အမုန်းစာရင်း
(က)
စားပွဲပေါ်မှာ လက်ဆွဲနှုတ်ဆက်ရင်း
စားပွဲအောက်မှာ သေနတ်နဲ့ ချိန်ထားကြတဲ့
ပြုံးပြုံးကြီး လုပ်နေတဲ့
ကမ္ဘာ့ခေါင်းဆောင်ကြီးများ ဆိုသူတွေလည်း မုန်းတယ်။
(ခ)
ပူတော့လည်း ကျောကော့
အေးတော့လည်း သွေးခဲ
အဲဒီ..
ရာသီဥတု ဆိုတဲ့ ငနဲကိုလည်း မုန်းတယ်။
(ဂ)
ဝိ၀ါဒတွေ အမျိးမျိုးကွဲပြား
အထိတ်ထိတ် အလန့်လန့်နဲ့
ကျီးလန့်စာ စားနေကြရတဲ့ လူသားတိုင်းအတွက်
ရုပ်ပြောင်ထဲက
သမ္မတကြီးများ ဆိုသူတွေလည်း မုန်းတယ်။
(ဃ)
အသစ်တီထွင်ဖို့သာ ပဓာန
ကျန်တာ သူတို့ (အတီထွင်ခံပစ္စည်းတွေ) ဘ၀လို့ ဆိုပြီး
ကျုပ်ကို တစ်စစီ ဖြုတ်လိုက်၊ တပ်လိုက် လုပ်နေကြတဲ့
သိပ္ပံပညာရှင်များ ဆိုသူတွေလည်း မုန်းတယ်။
(င)
“အဖွဲ့အစည်း”က အဓိက ဖြစ်လိုက်
“လူသားဘ၀” သာ အဓိက ဖြစ်လိုက်နဲ့
တစ်ချိန်လုံး ငြင်းခုန်နေကြတဲ့
ဒဿနပညာရှင်များ ဆိုသူတွေလည်း မုန်းတယ်။
(စ)
ရေကြီးလိုက်၊ မြေပြိုလိုက်
လေတိုက်လိုက် ၊ အသေရိုက်လိုက် လုပ်နေတဲ့
ကျုပ် ထမ်းထားရတဲ့
သဘာဝ ဆိုတဲ့ ဘဲကြီး ကိုလည်း မုန်းတယ်။
(ဆ)
အတွင်းကို လျစ်လျူရှုပြီး
မှန်ပြောင်း တစ်လက်နဲ့
အလင်းနှစ် သန်းပေါင်းများစွာကိုသာ အာရုံပြုနေတဲ့
နက္ခတ္တဗေဒ ပညာရှင်များကိုလည်း မုန်းတယ်။
(ဇ)
နေရာ တစ်ချို့မှာ
“နွေ” ကို “ဆောင်း” လုပ်ပြီး ဇိမ်ခံနေကြချိန်
တစ်ချို့နေရာတွေမှာတော့
“ဆောင်း” တစ်တွင်းလုံးစာ
ပေါင်မုန့် တစ်ချပ်တောင် မစုထားနိုင်သေးတဲ့ အဖြစ်တွေနဲ့
ညီမျှခြင်း မချနိုင်ဖြစ်နေတဲ့
ကျုပ်ကိုယ်ကျုပ် အမုန်းဆုံးပဲ။ ။
မှတ်ချက်။ ။ “ကမ္ဘာကြီး” ၏ ကိုယ်စား ခံစားရေးဖွဲ့သည်။

















Aug 9th, 2008 at 1:04 am
ဂရိတ်ပဲအကိုရေ ၊ ကမ္ဘာကြီးရဲ့ အမုန်းစာရင်းတွေ အားလုံး လန်းတယ် ၊ အဆင်ပြေပါစေ ခင်ဗျာ
Aug 9th, 2008 at 3:40 am
မိုက်တယ် ကိုမှော်ရေ အားပေးနေပါတယ်
Aug 9th, 2008 at 4:15 am
မိုက်တယ် ဆရာမှော် ကမ္ဘာကြီးပြောချင်နေတာတွေကို ကိုယ်စားပြောပေးတဲ့အတွက် ကျေးဇူးပါတဲ့
Aug 9th, 2008 at 1:33 pm
ကမ္ဘာကြီး အဲလောက်မုန်းတတ်နေမှန်း ခုမှပဲ ရိပ်စားမိတော့တယ်..။
ကမ္ဘာကြီးရေ… လျှော့… လျှော့.. စိတ်ကို လျှော့…။
ကမ္ဘာကြီး က ထပ်ပြောသေးတယ်… ကျုပ်ကို ဓါးစားခံလုပ်ထားတဲ့ ကဗျာဆရာကိုလည်း မုန်းတယ်တဲ့ …။
Aug 9th, 2008 at 4:25 pm
ကမ္ဘာကြီး က သာမန်လူသားတွေကိုတော့ မမုန်းဘူးပေါ့၊ ဟုတ်လား
Aug 9th, 2008 at 4:51 pm
အဟားးးး။ ဟုတ်ပါ့ဗျာ… အမုန်းစာရင်းက တကယ့်ကို မှန်နေပါလား…. ကောင်းတယ်….
Aug 9th, 2008 at 6:50 pm
ကောင်းတယ်ဗျာ။ အခုရေးထားတာလေး။ ဒါနဲ့ ရုရှ-မြန်မာ အဘိဓါန်မှာ လာကူညီပေးပါလားဗျာ။ အားကိုးပါရစေ။ http://www.ru-mm.org မှာပါ
Aug 10th, 2008 at 1:46 pm
ကောင်းတယ်ဗျို့၊ ဒါသဘာဝပဲ
Aug 11th, 2008 at 8:02 am
စိတ်လျှော့အကိုရေ စိတ်လျှော့
စိတ်ထဲမှာပေါ်လာတာတွေ ရေးတတ်တဲ့ အကျင့်ကိုတော့ အမုန်းစာရင်းထဲ မထည့်လိုက်နဲ့နော့်။
Aug 11th, 2008 at 10:44 am
@ THS - ကျေးဇူးညီရေ.. ကဗျာဆရာ ညီတို့ ဆီက အားပေးသံတွေက တစ်ကယ် အားတက်စေပါတယ်.







__________________
@ mtj - ဟုတ် ကိုသင်္ကြန်ကြီး. အမြဲ လာအားပေးတဲ့ အတွက် ကျေးဇူး.ပါဗျို့.
__________________
@ မောင်မျိုး - စာတွေအမြဲ လာဖတ်ပြီး အားပေးတဲ့ အတွက် ကျွန်တော်ကလည်း ညီကိုမျိုး ကိုကျေးဇူးပါဗျာ.
_________________
@ layma - ဟဲဟဲ.. ကျွန်တော်က ဓားစာခံပဲ လုပ်တာနော် အစ်မ. ပြန်ပေးဆွဲတာ ဟုတ်ဘူး.
_________________
@ လင်း - အဲလိုပဲ ထင်ရတာပဲဗျို့ လင်း.
_________________
@ လင်းဦး(စိတ်ပညာ) - ဟုတ်ကဲ့ ကိုလင်းဦး. လာဖတ်သွားလို့ ကျေးဇူးဗျို့.
_________________
@ ဘလူးဖီးနစ် - လာလည်သွားလို့ ကျေးဇူး အစ်ကိုကြီး. Ru-MM Dictionary ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် အစ်ကိုကြီး ကို သပ်သပ် ဆက်သွယ်ပါ့မယ်ခင်ဗျာ.
_________________
@ wunna - ဟုတ်ကဲ့ ကိုဝဏ္ဏ . လာအားပေးလို့ ကျေးဇူး.
_________________
@ မင်းကျန်စစ် - ကျေးဇူး ညီလေး.. စိတ်က လျော့ထားပါတယ်ဗျာ..
Aug 11th, 2008 at 3:10 pm
အရမ်းကိုကောင်းပါတယ် အစ်ကိုရေ၊ လေးစားပါတယ်ဗျာ။ အတွေးအခေါ်တွေနော်… မိုက်တယ်။
ဒီလိုတွေးနေတဲ့ လူတွေကိုရော ကမ္ဘာမြေကြီးက မုန်းတာပဲနော်… အစ်ကိုလဲပါတယ်.. သူမုန်းတဲ့ထဲမှာ… ပျော်ရွင်ပါစေဗျာ….
Aug 12th, 2008 at 2:32 am
@ saiaung - လာလည် ဖတ်ရှု အားပေးသွားတဲ့ အတွက် ကျေးဇူးပါ ကိုစိုင်းအောင်ရေ.. အဆင်ပြေ ပျော်ရွင်ပါစေဗျာ.
Aug 12th, 2008 at 6:27 am
ဆရာမှော်က တယ်ပြောင်မြောက်ပါ လား … မလာနိုင်တာ အတော်ကြာပြီ လာခဲ့တော့လဲ.. အတွေးပေါင်းများစွာနဲ့ခံစားမှုလေးကို သီကုန်းထားတာ လှတယ်ဗျာ.. အားကျတယ် .. ကောင်းတယ်ဗျို့.. အားပေးနေမယ်..
Aug 12th, 2008 at 3:07 pm
Equalization is set by us, nobody else …
Wanna to equalize …
All you need to do is just neglect all the events of life and let it go naturally …
So, there won’t be lists of Hates …
Sure, there will be list of Loves …
Don’t forget that …
We all equal in certain things …
We all born and died …
We all leave the world with nothing …
We all feel for the life …
Hope to have list of loves
Aug 17th, 2008 at 4:57 pm
ကမ္ဘာကြီးသာ စကားပြောခဲ့ရင်လဲ ဒီအမုန်းစာရင်းတွေပဲ ထွက်ကျလာမှာပါ အကိုမှော်ရေ …။
ကမ္ဘာမြေကြီးရဲ့ ပြောရေးဆိုခွင့်ရှိသူ အကိုမှောဆရာကြီး ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ
Oct 23rd, 2008 at 3:18 pm
အမုန်းတွေ ..စုထားတယ်ကြည့်ပါအုံး
နည်းနည်းနှောနှောပဲနော်
ကိုမှော်ဆရာပျော်ရွှင်ကျန်းမာပါစေ
Oct 29th, 2008 at 8:18 pm
@အဇ္ဈတ္တပြခန်း - အမျိုးအစား မရွေး အမြဲလာအားပေးတဲ့ အတွက်ကျေးဇူးပါ ကိုမျိုးခင်ဗျာ။


Anyway. လာလည်လို့ ကျေးဇူးပါဗျာ။
______________________
@KTKMELODY - Comment အတွက် ကျေးဇူးပါ အစ်မခင်ဗျာ။ အစ်မပြောတဲ့ အမျိုးအစားကဗျာ ကိုတော့ ရေးဖို့ ကြိုးစားပါဦးမယ် ဆိုတဲ့ အကြောင်း။
______________________
@ညိမ်းညို - ကျေးဇူးပါ ညီ။ လာအားပေးလို့။
______________________
@လမင်း - နဲသေးတယ် လို့ ဆိုလိုတယ် ထင်တယ် ကိုလမင်းက.