ပထမ စည်းမျဉ်း၊ ဒုတိယ ဥပဒေသ၊ တတိယ အပြစ်တော်
(က)
ဒီမယ် ကိုယ့်လူ
ဒီကဗျာကို ရွတ်တဲ့ အခါ
မိုးဦးကျ ဖားသံ မဖြစ်မိဖို့
ပထမဆုံး လိုတယ်။
(ခ)
အသံနေ အသံထားကို
ပေတံနဲ့ တိုင်းပြီး
ဒက်စီဘယ်(Decibel) တွေနဲ့ မဖော်ပြမိဖို့က
ဒုတိယ အရေးကြီးတယ်။
(ဂ)
ဒီကဗျာဟာ
ကလေးဘ၀က သံပြိုင်ရွတ်ဆိုခြင်း မဟုတ်သလို
ပတ်ဝန်းကျင်ရဲ့
ရောင်ပြန် အဟပ်ခံရခြင်းလည်း မဟုတ်ပေဘူး။
(ဃ)
(သိရမှာက)
ဒီကဗျာဟာ
အမြဲတစေ ထစ်ချုန်းခြင်းနဲ့
စဉ်ဆက်မပြတ် ရွာသွန်းမှုကို
တစ်သက်တာ ရွက်တိုက်သွားစေခြင်းပဲ ဖြစ်တယ်။
(င)
ဒီကဗျာကို စီးနင်းမယ် ဆိုရင်
လေထန်ထန်၊ လှိုင်းကြီးကြီး
“တစ်မိုးတည်းအောက် တစ်ယောက်ထည်း” စိတ်ဓာတ်နဲ့
ခရီးသွားတတ်ဖို့လည်း လိုအပ်တယ်။
(စ)
မိုးရွာရွာ၊ နေပူပူ
ရင်ဘတ်ချင်း တူသူနဲ့သာ
ဒီကဗျာ ရွတ်ဆိုခွင့်ရရင်
“ကာရံ” တွေ အစင်းစင်း “လမင်း” လိုပဲ လင်းပေလိမ့်ဦးမယ်။
(ဆ)
ကိုယ့်လူရေ..
ဒီကဗျာကို
“စ”ရေးခဲ့သူ “အာဒမ့်” အတွက်တော့
ဒီနေ့ထိ. ဆပ်စရာ အပြစ်တွေ မကုန်သေးဘူးတဲ့။
(ဇ)
(ဆိုလိုတာက)
အာဒမ့်ရဲ့ “ပြစ်ဒဏ်”ကို
ဆက်လက် ခံယူဖို့
ခင်ဗျား ရင်ဘတ်တစ်ခုလုံး ချင်းချင်း”နီစွေး” နေမှကို ရလိမ့်မယ်
ဘုရားသခင် တားမြစ်တဲ့ သစ်သီးတစ်လုံး
အပုပ်အသိုး မမြန်ခင် အချိန်အထိပေါ့။ ။
မှော်ဆရာ
(12.08.2008)

















Aug 12th, 2008 at 5:46 am
ဒီမယ် ကိုယ့်လူ
ဒီကဗျာကို ရွတ်တဲ့ အခါ
မိုးဦးကျ ဖားသံ မဖြစ်မိဖို့
ပထမဆုံး လိုတယ်
ပထမဆုံး အပိုဒ်ဖတ်မိတော့ လန့် သွားတာပဲ ကိုမှော် ငါ့ကိုများပြောနေသလားဆိုပြီးး
နောက်တော့ အာဒမ်တွေ ဘုရားသခင် တားမြစ်တဲ့ သစ်သီးတစ်လုံး ဆိုတော့ အဟမ်း အ လို့  ချစ် တဲ့ အာချစ် အယ်လေး လွဲပြန်ပြီး အချစ်ကဗျာလေးပဲဖြစ်မယ်ဆိုတာ သိလိုက်တယ် ။
Aug 12th, 2008 at 6:33 am
အုံး.. အွမ်..
Aug 12th, 2008 at 5:38 pm
???
If the person who obey the discipline, who respect the law …
why have to be gulity ???
Yes, it is good to brave and strong enough if you decid to sail the lives indepedently
As we are leader of our lives !!!
It’s good poem !!! But don’t understand the last part ???
Aug 14th, 2008 at 1:55 am
ကဗျာနဲ့တော့ မဆိုင်ဘူး ကော့မန့်က။ အစ်ကို့ကို လာဖိတ်တာ။ http://myanmarbloggersociety.ning.com/ <== အဲ့ကို လာခဲ့ပါလား။
Aug 15th, 2008 at 11:14 am
စည်းမျဉ်း ဥပဒေသ အပြစ်တော် တွေ အတိုင်း ကျွန်တော်လဲ ဒီကဗျာကို ရွတ်ဆို နေပါတယ် ၊။
Aug 17th, 2008 at 4:50 pm
ဝိုး..အကိုကြီးရေ ကဗျာတွေအများကြီးပဲ
ရှယ်တွေကြီးပဲ
ပထမ စည်းမျဉ်း၊ ဒုတိယ ဥပဒေသ၊ တတိယ အပြစ်တော် ပီးတော့ စတုတ္ထ ဆုလာဘ်လေးတော့
လုပ်ပါဦး အကိုကြီးရ
ပျော်ရွှင်ချမ်းမြေ့ပါစေ ။
Aug 17th, 2008 at 8:05 pm
ဒီကဗျာကို စီးနင်းမယ် ဆိုရင်
လေထန်ထန်၊ လှိုင်းကြီးကြီး
“တစ်မိုးတည်းအောက် တစ်ယောက်ထည်း” စိတ်ဓာတ်နဲ့
ခရီးသွားတတ်ဖို့လည်း လိုအပ်တယ်။
ကြိုက်တယ် ကိုမှော်ဆရာ။
Aug 19th, 2008 at 4:49 pm
အာဒံ နဲ့  ကြံရာပါ ဖြစ်ခဲ့တဲ့ ဧ၀ Eve ရဲ့ အပြစ်တွေကလည်း ဒီနေ့ ထိ ဆပ်လို့ မကုန်သေးဘူး..။
Aug 22nd, 2008 at 8:00 pm
တစ်ကယ်ကိုကောင်းတဲ့ကဗျာတွေပါ အစ်ကို..လေးစားပါတယ်..။
ကျွန်တော့်ရင်တွင်းဖြစ်ကလေးတွေကိုလည်း ကြေငြာခဲ့ပါရစေ..။
http://aguulay.blogspot.com ကိုလည်းမျှဝေခံစားပေးပါအုံးနော်..။
(မိုးညို)
Aug 26th, 2008 at 12:00 pm
@ မောင်မျိုး - အဟုတ်ပဲ ကိုမျိုးရ. အဲဒီ စကားလုံး မပါပဲ အဲဒီ ကဗျာ ကိုရေးလို့ ရမရ စမ်းရေးကြည့်တာပါ.
[ပြောစရာ ရှိရင်တော့ ဒဲ့ပဲ ပြောရမှာပဲဗျ.
]
___________________
@ အဇ္ဈတ္တပြခန်း - ကိုပြခန်းကြီး မဆိုးဘူး. အတော်တူလာပြီ.
___________________
@ KTKMELODY - Ahh.. yeah. Sis. You’re right. The person who respects the law shouldn’t be punish, but the poem above I wrote means the other side.
I encourage you to read this page for understanding the last part of poem.
Genesis [Especially you should read carefully Chapter : 2]
Thank you so much for visiting, reading and commenting my blog!
ကိုယ်. လာဖြစ်အောင် ကြိုးစားပါ့မယ်. 



( ကျွန်တော်လည်း နောက်က လိုက်မလို့ ကြံစည်နေတယ်.
)
______________________
@ winkabar - တစ်ကူးတစ်က လာဖိတ်ပေးတဲ့ အတွက် ကျေးဇူးညီမလေး.
______________________
@ THS - ကျေးဇူးပါ ဘိုတင့်ရေ. အလည်လာ. ဖတ်ရှု အားပေးတဲ့ အတွက်.
______________________
@ ညိမ်းညို - ဟဲဟဲ. သေချာတာပေါ့ ဘိုညိမ်းရာ.. ဆုလာဘ်လေးတော့ လိုချင်သေးတာပေါ့ဗျာ.
______________________
@ လျှပ်စစ် - ကိုလျှပ်စစ်ရေ. ကျွန်တော့်ရဲ့ မတောက်တစ်ခေါက် ကဗျာအတိုအစလေးတွေကို ကြိုက်နှစ်သက်ကြောင်း ကြားရလို့ ၀မ်းသာဂုဏ်ယူမိပါတယ်ခင်ဗျာ.
_____________________
@ layma - ၂-ယောက်ပေါင်း ပြီး မိုက်တွင်း နက်ခဲ့ကြပြီကိုး. အစ်မရဲ့.
_____________________
@ moengyo - အလည်လာ၊ ဖတ်ရှုအားပေး၊ ဖိခေါ်လို့ ကျေးဇူးပါ ကိုမိုးညိုရေ…
Sep 11th, 2008 at 11:14 pm
“မိုးရွာရွာ၊ နေပူပူ
ရင်ဘတ်ချင်း တူသူနဲ့သာ
ဒီကဗျာ ရွတ်ဆိုခွင့်ရရင်
“ကာရံ” တွေ အစင်းစင်း “လမင်း” လိုပဲ လင်းပေလိမ့်ဦးမယ်။”
အဲ့ဒီ့စာသားကြိုက်တယ်…။
Sep 17th, 2008 at 6:17 am
နှစ်ယောက်ခရီးသွားတတ်ဖို့ကော အရေးမကြီးဘူးလား
တစ်ယောက်ထဲထက် နှစ်ယောက်က ပိုခက်လားလို့ပါ 
Sep 18th, 2008 at 9:07 am
အပြစ်ဒဏ်ခံပြီးစားပါမယ်ဆိုတာတောင် အဲဒီ့ ပန်းသီးပုပ်က ဘယ်ရောက်နေမှန်းမသိဘူး အကိုရေ။ ရှာပေးကြပါ တားမြစ်ထားတဲ့ အသီးကို။
Oct 22nd, 2008 at 3:56 pm
ရင်ဘတ်ချင်း တူသူခေါ်ပေးပါ လားဟင်။ ရန်ကုန်မှာ မီးက တအားပျက်နေတော့
ညဆို မအိပ်တမ်းရွတ် ခွင့်ရချင်လို့ပါ။ ပြီးတော့ နာဂစ်ဖြစ်ပြီး ကတည်းကကြောက် တတ်နေလို့
ရန်ကုန်က လူအတွက်ဆို လှိုင်းထန်ထန် လေကြီးကြီး တစ်မိုးတည်းအောက်မှာ နောက်တစ်ယောက်
လောက်ခေါ်ခွင့်ပေးပါ။ကျန်တာ အားလုံးလိုက်နာ ပါ့မယ်။ မိုးဦးကျ ဖားလိုလည်းမရွတ် ပါဘူး ။
မိုးနှောင်း ထိ မိုးမကုန်သေးလို့ ၀မ်းသာ နေတဲ့ဖားလိုပဲ ရွတ်ပါ့မယ်။ ဒါပေမယ့် အသံဘယ်လိုထွက်
ရမှန်းတော့ မသိပါဘူး။ ‘ က ‘ကနေ ‘ ဇ ‘အထိ အသံမထွက်ပဲ ဖတ်တာတော့ သိပ်ကောင်းတာပဲ တကယ်ပါဗျာ။
Oct 29th, 2008 at 8:29 pm
@BLACK DREAM - ဖတ်တဲ့ သူတစ်ယောက် အတွက် ကြိုက်မိတာ တစ်ခုခုပါသွားတယ် ဆိုတာ သိရလို့ ကျေးဇူးပါညီ။
သွားတတ်အောင် ကြိုးစားရမှာပေါ့ဗျာ။
_______________________
@apprenticeship - Definitely ပေါ့ဗျာ. AP ရ.
_______________________
(J/K)
အကြောင်းပြချက်တွေကလည်း ခိုင်လုံနေတော့ .. ကျွန်တော် ရင်ဘတ်နဲ့ စာနာမိပါတယ်ဗျာ ဆိုတာအပြင် ပြောစရာ စကားရှာမတွေ့နိုင်တော့ ပါလားဗျို့.. (စာအုပ်တစ်အုပ်ထဲကနေ ခပ်တည်တည်နဲ့ ယူပြောလိုက်ပြီ.
)
@kokoye2007 - အဲဒါတော့ ဒုက္ခပဲ ကိုကိုရဲရေ. ကျွန်တော်လည်း ကိုယ့် ပန်းသီးကိုယ်တောင် ပုပ်မသွား၊ ပိုးထိုးမသွားအောင် မနည်း ကြိုးစားထားရတာဆိုတော့ ဂွကျတာပဲ… မိုးနတ်မင်း ကြီးကို အကူအညီ တောင်းကြည့်ဗျာ.
_______________________
@yu - ၎င်းက ပိုဂွကျသွားပြီ ယုရေ။