
ကျွန်တော်တို့ မြန်မာ ဘလော်ဂါတွေ အသုံးများတဲ့ ဝါ့ဒ်ပရက်စ် Themes များ ဖြစ်ကြတဲ့ Options Theme, Structure Theme အပါ အဝင် ကျော်ကြားတဲ့ Theme သုံးခုခန့် ကို အခြေအနေ အကြောင်းကြောင်းတို့ကြောင့် နောက် ထွက်မယ့် ဝါ့ဒ်ပရက်စ် ဗားရှင်းများအတွက် ဆက်လက် Support လုပ်နိုင်တော့မှာ မဟုတ်ကြောင်း နှင့် ယခုလ (၃၁) ရက်နေ့ ည (၁၂းဝ၀) နာရီ အချိန်မှာ ယခု လက်ရှိ နောက်ဆုံး ဝါ့ဒ်ပရက် ဗားရှင်းအထိ ထုတ်လုပ်ထားတဲ့ Theme များကိုပါ ဒေါင်းလုဒ် လုပ်ခွင့် ဖျက်သိမ်းတော့မှာ ဖြစ်ကြောင်း အဆိုပါ Theme များကို ထုတ်လုပ်ဖန်တီးသူ Justin Tadlock မှ သူ့ရဲ့ Theme Club မှာ ကြေညာ ထားတာကို တွေ့ရပါတယ်။
အသေးစိတ်ကိုတော့ သူ့ရဲ့ ဝဘ်စာမျက်နှာမှာ ဆက်လက် စုံစမ်း မေးမြန်း ဖတ်ရှု နိုင်ပါကြောင်း။















အစ်ကို ဒါက အိမ်သစ်လေးလား ဟိုဒါလေး နောက်ကျရင် တကယ်ကလိအုံးမှ အမြဲပြောပြနေရတဲ့သူကို အီးယောင်ဝါးလာလာလုပ်နေတာ အားနာလှပြီး
Reply
support မလုပ်တော့ဘူးဆိုတော့ theme ပြောင်းထားရမှာလား..။ မှော်ဆရာ ခု သုံးထားတာက ဘာလဲ..။ ပြော..။
Reply
@ မောင်မျိုး- စမ်းမယ်ဆိုရင်တော့ မြန်မြန်သာ စမ်းပေတော့ ညီ။ မကြာခင် အဲဒီ Themes တွေက ဖျက်သိမ်းတော့မှာ မို့လို့
_____________________________________________
@ layma - Support မလုပ်တော့ဘူး ဆိုတာကတော့ .. နောက် ဝါ့ဒ်ပရက်စ် ၂.၈၊ ၂.၉ စတဲ့ ဗားရှင်း အသစ်တွေ အတွက် ဆက်ပြီး ဒီ Themes တွေကို အပ်ဒိတ် မလုပ်နိုင်တော့ဘူး၊ ဒီ Themes တွေနဲ့ပတ်သက်တဲ့ Error & Bugs Report တွေကို သူ ဆက်ပြီး ဖြေရှင်း ပေးနိုင်တော့မှာ မဟုတ်ဘူး လို့ ဆိုလိုတာပါ။ တစ်ကယ်လို့ ကိုယ့်မှာ ဒီ Themes တွေနဲ့ ပတ်သက်လို့ အခုရော၊ နောက်ထွက်မယ့် ဝါ့ဒ်ပရက်စ ဗားရှင်းတွေနဲ့ပါ သုံးရတာ ပြဿနာ မရှိဘူး၊ ကိုယ့်ဟာနဲ့ကိုယ်လည်း သုံးရတာ အဆင်ပြေတယ် ဆိုရင် ဆက်သုံးလို့ရပါတယ်။
ကျွန်တော် လက်ရှိသုံးနေတဲ့ Themes ကတော့ MadebyOn က Equilibrium ဆိုတဲ့ Theme ပါ။ ဒီအောက်က လင့်မှာ ဒေါင်းလုဒ်လုပ်၊ အသုံးပြုနိုင်ပါတယ်။ လက်ရှိ ဝါ့ဒ်ပရက်စ် ၂.၇ အထိ Support လုပ်ပေးထားပါတယ်။
http://madebyon.com/equilibrium-wordpress-theme/
အားလုံး အဆင်ပြေပါစေဗျာ.
Reply
ဟား ဒွတ်ခပဲ… လုပ်ကြပါ ကယ်ကြပါဦး.. ဒီ themes ကလွဲလို့ ဘယ်ဟာမှ ကြိုက်ဘူး.. ကယ်ကြပါ .. ကူကြပါ..
Reply
Mhaw Sayar Reply:
January 14th, 2009 at 11:30 PM
@အဇ္ဈတ္တပြခန်း, ဒီအောက်က စာမျက်နှာမှာ နောက်ဆုံးဗားရှင်း အထိသာ သွားပြီး ဒေါင်းလုဒ်လုပ်ထားလိုက်ပေတော့ ကိုမျိုးရေ. တစ်ခြားတော့ ပြဿနာ ကြီးကြီးမားမား ရှိမယ်လို့ မထင်မိပါဘူး။
http://themehybrid.com/themes
Reply
ဆွေးတာပဲအစ်ကိုရေ
Reply