါဝင်ရေးသား နေကြသူများ အနေနဲ့ ယခင်တစ်ယောက် ရေးပြီးသား ပို့စ်ကို၊ နောက်တစ်ဦးမှ ပြင်ဆင် တည်းဖြတ်ခြင်းများ လုပ်တဲ့ အခါ ဘာတွေ၊ ပြင်သွားတယ်၊ ဘယ်စကားလုံး တွေကို တော့ ထပ်ထည့်သွားတယ် စသဖြင့် သိရှိ နိုင်ပါမယ်။ (ကျွန်တော်တို့ ယခင်က စာပုံနှိပ်တိုက်တွေမှာ စာစီဆရာ၊ စာပြင်သမား၊ ပရုဖတ်သူ၊ အယ်ဒီတာ၊ အယ်ဒီတာချုပ်. စသဖြင့် စာတစ်ပုဒ်ကို အဆင့်ဆင့် အမှားရှာပြီး အကောင်းဆုံး ကို ရယူ ပြုပြင်နိုင်ပုံမျိုး နဲ့ အလားသဏ္ဍာန်တူ ပါတယ်။)  အကယ်၍ နောက်ဆုံး ပြင်ဆင် တည်းဖြတ်သူမှ ပထမဆုံး ရေးသားသူရဲ့ မူရင်း ဆောင်းပါးကို ပြန်လည်သိုမှီးမှု (Restore) လုပ်ချင်တယ် ဆိုရင်လည်း လုပ်နိုင်တဲ့ အခွင့်အရေး တွေကို ပါ Wikipedia မှာကဲ့ သို့ တစ်ပါတည်း ရရှိစေပါမယ်။

Wiki Style Post Revision in WordPress 2.6

၂။ Press This! - ၀ဘ်ဘရောက်ဇာ၏  မည်သည့်နေရာမှ မဆို မိမိဘလော့ဂ် သို့ ပို့စ် တင်နိုင်ခြင်း - ဒီ Feature လေးရဲ့ သဘော သဘာဝကို Tumblr, Facebook နှင့် Delicious စတဲ့ Mini Blogging လို့ ခေါ်နိုင်တဲ့ Web 2.0 စတိုင်လ် Sharing ဆိုဒ် တွေကို အသုံးပြုနေတဲ့ သူတွေ အနေနဲ့ စိမ်းမှာ မဟုတ်ပါဘူး။ အလွယ်ကူဆုံး ဥပမာပေးရမယ် ဆိုရင် မြန်မာတွေနဲ့ အတော်များများ အကျွမ်းတ၀င် ရှိတဲ့ Delicious နဲ့ ဥပမာ ပေးရပါလိမ့်မယ်။ ကျွန်တော်တို့ Delicious ကို အသုံးပြုတဲ့ အခါ ကိုယ် ကြိုက်တဲ့ Web Page တွေ တွေ့ရင် ကိုယ့် ဘရောက်ဇာကနေ တစ်ခါတည်း Delicious Website မှာ Bookmark လုပ်နိုင်ဖို့ အတွက် Browser ထဲ ထည့်သွင်း ထားလို့ ရတဲ့ Delicious Plugin လေးရှိပါတယ်။ အဲဒီ Plugin လေးကို Install လုပ်ပြီးသကာလမှာ မိမိ ဘယ်ဝဘ်ဆိုဒ်ကိုပဲ ရောက်ရောက် ဘရောက်ဇာရဲ့ Address Bar ဘေးမှာ ပေါ်နေတဲ့ Delicious Button လေးကို နှိပ်လိုက်တယ် ဆိုရင်ပဲ အဲဒီ ဆိုဒ်ကို မိမိကြိုက် နှစ်သက်ရာ မှတ်ချက်တစ်ခုခုနှင့် ရေးသားမှတ်သားပြီး Delicious Website ထဲသို့  မိမိကြိုက်ရာ ကဏ္ဍမှာ ခွဲခြား မှတ်သား သိမ်းဆည်း ထား နိုင်ပါပြီ။

အခု WordPress 2.6 မှာလည်း Press This! ရဲ့ သဘော သဘာဝက အထက်ပါ အတိုင်းပါပဲ။ Admin Panel ရဲ့ Writing Page အောက်ဆုံးမှာ ရှိတဲ့ Press This! Button လေးကို မိမိရဲ့ ဘရောက်ဇာ Bookmark Bar သို့မဟုတ် Address Bar ရဲ့ လွတ်တဲ့ နေရာ တစ်ခုခုမှာ Drag & Drop လုပ်ပြီး ဆွဲထည့်ထားလိုက်တာနဲ့ မိမိဘယ်နေရာပဲ၊ ဘယ်ဝဘ်ဆိုဒ် ကိုပဲ ရောက်နေပါစေ. ဘရောက်ဇာ မှာရှိတဲ့ Press This! Button လေးကို နှိပ်လိုက်ရုံနဲ့ ပို့စ် အသစ်တင်နိုင်တဲ့ Admin Panel Wirting Interface ကို မိမိ နောက်ဆုံးရောက်ရှိခဲ့ တဲ့ Web စာမျက်နှာက သတင်းအချက်အလက် တွေပါ ယူဆောင်လျက် တစ်ပါတည်း ရောက်ရှိသွားမှာ ဖြစ်ပါတယ်။

၃။ ရွှေ့ပြောင်း ဂီယာဖြင့် သင့် WP Blog အား မြန်နှုန်းမြှင့်ခြင်း - ဒါကတော့ ယခင်တစ်လောက ပဲ WordPress.Com မှာ Google Gearထည့်သွင်းခဲ့တဲ့ WordPress ရဲ့ နောက်ဆုံးပေါ် Special Feature တစ်ခုဖြစ်ပါတယ်။ အမှန်တော့ Turbo Gear ဆိုတာ Google က ကမကထ လုပ်ပြီး တည်ထောင်ထားတဲ့ Browser Extension Opensource Project တစ်ခုဖြစ်ပါတယ်။

သူ့ရဲ့ အကြမ်းဖျင်း သဘော သဘာဝ ကတော့ အင်တာနက် နှင့် ဘရောက်ဇာ အသုံးပြုပြီး Webpage များကို ကြည့်ရှု နေသူတိုင်း အတွက် လိုအပ်တဲ့ Data တွေ၊ ရုပ်သံ ဖိုင်တွေကို အဲဒီ Webpage ကို ဖွင့်တိုင်း မိမိကြည့်ရှုတဲ့ Web Server ကနေတဆင့် ဒေါင်းလုဒ် လုပ်လုပ်နေရတဲ့ ဒုက္ခက ကင်းဝေး စေဖို့၊ မိမိစက်အတွင်းမှာ Local Server တစ်ခု တည်ဆောက်ပေးပြီး Data တစ်ခုကို Webpage တစ်ခု ဖွင့်တိုင်း ထပ်ခါတစ်လဲလဲ ဒေါင်းလုဒ် လုပ်ရခြင်းမှ ကင်းဝေးစေကာ User အတွက် မလိုအပ်တဲ့ Traffic ပြန်းတီးမှု မှသက်သာစေပြီး Webserver များကိုလည်း Bandwidth ပြုန်းတီးမှု မှသက်သာ စေဖို့ ဖြစ်ပါတယ်။

ယခု WordPress 2.6 မှာ Gear Support လုပ်လိုက်ပြီ ဖြစ်တဲ့ အတွက် WP Blog ပိုင်ရှင်တွေ အနေနဲ့ မိမိရဲ့ စာရှုသူတွေကိုရော၊ မိမိကိုယ်တိုင်ပါ Google Gear ကို မိမိရဲ့ ၀ဘ်ဘရောက်ဇာအတွင်း အင်စတောလ် လုပ်ထားခြင်း ဖြင့် ဘလော့ဂ် တစ်ခုအတွက် ဘုံအသုံးပြုနေကြ ဖြစ်တဲ့ CSS file, Java Script File များကဲ့သို့သော Common Data များကို မိမိရဲ့ Local Server အတွင်း ထည့်သွင်း သိမ်းဆည်းထားပြီး သကာလ ရေးသူရော၊ ဖတ်သူ အတွက်ပါ WordPress Blog များရဲ့ အမြန်နှုန်း တိုးတက်လာမှာ ဖြစ်ကြောင်း သိစေအပ်ပါတယ်ခင်ဗျာ။

၎။ မိမိအသုံးပြုလိုတဲ့ Theme ကို ကြိုတင်ကြည့်ရှုနိုင်ခြင်း - အပေါ်က ဗီဒီယိုဖိုင် ကို ကြည့်ပြီးသား ဆိုရင်တော့ ဒါ ထပ်မံရှင်းပြဖို့ မလိုအပ်တော့တဲ့ အကြောင်းအရာ တစ်ခုပါ။ ;) သိရှိပြီး ဖြစ်တဲ့ အတိုင်း ယခင် ကျွန်တော်တို့ WordPress Blog တွေမှာ Install လုပ်ထားတဲ့ Theme တွေကို ၂-လက်မ ပတ်လည် Thumbnail ပုံလေးလောက်ပဲ မြင်တွေ့ကြည့်ရှုနိုင်ပြီး အသုံးပြုဖို့ သင့်မသင့် ဆုံးဖြတ်ခဲ့ကြရတာပါ။ အခုတော့ ခင်ဗျားရဲ့ WP Admin Panel ထဲ Install လုပ်ထားတဲ့ ဘယ် Theme မဆိုကို စာမျက်နှာ ပြည့် Preview ၊ ရှင်းလင်းစွာ ကြည့်ရှု လို့ ခင်ဗျား ကြိုက်မကြိုက် တိကျစွာ ဆုံးဖြတ်နိုင်ပါပြီ။

အထက်ပါ ဖော်ပြချက်တွေကတော့ WordPress 2.6 ရဲ့ အဓိက ပြုပြင် ပြောင်းလဲထားမှု များဖြစ်ပြီး အောက်ပါ တို့ကတော့ Wordpress 2.6 ရဲ့ ကျန်တဲ့ Smaller New Features တွေ ဖြစ်ကြပါတယ်တဲ့။

  • Word count! Never guess how many words are in your post anymore.
  • Image captions, so you can add sweet captions like Political Ticker does under your images.
  • Bulk management of plugins.
  • A completely revamped image control to allow for easier inserting, floating, and resizing. It’s now fully integrated with the WYSIWYG.
  • Drag-and-drop reordering of Galleries.
  • Plugin update notification bubble.
  • Customizable default avatars.
  • You can now upload media when in full-screen mode.
  • Remote publishing via XML-RPC and APP is now secure (off) by default, but you can turn it on easily through the options screen.
  • Full SSL support in the core, and the ability to force SSL for security.
  • You can now have many thousands of pages or categories with no interface issues.
  • Ability to move your wp-config file and wp-content directories to a custom location, for “clean” SVN checkouts.
  • Select a range of checkboxes with “shift-click.”
  • You can toggle between the Flash uploader and the classic one.
  • A number of proactive security enhancements, including cookies and database interactions.
  • Stronger better faster versions of TinyMCE, jQuery, and jQuery UI.

WordPress.Org အနေနဲ့ ကတော့ WP 2.5 အသုံးပြုသူတွေ ကို အဓိကပြုပြင် ပြောင်းလဲမှုတွေ များစွာ ပြုလုပ်ထားတဲ့ ဒီ ဗားရှင်း အသစ် WordPress 2.6 ကို Upgrade လုပ်ကြဖို့ကို အလေးအနက် တိုက်တွန်းထားပါတယ်။

နောက်ပြီး WordPress 2.5 ကနေ WordPress 2.6 ကို Upgrade လုပ်မယ် ဆိုရင် လိုအပ်တဲ့ သတင်းအချက်အလက်တွေ ရယူနိုင်ဖို့ အောက်ပါနေရာတွေမှာ အဆင်သင့်ရှိပြီး သားဖြစ်ပါတယ်။

အကယ်၍ လွယ်လွယ်ကူကူ သက်သက်သာသာပဲ Plugin အကူအညီနဲ့ WordPress 2.6 ကို Upgrade လုပ်လိုတယ် ဆိုရင်တော့ အောက်ပါ WordPress Plugin က အသုံးပြုဖို့ အသင့်တော်ဆုံး နှင့် အကောင်းဆုံးပါပဲ။ (Updated!)

WordPress 2.6 ကို Upgrade လုပ်မယ် ဆိုရင် ဒီအချက်အလက်တွေကို ကြိုတင်စဉ်းစား ဆောင်ရွက်ထားပါ

၁။ သတင်းစုဆောင်း - ဘာတွေ လိုအပ်သလဲ၊ ဘယ်လို လုပ်မလဲ

၂။ ရည်မှန်းချက်ကို အတိအကျချထား - ရည်မှန်းချက်ကတော့ WP 2.6 ကို အောင်မြင်စွာ Upgrade လုပ်နိုင်ရေးပေါ့ဗျာ. :)

၃။ လုပ်နည်း လုပ်ဟန်ကို ကြိုတင်စဉ်းစား - သူများက ဒါပြီးမှ ဟိုဟာ လုပ်ပါ ပြောပေမယ့် ကိုယ့်မှာ ဟိုဟာပြီးမှ ဒါ လုပ်ရတာ လည်း ဖြစ်ချင်ဖြစ်နေ လိမ့်မယ်

၎။ အုပ်ချုပ်မှုအတွက် လိုအပ်တာတွေပြင်ဆင် - မိမိ Blog ကို ပြင်တုန်းဆင်တုန်း ကွန်နက်ရှင် ပြတ်လို့ မရဘူးလေ :D

၅။ ဆက်သွယ် မှုအတွက် အကွက်ချထား - လုပ်ရင်းကိုင်ရင်း အခက်အခဲ ကြုံခဲ့ရင် အကူအညီတောင်း လို့ ရမည့် သူရှိအောင် :D

အထက်ပါ အချက် အလက်တွေကို အပီအပြင် ကြိုတင် ပြင်ဆင်ပြီး သကာလ အားလုံးပဲ WordPress 2.6 နှင့် ပျော်ရွင် အောင်မြင်၊ မြန်ဆန် သွက်လက် ဘလော့ဂင်း နိုင်ကြသည် ဖြစ်စေသော်ဝ်! :D

ရည်ညွန်းကိုးကား

Share and Enjoy:
  • Digg
  • StumbleUpon
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • TwitThis
  • Pownce
  • Technorati
  • LinkedIn
  • Print this article!
  • E-mail this story to a friend!

7 Responses to “Another Great News for WordPress Community (WordPress 2.6 Released)”

  1. upgrade လုပ်ချင်လွန်းလို့  ဆရာသမားတွေ စမ်းသပ်ပြီးတဲ့ အချိန်ကို စောင့်နေတာ ကြာလှပေါ့..။
    ခုတော့ စမ်းလိုက်တော့မယ်..။
    ဒါနဲ့ ကိုသင်္ကြန်ရဲ့ WP Upgrading မြန်မာ ဗားရှင်း မှာ ပေးထားတဲ့ လင့်ခ်က http ပိုနေတယ်.. ပြင်လိုက်ပါဦး..။

  2. @လေးမ - ဟုတ်ကဲ့ ကျေးဇူးအစ်မ. အဆင်ပြေတယ် မလားဗျ- အစ်မပြောတာ ကျွန်တော် ပြင်ထားလိုက်ပြီ. :)

  3. လုပ်တော့လုပ်နိုင်သေးဘူးဗျာ.. သိတဲ့အတိုင်း ပိုစ်ဖတ်ပြီးတော့.. အချိန်မရလိုက်လေခြင်းကွာ လို့ အားမလိုအားမရဖြစ်မိတယ်ဗျာ.. တန်ဖိုးရှိတဲ့ပိုစ်တစ်ပုဒ်ကို မအားတော့မယ့်အချိန် အွန်လိုင်းနဲ့ဝေးမယ့်အချိန်မှဖတ်လိုက်ရတယ်.. ဒုက္ခပါပဲ… ထအော်လိုက်မိတယ်ဗျာ..

  4. @အဇ္ဈတ္တပြခန်း - ကိုမျိုးဥာဏ်တို့လည်း ဘလော့ဂ် နဲ့ ခွဲရမှာကို GF နဲ့ ခွဲရမှာထက် ကြောက်နေပုံပဲဗျ. :P
    အချိန်ရမှပဲ သေသေချာချာ စမ်းကြည့်လိုက်တော့ပေါ့ အစ်ကိုရာ. အားလုံး အဆင်ပြေပါစေ. :)

  5. wordpress automatic upgrade ကို ကျနော်ရဲ့ wordpress ထဲမှာ active လုပ်ပြီးသွားပေမယ့် Dashboard ထဲမှာကြည့်တော့ wp version က 2.5.1 ပဲဖြစ်နေတယ် အစ်ကို .. ကျနော် လုပ်တာတစ်ခုခုလိုသွားလို့များလား ???

  6. @nay - ကိုနေရာသစ် ရေ. WP Automatic Upgrade Plugin က Activate လုပ်ပြီးပြီဆိုတာနဲ့ မိမိ WP Admin Panel ထဲမှာရှိတဲ့ Manage ကို ပြန်သွားရပါမယ်။ အဲဒီ Manage Tab ရဲ့ အောက်မှာ Automatic Upgrade ဆိုတာ တစ်ခု ထပ်တွေ့ပါလိမ့်မယ်။ Automatic Upgrade ကို ကလစ်လိုက်တာနဲ့ အဲဒီ Plugin က ကိုနေရာသစ် ရဲ့ WordPress ကို Automatic Upgrade လုပ်ဖို့ အတွက် တစ်ဆင့်ပြီး တဆင့် ပြီးဆုံးသည် အထိ လမ်းညွှန်မှု လုပ်ပေးသွားပါလိမ့် မယ်ခင်ဗျား။ :)

    (ပုံမှန်အားဖြင့်တော့ WordPress New Version တွေ့ရင် အဲဒီ Plugin က မိမိ Admin Panel ထဲမှာ Automatic Upgrade လုပ်နိုင်ဖို့ Pop Up Bar လေး တစ်ခုနဲ့ အမြဲပြနေလေ့ ရှိပါတယ်။)

    အားလုံး အဆင်ပြေ အောင်မြင်ပါစေဗျာ. :)

  7. [...] WordPress 2.6 ထွက်လာတော့ အပြေးအလွှားပဲ၊ ဒီ Plugin လေး အကူအညီနဲ့ Upgrade လုပ်၊ နောက် လိုအပ်တဲ့ Update ဖြစ်တဲ့ Plugin မှန်သမျှကိုလည်း လိုက် Upgrade လုပ်၊ နောက်ဆုံး ကိုယ် သုံးနေတဲ့ Theme ကလည်း Update လုပ်လိုက်တော့ အဲဒါကိုပါ ထပ် Upgrade လုပ် နဲ့ ကျွန်တော်လည်း ဒီရက်ပိုင်း အတွင်း အပ် (Up) တွေနဲ့ အကျိုးပေးနေတယ် လို့ ဆိုရမတတ်ပါပဲ။ ဟိုနားက စူးလိုက်၊ ဒီနားက စူးလိုက်ပေါ့ဗျာ။ [...]

Leave a Reply

You can use these XHTML tags: <a href="" title=""> <abbr title=""> <acronym title=""> <blockquote cite=""> <code> <em> <strong>