အမဲလိုက် ကဗျာ

(က)
ဟောဟို ခပ်လှမ်းလှမ်း
အစိမ်းရောင် တောအုပ်ထဲ
ဂူအောင်းနေတဲ့ မြို့ပျက်ကြီး တစ်လုံးရှိတယ်။
(ခ)
အလျားလိုက်
တွားသွားနေတဲ့ ကားတွေ၊ ရထားတွေ နဲ့
ဒေါင်လိုက် ရွေ့လျားနေတဲ့
ကောင်မလေးတွေ လည်း ရှိရဲ့။
(ဂ)
နောက်ကျိစီးဆင်း ရေတွေကို
သေသေချာချာ
သတ်ဖြတ်ခံထားရတဲ့ အနားနှစ်ဖက်နဲ့
မြွေတစ်ကောင်လို ကုန်းပိုးရွေ့လျား နေတဲ့ မြစ်တစ်စင်းလည်း ရှိတယ်။
(ဃ)
မျက်စပစ်နေတဲ့ ဖန်ရောင်၊ မှန်ရောင်တွေအောက်
အိုဟောင်းနေတဲ့ မြို့ပျက်ကြီးမှာ
မဆံ့မပြဲ ၀ါးမြှိထားရတဲ့
မိုးမျှော်တိုက်ကြီးတွေကလည်း အများသားလား။
(င)
ရှုပ်ထွေးညစ်ညူးမှု ချုံနွယ်ကိုယ်စီ ပေါက်ရောက်လို့
လမ်းသလား နေကြတဲ့ လူတွေကြားထဲ
မီးကျိုးမောင်းပျက် အတွေးကိုယ်စီနဲ့
ကျုပ်တို့ (သွေးအေးအေးပဲ) အမဲလိုက်ခဲ့ကြတယ်။
(စ)
မီနီစကဒ်ဝတ် မြို့ရဲ့ ယဉ်ကျေးမှုကတော့
ရီဝေေ၀ ကျုပ်ဦးနှောက်ကို
ဖန်ခွက်နှုတ်ခမ်းချင်းထိသံ တစ်ချွင်ချွင်ပေးပြီး
ခဏခဏ ဖောက်ဖောက်စားတတ်သလား စားသေးရဲ့။
(ဆ)
အပြင်းစား လမိုက်ညတစ်ခုမှာ
ခေတ်သစ်အရိုင်းတေး ဗုံသံ အတိုင်း
တုန်ခါနေတဲ့ ဒစ္စကိုမီးပွင့်တွေအောက်
အရိုင်းမလေးတွေနဲ့ တွဲကနေသူတွေလည်း ရှိတာပေါ့။
(ဇ)
ဒီလိုနဲ့
ငါးမရရင် ရေချိုးပြန်တတ်သူ
ဘုရားဖူးရင်း လိပ်ဥတူးချင်သူ
ဘ၀ကို မုဆိုးစိုင်သင်သလို လုပ်ချင်ရာလုပ်တတ်သူ
အပေါင်းသုံးဦး
အဲဒီ .တောကြီးမျက်မဲ မြို့ထဲပြထဲ
အခိုးအငွေ့တွေလို၊ ပယင်းရောင်လို
ခေတ်သစ်ဗုံသံလို၊ နတ်ပွဲတစ်ပွဲလို
ခရီးသွားတွေလို၊ နယ်မြေသစ်ရှာဖွေသူတွေလို
ရမ္မက်ဆန်တဲ့ ယမ်းနံ့တွေလို၊ အဖုံးဖွင့်စ ဘီယာတစ်ဗူးလို
ဘာတစ်ခုမှ မပါတဲ့ လက်ဗလာ အတိနဲ့
ပဉ္စမမြောက် ကချေသည်ကို ကြည့်ရှုရင်း
ခေတ်မုဆိုးရဲ့ အပစ်အခတ်တွေအောက်
ရက်ရက်စက်စက် အမဲလိုက်ခြင်း ခံခဲ့ကြရပေါ့။    ။

မှတ်ချက်။    ။ ခရီးသွားရင်း၊ ကိုလေးဖြူရဲ့ “အမဲလိုက် အက” ကိုနားထောင်ရင်း ရေးဖွဲ့ဖြစ်ပါသည်။

မှော်ဆရာ
(23.08.2008)

Share and Enjoy:
  • Digg
  • StumbleUpon
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • TwitThis
  • Pownce
  • Technorati
  • LinkedIn
  • Print this article!
  • E-mail this story to a friend!

8 Responses to “အမဲလိုက် ကဗျာ”

  1. ကဗျာထဲမှာ မျောသွားတယ် တောအုပ်ထဲရောက် ကောင်မလေးကိုတွေ့  မြစ်ထဲဆင်းပြီးရေကူး :P စုံနေတာပဲ ကိုမှော်ရေ့ ဘီယာသောက် ဗုံသံနားထောင် အရိုင်းမလေးတွေနဲ့ တွဲကပြီး ပြန်တော့မယ် မူးလို့  အိပ်ပြီး :D

  2. Cave, girls, forest, rivers which resemble snakes, dancer, the three friends .. bla bla bla …
    lately, the fifth one could be unlucky … :)

    … Oopss ,, since when snake got ears … ??? kidding :)

  3. အမဲလိုက်ခဲ့ကြတဲ့ ခရီးသွားကဗျာတစ်ပုဒ်လို့တော့ထင်တယ် ၊ စကားလုံးအသုံးတွေ အရမ်းကြိုက်တယ်ဗျ ၊ကဗျာကောင်းတစ်ပုဒ်ဖတ်ရတဲ့အတွက် ကျေးဇူးပါ ..။

  4. အပြင်းစား လမိုက်ညတစ်ခုမှာ
    ခေတ်သစ်အရိုင်းတေး ဗုံသံ အတိုင်း
    တုန်ခါနေတဲ့ ဒစ္စကိုမီးပွင့်တွေအောက်
    အရိုင်းမလေးတွေနဲ့ တွဲကနေသူတွေလည်း ရှိတာပေါ့။

    သူများတွေတော့ ဟုတ်မယ်မထင်ဘူး..
    ပြီးခဲ့တဲ့နှစ်တုန်းကလဲ သာဓက တွေကရှိခဲ့ဘူးတော့… ^_^

  5. အလို .. ဘလော့ဂ်ရွာထဲ ခြေဆန့်  လာလိုက်တာ… တောကြီး မျက်မည်းထဲတောင် ရောက်လာပါပေါ့လား …။
    အဟဲ… အစိမ်းရောင် တောအုပ်ထဲ
    ဂူအောင်းနေတဲ့ မြို့ပျက်ကြီး… ဆိုတာ.. ဘယ်မြို့ ကြီးပါလိမ့်…။

  6. @ မောင်မျိုး - ကောင်းတယ် ညီမောင်မျိုးရေ. တစ်ခါတစ်လေလည်း ပျော်ပျော်ပါးပါးပေါ့. :)
    __________________________
    @ KTKMELODY - ဟဲဟဲ… အစ်မကတော့ လုပ်ပြီ.. ။ :D ဘာပဲ ဖြစ်ဖြစ် သတိတရနဲ့ မှတ်ချက်လာချီးမြှင့်ပေး လို့ ကျေးဇူးပါ အစ်မ. :)
    __________________________
    @ THS - ဟုတ်တယ် ဘိုတင့်ရေ. အမဲလိုက်ဖို့ ကြိုးစားရင်း ကိုယ်တိုင် အမဲလိုက်ခံ လိုက်ရတဲ့ အဖြစ်လေးပါ :)
    __________________________
    @ DanFader - ဟားဟား. မစ္စတာ ဒန် တို့တော့ ခပ်ပါးပါးနဲ့ တွယ်တဲ့ လိုက်ပြီ.. . :P Anyway, thanks a lot for comment!
    __________________________
    @ လေးမ - အဟုတ်ပဲ အစ်မရေ. တောကြီးမျက်မဲဖြစ်သွားတာ ကြာပြီ။ ဒါပေမယ့် လူတွေကတော့ အာရုံငါးပါးတွေနဲ့ ရှုပ်ရှက်ခတ်နေကြတုန်းပဲဗျ. (ကျွန်တော်လည်း မလွတ်နိုင်သေးဘူး :D )

  7. မော်‌ဒန်‌ ၀ါရင့်နေတဲ့ မော်ဒန်ဆရာတစ်ယောက်ရဲ့ ကဗျာကို ဖတ်ရသလိုပဲ။
    အတွေးအခေါ်ရော အသုံးအနှုန်းတွေရော အရမ်းအားကောင်းတာပဲ။ အမဲလိုက်တောကြီးကို ဖွဲ့ထားတာ လည်း အင်မတန် ပီပြင်တယ်။ ကဗျာ ကိုဖတ်ရင်း အရုပ်တွေကိုပါ ကွက်ကွက်ကွင်းကွင်း တွေ့ရတော့ မှကိုယ်ကိုယ်တိုင်လည်း အမဲလိုက်မြို့ပျက်ကြီး ထဲမှာ အပိုင်းအစတစ်ခု ဖြစ်နေတာ သတိထားမိသွားတယ်။ ဒီလို ကဗျာမျိုး ဖတ်ရတာဟာ မွန်းကြပ်နေတဲ့ စိတ်ကိုထွက်ပေါက်လေး
    တစ်ခု ဟပေးလိုက်ရသလိုပါပဲ…..နောက်ထပ်အများကြီး ဖတ်ချင်ပါသေးတယ်………

  8. @yu- နေရထိုင်ရ အတော်ကျပ်သွားတယ်ဗျို့.။ ကိုယ့်ဟာကိုယ် အဲလောက် မဟုတ်မှန်းသိတော့ နောက်ထပ် ကဗျာရေးရမှာတောင် နဲနဲ လက်တွန့်သွားတယ်ဗျာ။ :D ဘာပဲဖြစ်ဖြစ် ကဗျာကို ကြိုက်တာ သိရလို့ ဝမ်းသာမိတဲ့ အပြင် Comment အတွက်ပါ ကျေးဇူးအထူး တင်မိပါတယ် မယု ခင်ဗျား။ :)

Leave a Reply

You can use these XHTML tags: <a href="" title=""> <abbr title=""> <acronym title=""> <blockquote cite=""> <code> <em> <strong>