ကျွန်တော် မပြောချင်တဲ့ ကျွန်တော့် အကြောင်း
နိဒါန်း
ကျွန်တော် ဘလော့ဂ်မှာ ပို့စ် အသစ်မတင်ဖြစ်၊ ပုံမှန် Update မလုပ်ဖြစ်တာ အတော်ကြာသွားပါပြီ။ (ကျန်တဲ့ လုပ်ထားကိုင်ထားတဲ့၊ အစပြုထားတဲ့ ဘလော့ဂ်တွေမှာလည်း ဒီအတိုင်းပါပဲ။) ကိုယ်ရေးကိုယ်တာတွေရယ်၊ နောက် ကိုယ်ရေးကိုယ်တာ မဟုတ်တာတွေရယ်၊ တာဝန်တွေရယ်၊ ကိုယ်ကိုယ်တိုင်ကကို သေသေချာချာနဲ့ ပိုင်ပိုင်နိုင်နိုင် မသိပဲ ပို့စ်တစ်ပုဒ်ကို ရေးလိုတဲ့ ဆန္ဒမရှိ ဖြစ်နေတာတွေရယ် နှင့် နောက်ဆုံးတစ်ချက် အပျင်းဖက် နေတာတွေရယ်က ဒီလို ဖြစ်သွားစေတာပါပဲ။ ဆိုလိုတာကတော့ အဲဒီလို ကိုယ်တင်ချင်မှ တင်၊ မတင်ချင်နေမယ် ဆိုတဲ့ ပုံစံမျိုး ဖြစ်နေရတာဟာ ဒီဘလော့ဂ် နှင့် တကွ ကျန်တဲ့ ကျွန်တော် အစပြုထားတဲ့ ဘလော့ဂ်များမှာ စာလာဖတ်သူတွေကို ပမာမခန့်၊ မလေးမစားလုပ်တဲ့ အပြုအမူမဟုတ်ပါကြောင်း ပထမဆုံး အသိပေးလိုပါတယ်။
ကျွန်တော် အရင့်အရင် ပို့စ်တွေမှာလည်း ရေးခဲ့ဖူးပါတယ်။ အပျော်တမ်းပဲ ဖြစ်ဖြစ်၊ တကယ့်ကို ပရော်ဖက်ရှင်နယ် အနေနဲ့ ဖြစ်ဖြစ် ဘလော့ဂ်ရေးသားသူ တစ်ဦးတစ်ယောက် အတွက် သူ့ဘလော့ဂ်ရဲ့ Reader တွေဟာ သူ့ရဲ့ ထုတ်ဝေသူ၊ ဖြန့်ချီသူ၊ ၀ယ်ယူအားပေးသူတွေပါပဲ။ သူတို့ ချီးမြှင့်ခဲ့တဲ့ မှတ်ချက်တွေ၊ နှုတ်ဆက်သံတွေ၊ ဝေဖန်မှုတွေ၊ အကြံပြုချက်တွေက ဘလော့ဂ်ရေးသူ တစ်ဦး အတွက် နောက်ထပ် စာတွေ အများကြီး ရေးဖြစ်လာအောင် အားဆေးတစ်ခွက်လို စွမ်းဆောင်ပေးပါတယ် ဆိုရင် ဒီအချက်ကို ငြင်းပယ်မဲ့ ဘလော်ဂါ အတော်ရှားပါလိမ့်မယ်။
ဆိုလိုရင်းကတော့ ကျွန်တော့်ကိုယ်၌ကလည်း ဘလော့ဂ်ရေးသူ တစ်ဦး၊ ဒါမှမဟုတ် ကိုယ့်ရဲ့ ဖန်တီးမှု ခြောက်တီးခြောက်ချက် လေးတွေကို ချပြချင်နေသူ တစ်ဦးဖြစ်တဲ့ အခါမှာ အထက်ပါ ဘလော်ဂါအတော်များများ ထားကြတဲ့ သဘောအတိုင်းပဲ ကိုယ့်ဘလော့ဂ်ကို စာလာဖတ်သူတွေအားလုံးကို လေးလေးစားစားနဲ့ ဆက်ဆံပြောဆိုပြီး သိပ်ကို ကျေးဇူးတင်မိတဲ့ ဆန္ဒအမြဲရှိပါတယ်။ ဒါပေမယ့် လည်း အခြေအနေ အကြောင်းကြောင်း ကြောင့် ပုံမှန် Update မလုပ်နိုင်တာမျိုးတွေ အတွက်တော့ အထူးဝမ်းနည်းမိပါကြောင်းနဲ့ တတ်နိုင်သမျှ ပုံမှန် Update ပြုလုပ်နိုင်အောင် ကြိုးစားပါမယ့် အကြောင်း လေးလေးစားစားပဲ အသိပေးလိုပါတယ်။
Tag ခြင်းနှင့် ကျွန်တော်
နိဒါန်း ချီနေတာ အတော်ရှည်သွားပါပြီ။ အမှန်တစ်ကယ်ကတော့ ဒီနေ့ အခုလက်ရှိ လူကြီးမင်း ဖတ်နေတဲ့ ဆောင်းပါး (ထားပါတော့ Post တစ်ပုဒ်ပဲ) က ကျွန်တော့်ကို မလေးမ Tag လုပ်ထားတဲ့ အကြောင်းကို ရေးဖို့ အစပျိုးနေတာပါ။ အမှန်အတိုင်းပြောရရင် ကျွန်တော် Blog စရေးကတည်းက Tag ထားတယ် ဆိုတာကို ရေးလေ့ရေးထ မရှိခဲ့ပါဘူး။ (မှတ်မှတ်ရရ ဘလော့ဂ် စရေးကတည်းက အခုတစ်ကြိမ်နဲ့ ပေါင်းမှ ၂-ခါလားပဲ Tag လုပ်ခံရဖူးတာလည်း ပါမှာပါ) အပေါ်ကစကားနဲ့ ဆက်စပ်ပြီး ပြောရမယ် ဆိုရင် ဒီ Tag လုပ်တယ် ဆိုတဲ့ ကိစ္စဟာ ဘလော့ဂ် လောကမှာ Ethic လို့ ခေါ်ရမလား၊ ဒါမမဟုတ် Culture လို့ပဲ ခေါ်ရမလား Tag အလုပ်ခံရသူအနေနဲ့ Tag အလုပ်ခိုင်းသူ ကို လေးစားတဲ့ အနေနဲ့ရော၊ ကျန်တဲ့ အဲဒီ ခေါင်းစဉ် တစ်ခုတည်းကို ၀ိုင်းပြီး Tag လုပ်ရင်း ပါဝင်ရေးသားကြသူ တွေကိုပါ အလေးထားတဲ့ အနေနဲ့ ရေးပေးရရိုး ထုံးစံရှိတယ် လို့မြင်တွေ့မိ၊ မှတ်သားမိပါတယ်။
ပြောရရင် အရင်တစ်ခေါက် ကျွန်တော့်ကို ပထမဆုံး Tag လုပ်ဖူးတာ မလင်း ပါ။ လူကြီးမင်း တွေးထင်လိုက်သလိုပဲ ကျွန်တော် မရေးဖြစ်ခဲ့ပါဘူး။ အဲဒီလို မရေးဖြစ်ခဲ့ခြင်းကလည်း Tag လုပ်တဲ့ သူကို မလေးမစားလုပ်တာ၊ Ethic ကို ချိုးဖောက်တဲ့ ပုံစံမျိုး လုပ်တာတွေ တစ်ခုမှ ရည်ရွယ်ရင်း မဟုတ်ပါဘူး။ ကျွန်တော်ကိုယ်၌ကကို ရေးလိုတဲ့ ဆန္ဒမရှိတာကြောင့်ပါ။ ပြီးတော့ အဲဒီလို Tag လုပ်တယ် ဆိုတာကို ပွင့်ပွင့်လင်းလင်း ၀န်ခံရရင် ကျွန်တော်နှင့် လုံးဝကို မဆိုင်သလိုပဲ ခံစားရပါတယ်။ အဲဒီတုန်းက မလင်းလဲ ကျွန်တော့်ကို ၂ ခါလားပဲ ရေးပေးဖို့ ပြောပြီး ကျွန်တော် က အင်းမလုပ်၊ အဲမလုပ် လုပ်နေတော့ လက်လျော့သွားခဲ့ပုံပါပဲ။ ကျွန်တော် စိတ်မကောင်းဖြစ်မိပေမယ့်လည်း ကျွန်တော့်ရဲ့ အတ္တနဲ့ ကျွန်တော်ကတော့ ကျွန်တော် လုပ်ခဲ့တာ မှန်တယ်လို့ ထင်တုန်းပါပဲ။ အဲဒီ အတွက် ရိုင်းပြတဲ့ အပြုအမူလို့ သတ်မှတ်ခံရတာကတော့ ကျွန်တော့်ရဲ့ လုပ်ဆောင်ချက် တစ်ခု အတွက် ကျွန်တော် ပေးရတဲ့ တန်ဖိုး တစ်ခုလို့ပဲ သတ်မှတ်မိပါတယ်။
ထားပါတော့ ပြီးခဲ့တာတွေ။ အခုလက်ရှိ မှာတော့ ကျွန်တော့်ကို မလေးမက Tag လုပ်ထားပါတယ်။ ရေးရမယ့် အကြောင်းအရာ ကလည်း ကျွန်တော် မပြောချင်တဲ့ ကျွန်တော့် အကြောင်းဖြစ်နေပါတယ်။ ဘာလို့ မပြောချင်တာတုန်း လို့ မေးရင် အဖြေက အသင့်ရှိပြီးသားပါ။ ကျွန်တော် ကိုယ်တိုင်ကို ကျွန်တော့် အကြောင်း အခုထက်ထိ အသေအချာ မသိသေးလို့ ဆိုတာပါပဲ။ နောက် Tag ဆိုတာကလည်း အထက်မှာ လူကြီးမင်းများ၊ မိတ်ဆွေများ သိခဲ့ပြီးကြတဲ့ အတိုင်း ကျွန်တော်နဲ့ အင်မတန် စိမ်းခဲ့တဲ့၊ အံဝင်ဂွင်ကျ သိပ်မဖြစ်လှတဲ့ ကစားနည်း တစ်မျိုးလိုပါပဲ။ ဆိုတော့.. အဲဒီ (၂) ချက်နဲ့တင် ကျွန်တော် ဒီ Tag က အကြောင်းအရာ ကို မရေးဖြစ်ဖို့ သေချာသလောက် ဖြစ်နေပါပြီ။
သို့သော်လည်း တစ်ဖက်က ပြန်စဉ်းစားကြည့်တဲ့ အခါမှာ မလေးမ Tag လုပ်ထားတာဟာ ကျွန်တော် တစ်ယောက်တည်း ဖြစ်နေတယ် ဆိုတဲ့ အချက်ကို သတိထားမိပါတယ်။ ပြီးတော့ မလေးမ ဆိုတာကလည်း ကျွန်တော် လေးစားရတဲ့ ဘလော်ဂါစာရင်းမှာ ထိပ်ပိုင်းက ပါဝင်နေသူတစ်ဦးပါ။ စာရေးတိုင်း သုတ၊ ဒါမှမဟုတ် ရသ တစ်ခုခု ကျန်အောင် အမြဲရေးနိုင်သလို၊ ရေးပုံရေးဟန်ကလည်း တိုတိုရှင်းရှင်း၊ ပြတ်ပြတ်သားသားနဲ့ မိန်းမ မဆန်တဲ့ဟန် ဖြစ်နေတာတွေက ကျွန်တော် နှစ်သက်လေးစားမိတဲ့ အချက်တွေပါပဲ။
နောက်ဆုံးတော့ ကျွန်တော့်ရဲ့ ပထမဆုံးသော Tag နဲ့ ပတ်သက်တဲ့ အကြောင်း အရာတစ်ခုကို အခြေအနေအမျိုးမျိုးနဲ့ ရေးဖြစ်သွားပါပြီ။ အဲဒီ အတွက် ကျွန်တော့်ကို သတိတရနဲ့ Tag တဲ့ မလေးမ ကို ကျေးဇူးတင်ပါတယ်။ တစ်ခုရှိတာကတော့ အပေါ်မှာ ကျွန်တော် စကားပလ္လင်ခံခဲ့သလိုပါပဲ။ ကျွန်တော် ကိုယ်တိုင်တောင် အတိအကျ မသိသေးတဲ့ ကျွန်တော့် အကြောင်း ကိုရေးရမှာ ဆိုတော့ အားလုံးကို ကျွန်တော် ဒီပုံစံတွေနဲ့ပဲ တသမတ်တည်း ဖြတ်သန်းခရီးသွားနေတယ် လို့ မယူဆစေချင်ပါဘူး။ လက်ရှိအချိန်နှင့် အရင်တုန်းက ဖြစ်ခဲ့တဲ့ ကျွန်တော့် ရဲ့ စိတ်နေသဘောထားကို အတတ်နိုင်ဆုံး လေ့လာစူးစမ်းပြီး ယေဘူယျမှန်နိုင်တဲ့ အချက်အလက်များကိုသာ ရွေးချယ် ရေးသား ထားခြင်းဖြစ်ပါကြောင်း။
( ဒီဘလော့ဂ်ရဲ့ About Page မှာလည်း ကျွန်တော့် အကြောင်း အကျဉ်းမျှရေးထားတာ ရှိပါသေးတယ်။)
Tag လေး တစ်ခုရေးတာများ၊ ဒီလောက်ထိ ကြီးကျယ်ရန်ကော လို့တော့ ကျေးဇူးပြုပြီး မတွေးလိုက်ပါနဲ့ လို့လည်း ကြိုပြီး တောင်းပန် ပါရစေ မလေးမရေ.။ “မကူးဖူးတဲ့ မြစ်က ပိုကျယ်တတ်လွန်း လို့ ” ပါခင်ဗျာ။
ကျွန်တော် မပြောချင်တဲ့ ကျွန်တော့် အကြောင်း
| မှတ်ချက်။ ။ အထက်ပါ အချက်အလက်များ အားလုံး အချိန်နှင့်အမျှ ပြောင်းလဲနိုင်ပါသည်။ | ||||
| နာမည် | မှော်ဆရာ | |||
| အခြားနာမည်များ | မောင်မှော်၊ ကိုမှော်၊ ဆရာမှော် | |||
| လတ်တလောနေရပ် | မော်စကို၊ ရုရှားဖက်ဒရေးရှင်း။ | |||
| အလုပ်အကိုင် | လက်ရှိမှာ ကျောင်းသားပါ | |||
| ဖုန်းနံပါတ် | မဆက်တာ ပိုအဆင်ပြေပါတယ်ဗျာ။ အကုန်အကျများနေမှာ စိုးလို။့ |
|||
| အကြိုက်ဆုံး - | ||||
| အရောင် | မျက်စိ ကျိန်းတဲ့ အရောင်ကလွဲလို့ အားလုံးကိုကြိုက်တယ်။ | |||
| အ၀တ်အစား | ဖရိုဖရဲ ပုံစံမျိုးကလွဲလို့ အခြေအနေ၊ အချိန်အခါနဲ့ ကိုက်ညီတဲ့ အ၀တ်အစားမျိုး။ | |||
| အစားအစာ | အကြိုက်ဆုံးရယ်လို့ မရှိ၊ အဟာရဖြစ်မယ့်၊ အပြစ် (၃)ပါးလွတ်တဲ့ အစားစာမှန်သမျှ။ | |||
| ပစ္စည်း | ဘာပစ္စည်းမှ မရှိဘူး၊ ဖြစ်နိုင်ရင် ပစ္စည်းတွေနဲ့ ခပ်ဝေးဝေးမှာ နေချင်တယ်။ | |||
| အလုပ်အကိုင် | လက်ရှိမှာ ကျောင်းသားပါ။ | |||
| သီချင်း | နားထောင်တဲ့ အကြိမ်အလွန်ရှားပါးလျက်ရှိ။ | |||
| စာရေးဆရာ | အရှင် ဇနကာဘိဝံသ၊ ဇော်ဂျီ၊ ရွှေဥဒေါင်း၊ ငွေဥဒေါင်း၊ မြသန်းတင့်၊ မြသန်းစံ၊ ချစ်စံဝင်း၊ ချစ်ဦးညို၊ ဆန်းလွင်၊ ဆရာတော် ဦးဇောတိက၊ မင်းသိင်္ခ၊ မလေးလုံ။ | |||
| စာအုပ် | ကိုယ့်ရဲ့ အတွေးအခေါ်နဲ့ အသိအမြင်ကို တစ်နည်းနည်းနဲ့ ကြီးထွားသန်မာလာအောင် လုပ်ပေးနိုင်တဲ့ စာအုပ်မျိုးတွေ။ | |||
| Life style | ဘယ်အခြေအနေမဆို ကိုယ့်စိတ်ကို ငြိမ်းငြိမ်းချမ်းချမ်းထားနိုင်ပြီး သူများတွေကိုလည်း အဲဒီလို ဖြစ်အောင် ကူညီပေးနိုင်တဲ့ ဘ၀မျိုး။ | |||
| ၀ါသနာ | စာဖတ်တာ၊ တရားထိုင်တာနဲ့ ကဗျာရေးတာ။ | |||
| အလိုချင်ဆုံးလက်ဆောင် | ငြိမ်းချမ်းခြင်း | |||
| အချစ်ဆုံးသူ | မရှိ (တစ်ခါတစ်လေ ကိုယ့်ကိုယ်ကို မုန်းတီးတာ၊ မကျေနပ်တာတွေပင် အများကြီး) | |||
| အလေးစားဆုံးသူ | ဂေါတမ ဗုဒ္ဓ (ကာလာမ သုတ် တစ်သုတ်တည်းနဲ့ပင် သူ့ကို ကျွန်တော် အကြီးအကျယ် လေးစားမိ၏။) | |||
| အခင်ဆုံး သူငယ်ချင်း | ကိုယ်နဲ့ စိတ်တူကိုယ်တူ၊ ဆွေးနွေးပြောဆိုလို့ရတဲ့၊ အပြန်အလှန်လေးစားမှု ရှိတဲ့ သူငယ်ချင်းတိုင်း။ | |||
| အများဆုံးနားလည်မှုပေးနိုင်သူ | လက်ရှိ အချိန်အထိတော့ ကြာသပတေး သမီးတစ်ယောက်ရှိတယ်လို့ ထင်ပါတယ်။ | |||
| အမုန်းဆုံးသူ | နာနာကျည်းကျည်းနဲ့ မုန်းတီးရမဲ့ သူမျိုး မရှိပါ။ သာမန်လောက်ကတော့ မပြောပါနဲ့တော့။ ကိုယ့်ကိုယ်ကို တောင် တစ်ခါတစ်လေ အမြင်မကြည်ဘူး။ | |||
| ရင်အခုန်ဆုံးအချိန် | တစ်ခါတုန်းကတော့ ဖြစ်ခဲ့ဖူးသလိုလိုရှိတယ်။ | |||
| အကြောက်ဆုံးအချိန် | ကိုယ်လုပ်ချင်တာတွေ ပြီးအောင်မလုပ်ရသေးခင် သေဆုံးသွားရခြင်းမျိုး။ | |||
| အပျော်ဆုံးအချိန် | ချစ်ခြင်း၊ မုန်းခြင်း အစွန်း နှစ်ပါးနဲ့ ကင်းလွတ်ပြီး ကိုယ့်ခြေထောက်ပေါ်ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သေသေချာချာ ရပ်တည်နိုင်တဲ့ အချိန်မျိုး ဖြစ်လိမ့်မယ်။ | |||
| အမှတ်တရနေ့ | ဘ၀မှာ ပထမဆုံး ရဟန်းအဖြစ်ကို ရဖူးတဲ့နေ့။ | |||
| အချစ်ဆိုတာ | မယုံကြည်ရဆုံး အရာတစ်ခု။ | |||
| အမုန်းဆိုတာ | လိုတာမရရင် မုန်းလိုက်ကြတော့တာပါပဲ။ | |||
| အလွမ်းဆိုတာ | ကိုယ့်ကိုယ်ကို ကြိုးတုပ်ပြီး နှိပ်စက်ခြင်း တစ်မျိုးပဲ။ | |||
| သံယောဇဉ်ဆိုတာ | ရှိနေသရွေ့ တစ်ကယ့် ငြိမ်းချမ်းခြင်းနဲ့ အလှမ်းဝေးနေစေဦးမယ့် အရာမျိုး။ | |||
| ဘ၀ဆိုတာ | မျက်စိ တစ်မှိတ်တာ ကာလလေး တစ်ခုအတွင်း တစ်ထောင့်တစ်ည ပုံပြင်များ စာအုပ်ကြီးကို အပြီးဖတ်ခိုင်းလိုက် တာပါပဲ။ | |||
| သူငယ်ချင်းဆိုတာ | ခရီးသွားဖော် သွားဖက်တွေပါ။ | |||
| ချစ်သူဆိုတာ | ကင်ပွန်းတပ်ခြင်း တစ်မျိုးပါပဲ။ | |||
| ကိုယ့်ကိုယ်ကိုဒီလိုထင်တယ် | ဟိုမရောက်၊ ဒီမရောက်၊ ဂွကျကျနဲ့ ဇော်ကန့်လန့်ကောင်။ | |||
| လက်ဆွဲဆောင်ပုဒ်က | ဘာမှ မရှိသေး၊ ရှိလာအံ့လည်း မထင်ပါ။ | |||
| အပြောချင်ဆုံးစကားတစ်ခွန်း | ကိုယ်ကိုယ်တိုင် အမှန်တစ်ကယ် ငြိမ်းချမ်းချင်သလို၊ လူတိုင်းလူတိုင်းကိုလည်း ငြိမ်းချမ်းနိုင်သော သူများ ဖြစ်နိုင်ကြစေလို၏။ | |||
အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ![]()

















Sep 5th, 2008 at 4:44 pm
အပေါ်က နိဒါန်း ပျိုးထားတဲ့ စာသားတွေက ပို့ စ်ထပ်တောင်စိတ်ဝင်စားဖို့ ကောင်းသေးတယ် ကိုယ့်ကိုယ်ကိုလည်း မသိတဲ့ အခါဘယ်သိမလည်းလေနော့်
ဒါပေမယ့်လည်း Tag ဆိုတာကလည်း ဘလော့ဂါတွေကြားမှာ ရင်းနှီးမှုလေးကို ပြနေတော့လည်းရေးရတာပေါ့ ပုံမှန် Update ပြုလုပ်နိုင်အောင် ကြိုးစားပါမယ့် အကြောင်း လေးလေးစားစားပဲ အသိပေးလိုပါတယ် ဆိုလို့  ၀မ်းသာပါတယ်ခင်ဗျာ:)
“ကိုယ်ကိုယ်တိုင် အမှန်တစ်ကယ် ငြိမ်းချမ်းချင်သလို၊ လူတိုင်းလူတိုင်းကိုလည်း ငြိမ်းချမ်းနိုင်သော သူများ ဖြစ်နိုင်ကြစေလို၏။” အဲ့စကားလေးအတွက် ကျေးဇူးအထူး ။
Sep 5th, 2008 at 4:46 pm
ဘာရယ်မဟုတ် ဟိုသွား ဒီလာနဲ့ ရောက်လာလို့
ကွန်မန့်ဝင်ပေးသွားတာ နိဒါန်းကလည်း ရှည်လမျောကြီး ဟတ်ဟတ်
သူလည်း တက် ခံရတာကိုးကွ
Sep 5th, 2008 at 6:54 pm
အခြားနာမည်များ>>မောင်မှော်၊ ကိုမှော်၊ ဆရာမှော်၊ ဦးချစ်

Sep 5th, 2008 at 9:18 pm
မပြောချင်တဲ့အကြောင်းကိုပြောပြလိုက်တဲ့ပို့စ်လေးဖတ်သွားတယ်အကို ၊ အဆင်ပြေပါစေခင်ဗျာ
Sep 6th, 2008 at 12:03 am
Oopps… Is all about Magician (Mhawsayar) ???


Kinda peace lover…
Oh ! ya ! We, ourselves could not expect life to be go through constantly …
Personal revolution is natural,isn’t it ???
Have a peaceful life
Have a wonderful revolution
Sep 6th, 2008 at 12:07 am
Oopps… Is that all about Magician(Mhawsayar) ???


Kinda peaceful lover …
Oh! ya! We, ourselves could not predict our lives to go through constantly …
Revolution is natural,isn’t it ???
Have a peaceful life
Have a wonderful revolution
Sep 6th, 2008 at 12:15 am
Oopps !!! Is that all about Magician (Mhawsayar) ???
one important ~~~ have a wonderful revolution
:)
Kinda peace lover
Oh! Ya! We, ourselves could not able to predict our future, it is not gonna through constantly …
Revolution is natural, isn’t it ???
Have a peaceful life for your future
Oopps
Sep 6th, 2008 at 12:18 am
Oopps !!! Is that all about Magician (Mhawsayar) ???
one important is have a wonderful revolution
:)
Kinda peace lover
Oh! Ya! We, ourselves could not able to predict our future, it is not gonna through constantly …
Revolution is natural, isn’t it ???
Have a peaceful life for your future
Oopps
Sep 6th, 2008 at 1:00 am
ကျွန်တော်အကြိုက်ဆုံးကတော့ “မှတ်ချက်” ပဲ။
Sep 6th, 2008 at 4:51 am
ကိုမှော်ရေ ပို့စ်လာဖတ်ရင်းနဲ့ sociable plugin ကူးသွားတယ်။
Sep 6th, 2008 at 8:08 am
မှော်ဆရာရေ … အစ်မ ရေးခိုင်းတာကို ရေးလေ့မရှိတဲ့ ဓလေ့ကို ချိုးဖောက်ပြီးရေးပေးတဲ့ အတွက် အရမ်းပျော်ပါတယ်…။
အစ်မ အပေါ်မြင်တဲ့ အမြင်အတွက်လည်း ကျေးဇူးအထူး… ကော်ပီကူးသွားလိုက်တယ်.. ဟဲ.. ။ တကယ်တော့ အစ်မလည်း ကိုယ့်အကြောင်းကိုယ်ပြောတာထက် .. သူများက ကိုယ့်ကို ပြောတဲ့ အပြောကို နားထောင်ချင်တယ်…။ အစ်မ tag လိုက်တာကိုရေးရင်း အစ်မစာတွေကို အပြုသဘောပြန်ဝေဖန်သွားတဲ့ သူ မှော်ဆရာနဲ့ ဆို ၂ ယောက်ရှိတယ်…။
ဟဲ… မှော်ဆရာ အကြောင်းကို ဖတ်ရင်း ဟို စာသားလေးပဲ ထပ်သတိရတယ်.. သိတယ်မို့ လား..
“ တရားကလည်းကျချင်… မယားကလည်းရချင်…”
Sep 6th, 2008 at 9:31 am
life style က သူပိုင်တဲ့ဘက်တော့မသိပေမဲ့ တခြားသူကို ကူညီတဲ့ဘက်အနေနဲ့ အပြည့်အ၀မဟုတ်တောင် တချို့တစ်ဝက်တော့ ကျေနပ်နေမယ်ထင်ပါတယ်။ သိလိုသမျှတွေ မခြွင်းမချန် ကူညီပေးတာတွေအတွက် သတိရဖြစ်တိုင်း ကျေးဇူးတင်နေဆဲပါ။
Sep 6th, 2008 at 9:35 am
@ မောင်မျိုး - ညီမောင်မျိုးရေ. စာတစ်ပုဒ်တင်လိုက်တိုင်း အသေအချာ ဖတ်ပြီး အစောဆုံး မှတ်ချက်ပေးတတ်တဲ့ ညီ့ကို အသေအချာ အမှတ်ရနေမှာပါဗျာ။
အခုလည်း ထုံးစံအတိုင်း ပြောနေကြ စကားပဲ ထပ်ပြောပါရစေဦး. “ကျေးဇူး အထူးတင်ပါတယ်” လို့. 



အစ်မပေးတဲ့ ဆုနဲ့ အမြန်ဆုံးပြည့်ပါစေလို့လည်း ကိုယ့်ကိုယ်ကို ဆုတောင်းမိပါတယ်.. နောက် အစ်မလည်း ထပ်တူထပ်မျှပေါ့. ဒီတစ်ခေါက် အစ်မပြောသွားတဲ့ စကားလုံးလေး တစ်လုံးကိုတော့ ကျွန်တော် အတော်ကြိုက်သွားပြီဗျာ. ပြီးတော့ အသေအချာမှတ်ထားလိုက်တယ်. “Wonderful Revolution” ဆိုတာလေးပါ..
ကျွန်တော်လည်း မရေးဖြစ်ဘူး ဖြစ်နေတယ် အဲဒီအကြောင်းတွေကို. 


__________________________
@ နှင်းပွင့်ဖြူလေး - ဟုတ်ကဲ့ မနှင်းပွင့်ရေ. မျက်စိလည်လမ်းမှားပြီးရောက်လာတဲ့ သူလည်း ဒီနေရာက နွေးနွေးထွေးထွေးပဲ ကြိုဆိုလျက်ပါပဲဗျာ. ကျေးဇူးပါ မှတ်ချက်ချီးမြှင့်ပေးတဲ့ အတွက်.
__________________________
@ DanFader - ဟဲဟဲ. ဟုတ်တယ် မစ္စတာ ဒန်ရေ. အဲဒီ ခင်ဗျားပေးထားတဲ့ နာမည် အရင်းကြီးကို ကျွန်တော်ထည့်ဖို့ မေ့သွားတယ်.
__________________________
@ THS - ကျေးဇူး ဘိုတင့်… မပြောချင်လို့သာ တော်တော့တယ်. ပြောများပြောချင်ရင် စာအုပ်ထုတ်ပြီး ပြောမဲ့ ဘဲကြီး လို့များ တွေးမိသေးလား မသိ.
__________________________
@ KTKMELODY - အစ်မရေ. မှတ်ချက်အရှည်ကြီးအတွက် ကျေးဇူး အထူးပါခင်ဗျာ.
__________________________
@ BLACK DREAM - ကိုယ်ကလည်း အလည်လာခြင်းနှင့် ညီ့ရဲ့ မှတ်ချက်အတွက် ကျေးဇူးပါ ညီ.
__________________________
@ mtj - ဟုတ်ကဲ့ ကိုသင်္ကြန်ကြီး အဆင်ပြေသလို သုံးစွဲနိုင်ပါတယ်ဗျာ.
__________________________
@ လေးမ - ဟုတ်ကဲ့ အစ်မ. ကျွန်တော်ကလည်း ကျွန်တော့်ကို ဘလော့ဂ်ရာ သွင်းပေးတဲ့ အစ်မကို ကျေးဇူးအထူးပါခင်ဗျာ။
အစ်မရဲ့ အဲဒီ စကားကတော့ အရင်တစ်ခေါက်ကတည်းက ကျွန်တော်လည်း မှတ်မှတ်သားသား ရှိနေတာလေ.။ အဲဒါကြောင့်လည်း ကျွန်တော်ပြောတာပေါ့. ဟိုမရောက် ဒီမရောက်နဲ့ ဇော်ကန့်လန့် ဆိုတာလေ.
_________________________
@ အေးချမ်းသူ - အခက်အခဲတွေကြားက စာလာဖတ်ဖြစ်အောင်ဖတ်ပြီး၊ မှတ်ချက်တွေ ချီးမြှင့်ပေးတာတွေအတွက် ကိုယ်ကလည်း ကျေးဇူး အထူးပါခင်ဗျာ။ အစစအရာရာ အားလုံး အဆင်ပြေပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။
Sep 6th, 2008 at 11:44 pm
အစ်ကို့ကို ဆရာမှော်လို့ ခေါ်တယ်ဟုတ်လား။ နောက်ဆို အဲလိုပဲ ခေါ်တော့မယ်။ လေးစားသောအားဖြင့်လေ။ သြော် ဒါနဲ့ အစ်ကို.. အစ်မလေ ပျောက်နေတယ်နော်။ ရန်ကုန်ပဲ ထပ်ပြန်သွားသလားမသိဘူး။
Sep 8th, 2008 at 7:48 am
ကျွန်တော်ပြောချင်နေတဲ့ ကျွန်တော့်အမြင်တို့….
ကျွန်တော့်သိသမျှတို့ ရေးနေကျ ကျွန်တော်
ကျွန်တော်မပြောချင်တဲ့ ကျွန်တော့်အကြောင်းကို လာဖတ်လိုက်တယ်… အဟဲ
ဘာရယ်မဟုတ် မပြောချင်တာကို သိလိုက်ရသလိုပဲ။ တကယ်တော့ ကျွန်တော်လည်း ကိုယ့်အကြောင်းကို ကိုယ် မသိသေးတဲ့ လူစာရင်းမှာ ပါပါတယ်။
Sep 15th, 2008 at 2:59 pm
ဆရာမှော်ရေ မရောက်တာလဲ ကြာပေါ့… တော်တော်လေးအဆက်ပြန်သွားတယ်ရောက်တုန်းရောက်ခိုက် ၀င်ဖတ်ရင်း ကျွန်တော့်အကြောင်းဆိုတာလာဖတ်ကြည့်တာ… ပြောပြတော့လည်းသိရတာပေါ့ဗျာ… အချက်လက်တွေအများကြီး ကိုရေးပြထားပါလား
Sep 17th, 2008 at 5:50 am
ငြိမ်းချမ်းခြင်းတွေ ထားသွားတယ်..
သေချာကြည့်တော့ ရုပ်လုံးသိပ်မပေါ်သလိုပဲ.. မုန်ဝါးဝါးကြီး
Sep 29th, 2008 at 5:37 pm
နိဒါန်းကို ဖတ်နေတာ Tag တဲ့ အကြောင်းကိုး။
ဖတ်လို့ ကောင်းပါတယ်ဗျာ
Oct 3rd, 2008 at 3:43 pm
အင်း သတိပြန်ရသွားပြီ အကြွေးတောင်းရမလိုဖြစ်နေပြီ
Oct 4th, 2008 at 7:43 am
“မပြောချင်တဲ့ ကျွန်တော့ အကြောင်း”ကို လင့်ထားလိုက်တယ်

Oct 18th, 2008 at 12:45 pm
@ winkabar အဆင်ပြေသလိုသာ ခေါ်ပေတော့ ညီမရေ.
ညီမ အစ်မကတော့ ဟုတ်မယ်. ကိုယ်လည်း မတွေ့ဖြစ်တာ အတော်ကြာပြီ။ ဘာများဖြစ်နေလဲ မပြောတတ်ဘူး.



___________________________
@ လင်းဦး(စိတ်ပညာ) - အဟုတ်ပဲ ကိုလင်းဦး ရာ။ ဘယ်တော့များမှ ကိုယ့်အကြောင်း ကိုယ် သေသေချာချာ ပိုင်ပိုင်နိုင်နိုင် သိမယ် မသိဘူးဗျာ။
___________________________
@ အဇ္ဈတ္တပြခန်း - တဂ် ထားတာ ဆိုတော့လည်း အဲလိုပဲ မရမက ကိုစဉ်းစားပြီး လိုက်ရေးရတော့တာပဲ ဗျို့
___________________________
@ apprenticeship - Thank You AP! အမှန်တော့ ကျွန်တော် ကိုယ်တိုင်ကလည်း ကြည့်ရတာ မှုန်ဝါးဝါးကြီးပဲဗျ.
___________________________
@ mm thinker - ကို သင်ကာ မမြင်တာ အတော်ကြာပေါ့. (အမှန်တော့ ကိုယ်က ပျောက်နေတာ. )
___________________________
@ လင်း - ပြောရင်းဆိုရင် ပေါ်လာပြီ။ မှတ်မိလို့ တော့ မဖြစ်ဘူး. ရူးလက်စနဲ့ ဆက် ရူးချင်ရင် ဆောင်လိုက်တော့မယ် ဗျို့.
__________________________
@ apprenticeship - ကျေးဇူး AP.လင့်ခ် တဲ့ အတွက်.
Oct 22nd, 2008 at 3:23 pm
ဝါသနာ တူနေပါလား။ ဒါပေမယ့် တို့ ကတစ်မျိုးပိုတယ်။ ကဗျာဖတ်တာ။
စကားများတာ လည်းတုတယ်ထင်တယ်။ မပြောချင်တဲ့ အကြောင်းတောင် ဖတ်လိုက်ရတာ
ပါဝါ တိုးတော့မယ်။ တာဝန် ရှိသူကိုမျက်မှန် အသစ်လုပ် ခိုင်းအုံးမှပဲ ။