အတိမ်အနက်
(က)
တော်စမ်းဗျာ.
ဒီမှာ.. ခင်ဗျားရဲ့
အရိုးကွဲမတတ် ပြက်လုံးတွေကို
နားထောင်ရလွန်းလို့
ကျုပ်.. “ရင်ကျိုး” သွားနိုင်တယ်။
(ခ)
“ငါ့စကား နွားရ” ဆိုတဲ့ အတိုင်း
လျှာဖျားလေး မှာတင် ခြံခတ်လို့
ခင်ဗျားမွေးထားတဲ့
နွားကောင်ရေ..
ဘယ်လောက်များ ရှိသွားပြီတုန်း။
(ဂ)
ခင်ဗျားက
ပွင့်ပွင်းလင်းလင်း နင်းချေတယ်.
ယုံကြည်ချက် ကို ကိုးကွယ်တဲ့
ကျုပ်စိတ်ဓာတ် မှာသာ
အသံမဲ့ လေးစားမှုတွေ
ခဏခဏ ကျကျကွဲ။
(ဃ)
ဘာတဲ့.
“အသီး လိုချင်ရင် အပင်စိုက်”. တဲ့
ဟုတ်လား..
ခင်ဗျား ခဏခဏပြောခဲ့တဲ့စကား.
(ဟား..ဟား…ဟား..)
မွေးထားတဲ့ ငှက်တစ်ကောင် စားဖို့
သစ်စေ့ တစ်စေ့တောင် ချမကြွေးခဲ့ ဖူးတဲ့ ခင်ဗျား.
အဲဒီ စကားတွေနဲ့တင်
ကိုယ့်ကိုယ်ကို “ချစား” ပစ်ခဲ့တာ ကြာပြီ ဆိုတာ သိရဲ့လား.။
(င)
ကျေးဇူးပြု၍ဗျာ.
ဒီမှာ တစ်ဆိတ်လောက်.
ရင်ဘတ်ကြီးနဲ့
ခင်ဗျား ရှေ့နေလုပ်ပေးစရာ မလိုပါဘူး
“၀တ္တရား” ဆိုတဲ့
ခင်ဗျားရဲ့
ရေလဲ ဘောင်းဘီ အစုတ် တစ်ထည်လောက်နဲ့တင်
ကျုပ် အဖို့ လုံခြုံ နေပါပြီ။
“ကျေးဇူး တင်ပါတယ်.”
မှော်ဆရာ
(01.08.2008)

















Aug 1st, 2008 at 4:14 am
ဘာတဲ့.
ပေါက်ကွဲထားတာ ကြိုက်တယ် ။
“အသီး လိုချင်ရင် အပင်စိုက်”. တဲ့
ဟုတ်လား..
ခင်ဗျား ခဏခဏပြောခဲ့တဲ့စကား.
(ဟား..ဟား…ဟား..)(ဟား..ဟား…ဟား..)ထပ်ဖြည့်တာ
Aug 1st, 2008 at 6:15 am
ခံစားချက်တွေ အန်အန်ချနေတာ
ကဗျာကအတော်ကောင်းတယ်
တချို့ အပင်တွေက အသီးမသီးဘူး
“သတိ” နော်..
Aug 1st, 2008 at 5:09 pm
နာကျဉ်းတဲ့ ပေါက်ကွဲသံစဉ်လေးတွေ တွေ့ရတယ်ဗျို့.. ရယ်သံမှာ ခြောက်ကပ်စွာတွေ့ယ်.. သဘောကျတယ်ဗျာ.. ရေးတတ်ချင်ပါတယ်..
Aug 2nd, 2008 at 12:40 pm
ပေါက်ကွဲသံစဉ်တွေပါလားဗျို့ 
Aug 2nd, 2008 at 1:44 pm
အတိမ်အနက် ကောင်းတယ် အကိုရေ ၊ ရေးသားပုံလေးတွေ ကြိုက်တယ် ၊ သုံးသွားတဲ့ အသုံးလေးတွေ လှတယ်ဗျ ။
Aug 2nd, 2008 at 1:46 pm
ဒီကဗျာလေးက အစ်မ ခဏခဏ ဖြစ်ခဲ့ရတဲ့ ခံစားချက်လေးနဲ့  တိုက်ဆိုင်လို့  သဘောကျတယ်..။
Aug 3rd, 2008 at 6:19 pm
@ မောင်မျိုး - ကျေးဇူးပါ ညီလေးရေ.




___________________________
@ Apprenticeship - ဟုတ်တယ် AP ရေ၊ အသီးသီးအောင် ရေလောင်း ပေါင်းသင်ရမှာပေါ့ဗျာ.
___________________________
@ အဇ္ဈတ္တပြခန်း - ဟုတ် အစ်ကိုရေ. ကျေးဇူးပါဗျာ. အစ်ကို့ဆီက အဲလို အားပေးသံတွေ ကြားရတာ အရမ်းအားတက် မိပါတယ်ဗျာ.
___________________________
@ လင်း - ဟုတ် လင်း.တစ်ခါတစ်လေ ကွဲကြည့်တာဗျို့. ရမလားလို့.
___________________________
@ THS - ကျေးဇူးပါ ညီရေ. လာအားပေးတဲ့ အတွက်။
___________________________
@ လေးမ - ဟုတ်ကဲ့ အစ်မရေ. ကျေးဇူး.. ခံစားချက်တွေ တူညီပေးတဲ့ အတွက်.
Aug 3rd, 2008 at 8:20 pm
ကောင်းလှချည်လား…. ဒီလိုတွေးရေးတော့လည်း တော်တော်ဖတ်လို့ကောင်းသား….
Aug 4th, 2008 at 6:38 pm
ခဏခဏ ကျကျကွဲခြင်းမှကင်းဝေးပါစေ။
Aug 6th, 2008 at 9:05 pm
@ KTKMELODY - ပေးတဲ့ ဆုနဲ့ ပြည့်ပါစေ. အစ်မရေ.
Aug 8th, 2008 at 8:55 am
ပျောက်နေပါလားး အလုပ်တွေရှုပ်နေတာလား အစ်ကို or အရှုပ်တွေလုပ်နေတာလား
Aug 8th, 2008 at 10:25 pm
စကားလုံးတွေ အားကောင်းတယ် အစ်ကိုရာ…။
Aug 11th, 2008 at 10:21 am
@ မောင်မျိုး - ညီကိုမျိုးရေ. ဟုတ်တယ်ဗျို့. ကျွန်တော် အလုပ်တွေ နဲနဲ ရှုပ်နေလို့ဗျာ. ဘယ်မှလည်း မသွားလာနိုင်ဘူး ဖြစ်နေတယ်.
_________________________
@ BLACK DREAM - ကျေးဇူးပါညီရေ. လာအားပေးလို့.
Aug 17th, 2008 at 5:02 pm
ကိုကြီးမှော်ရေ စကားလုံးတွေ မှော်အောင်နေပီ
ကဗျာမှော်သားဓာတ်တွေ တထွေးကြီးရလိုက်တယ်ဗျာ နည်းပညာဆောင်းပါးတွေအပြင်
ကဗျာတွေကိုလဲ တခုတ်တရ ရေးရေးပေးလို့
အကို့ရဲ့ ကဗျာပရိသတ်အနေနဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
ပျော်ရွှင်ချမ်းမြေ့ပါစေ
Aug 26th, 2008 at 1:13 pm
@ ညိမ်းညို - ကျေးဇူးပါ ညီရေ. ကဗျာလာဖတ်တဲ့ အတွက်ရော . မှတ်ချက်တွေ အတွက်ရောပေါ့…