Gmail on Your Desktop | MBL0GGER

MBL0GGER

Gmail on Your Desktop

Jan 29th 2009
11 Comments
respond
trackback
Gmail New Feature "Offline Support"

Gmail New Feature "Offline Support"

Gmail ရဲ့ လူတောင်းဆိုခံရမှု အများဆုံး ဖြစ်တဲ့ Offline Support ခေါ်တဲ့ Feature အသစ် ထွက်ရှိလာပါတယ်။ လတ်တလော စမ်းသပ် သုံးစွဲနိုင်သော အဆင့် (LabVersion) ဖြစ်ပြီး မကြာခင်မှာ အပြည့်အစုံ အသုံးချနိုင်တဲ့ အဆင့် (Full Version) ဖြစ်အောင် တိုးတက်မွမ်းမံ ထုတ်လုပ်သွားမယ်လို့ Google Officiail Blog ရဲ့ ကြေညာချက်အရ သိရှိရပါတယ်။

လူသုံးများ၊ လူကြိုက်များလှတဲ့ Google ရဲ့ဝန်ဆောင်မှု တစ်ခုဖြစ်တဲ့ Gmail Services ကို ဒီ Offline Support စနစ် အသုံးပြုပြီး ဝင်းဒိုးစ် စနစ်မှာပါတဲ့ Microsoft Outlook Email လိုပဲ အင်တာနက် ကွန်နက်ရှင် မရှိပေမယ့်လည်း မိမိ အီးမေးလ်တွေကို ဖတ်ရှုနိုင်ခြင်း၊ အီးမေးလ် အသစ်ဖန်တီးနိုင်ခြင်းနှင့် မိမိ အီးမေးလ်များ အားလုံးကို မိမိ ကွန်ပြူတာ စနစ် အတွင်း သိမ်းဆည်းထားနိုင်ခြင်း စတာတွေကို လုပ်ဆောင် နိုင်ပါလိမ့်မယ်။

ယခင်ကတော့ မိမိ ရဲ့ Gmail Account အတွင်းမှာ ရှိတဲ့ ဝင်စာ၊ ထွက်စာ နှင့် တကွ အားလုံးသော Attachments File များ စတာတွေ အားလုံးကို Google Webserver တွေပေါ်မှာပဲ သိမ်းဆည်းထာခဲ့တာ ဖြစ်ပြီး ယခု Gmail Offline Support စနစ်ကို မိမိ ရဲ့ Account တစ်ခု အတွင်းမှာ အသုံးပြုမယ် ဆိုရင်တော့ ထို Email Account အတွင်းကို အီးမေးလ် တစ်စောင် ဝင်တိုင်း၊ ထွက်တိုင်း၊ ဖျက်သိမ်းတိုင်း မှာ မိမိစက်ထဲမှာ ရှိတဲ့ အီးမေးလ် ဆာဗာနဲ့ အချိန်ကိုက်ချိတ်ဆက်ပြီး တစ်ချိန်တည်းမှာပဲ အရေအတွက် တိုးခြင်း၊ လျော့ချခြင်း စတာတွေကို Synchronize လုပ်ပေးသွားရုံမျှ မက မိမိရဲ့ အီးမေးလ် အားလုံးတို့နဲ့ တစ်ကွ Attachment ဖိုင်များအားလုံး တို့ကိုလည်း မိမိ စက်အတွင်းမှာ ဒေါင်းလုဒ်လုပ် လုံလုံခြုံခြုံ သိမ်းဆည်း ထားနိုင်ပါပြီ။ နောက် အကြောင်းကြောင်းကြောင့် မိမိ မိမိကွန်ပြူတာမှာ အင်တာနက် ကွန်နက်ရှင် မရှိတုန်း ရေးထားတဲ့ အီးမေးလ် အသစ်တွေကိုလည်း သိမ်းဆည်းထားနိုင်ပြီး အင်တာနက် ကွန်နက်ရှင် ရှိတာနဲ့ တစ်ပြိုင်နက် မိမိ ပေးပို့လိုတဲ့ သူဆီ အရောက် ပို့ပေး နိုင်ဦးမှာပါ။

ဒီ Gmail Offline Support စနစ်က တစ်ကယ်တော့ Browser Base Web Application တွေကို အဓိက ပစ်မှတ်ထား ထုတ်လုပ် ခဲ့တဲ့ Google ရဲ့ Opensource Software တစ်ခုဖြစ်တဲ့ Google Gear ကို အသုံးပြု ဖန်တီးထားတာ ဖြစ်ပါတယ်။  Web Base Application တွေ အတွက် Common Files တွေကို အလိုအလျောက် ဒေါင်းလုဒ်ချပြီး Browser Base Local Server ကနေ တစ်ဆင့် မိမိ ကွန်ပြူတာ အတွင်းမှာ သိမ်းဆည်း ထားနိုင်စေတဲ့ ဒီ Google Gear ကို WordPress ကဲ့ သို့သော ကြီးကျယ် ထင်ရှားတဲ့ Blogging Platform Software တွေမှာလည်း အသုံးပြုကြပါတယ်။

လက်ရှိ Gmail ရဲ့ Offline Support စနစ် ကို မိမိ Email Account မှာ တပ်ဆင် အသုံးပြုဖို့ အတွက် အောက်ပါ အဆင့်များ အတိုင်း လုပ်ဆောင်နိုင်ပါတယ်။

အဆင့်(၁)

Offline Support စနစ် အသုံးပြုလိုတဲ့ Gmail Account အတွင်းကို ဝင်ပါ။ မိမိ အကောင့်ထ် အတွင်းကို ရောက်တာနဲ့ Gmail ရဲ့ညာဘက် အပေါ်ထောင့်မှာ ရှိတဲ့ “Setting ” ဆိုသည်ကို ကလစ်ပါ။ “Setting” အောက်မှာ ပါတဲ့ Tab များထဲမှ “Lab” ဆိုသော Tab ကို ဆက် ကလစ်ပါ။ အောက်ပါ ပုံစံ အတိုင်း ဖြစ်ပါလိမ့်မယ်။

Gmail Offline Support - 01

Gmail Offline Support - 01

အဆင့် (၂)

ဒုတိယ အဆင့် အနေနဲ့ Lab Tab အောက်မှာ အောက်ပါ အတိုင်း Lab Features တွေများစွာ ရှိတဲ့ အနက်မှ အပေါ်ဆုံးမှာ ရှိတဲ့ Offline ဆိုတဲ့ Feature ဘေးမှ Enable ဆိုတဲ့ Radio icon ကို ဆက် ကလစ်ရပါမယ်။ ကလစ်ပြီးတာနဲ့ ဝဘ်ပေ့ချ် အောက်ဆုံးကို Scroll Down ဆွဲဆင်းပြီး “Save Changes” ဆိုတာကို ကလစ်လုပ်ပါ။

Gmail Offline Support - 02

Gmail Offline Support - 02

အဆင့် (၃)

“Save Changes” ကို ကလစ်ပြီးတာနဲ့ မိမိရဲ့ Gmail User Interface Windows ညာဘက် အပေါ်ထောင့်မှာ အောက်ပါ အတိုင်း “Offline0.1″  ဆိုတဲ့ Offline Support အတွက် Internal Link တစ်ခု ကို ထပ်တွေ့ရပါမယ်။

Gmail Offline Support - 03

Gmail Offline Support - 03

အဆင့် (၄)

အထက်ပါ “Offline0.1” ဆိုတာကို ဆက်ကလစ် ပါမယ်။ အောက်ပါအတိုင်း PopUp Windows တစ်ခု တက်လာပါမယ်။

Gmail Offline Support - 04

Gmail Offline Support - 04

အဆင့် (၅)

“Next” ကို ဆက် ကလစ်ပါမယ်။ “Gmail Offline” ကို အသုံးပြုဖို့ အတွက် Gear ကို Access လုပ်ဖို့ မေးတဲ့ အောက်ပါ PopUp တစ်ခု ကို ထပ်တွေ့ရပါမယ်။

Gmail Offline Support - 05

Gmail Offline Support - 05

အဆင့် (၆)

အထက်ပါ PopUp Windows မှာ “Allow it use Gears” ဆိုတာကို အမှန် ခြစ် ခဲ့ရပါမယ်။ “Allow” ကို ဆက် ကလစ်တာနဲ့  Gmail Offline Support ကို မိမိ ကွန်ပြူတာကနေ တစ်ဆင့် အလွယ် တစ်ကူ အသုံးပြုနိုင်ဖို့ အတွက် Shortcut Icon ဖန်တီးလိုတဲ့ နေရာတွေကို သတ်မှတ်ပေးဖို့ မေးတဲ့ အောက်ပါ Windows တစ်ခုကို ထပ်တွေ့ရပါမယ်။

Gmail Offline Support - 06

Gmail Offline Support - 06

အဆင့် (၇)

Shortcut Icon ကို မိမိ ကွန်ပြူတာ အတွင်း ဖန်တီးပေးစေလိုတဲ့ နေရာတွေကို သတ်မှတ်ခဲ့ပါမယ်။ အပေါ်မှာတော့ ဥပမာ အနေနဲ့ နေရာ (၂) ခုကို ရွေးချယ် သတ်မှတ်ထားပါတယ်။ ပြီးတာနဲ့ “OK” ကို ဆက် ကလစ်ပါမယ်။ OK ကို ကလစ်ပြီးတဲ့ အချိန်မှာ မိမိ Gmail Interface အတွင်း ညာဘက် အပေါ်ထောင့်မှာ အောက်ပါ အတိုင်း PopUp Windows တစ်ခုတက်လာပြီး Google Server တွေ ပေါ်မှာ ရှိနေတဲ့ သုံးနှစ်အောက် သက်တမ်း ရှိတဲ့  မိမိရဲ့ အီးမေးလ်မှန်သမျှနှင့် (Spam နှင့် Trash Folder အတွင်းရှိ မေးလ်များ မပါ)၊ Attachment File များအားလုံးကိုပါ မိမိ စက် အတွင်းကို Download ချ သိမ်းဆည်းပေးမှာ ဖြစ်ပြီး Progress သတင်းပို့ချက် ဝင်းဒိုးစ် တစ်ခုကိုလည်း တစ်ပါတည်း တွေ့ရှိရမှာ ဖြစ်ပါတယ်။

Gmail Offline Support - 07

Gmail Offline Support - 07

Gmail Offline Support - 08

Gmail Offline Support - 08

အဆင့် (၈)

အထက်ပါ ပုံမှာ ပြထားတဲ့ အတိုင်းပဲ တစ်ကယ်လို့ မိမိ အသုံးပြုနေတဲ့ အင်တာနက် ကွန်နက်ရှင် သိပ်နှေးနေမယ် ဆိုရင် “Go into Flaky Connection Mode” ဆိုတာကို အသုံးပြုနိုင်တယ် ဆိုတာကို လည်း တွေ့ရှိရမှာပါ။ ဒါဟာ အင်တာနက် ကွန်နက်ရှင် နှေးကွေးတဲ့ စက်များ အတွက် ပါ ဒီ Offline Support ကို အသုံးပြုနိုင်အောင်၊ မိမိ Inbox အတွင်းမှာ ရှိနေတဲ့ အီးမေးလ်များ အားလုံးကို Google Gear မှ အဆင်ပြေပြေ ဒေါင်းလုဒ်ချ သိမ်းဆည်းထားနိုင်ဖို့ Google မှ ဖန်တီးပေးထားတာ ဖြစ်ပါတယ်။

မိမိရဲ့ Inbox အတွင်းမှာ ရှိနေတဲ့ အီးမေးလ်များရဲ့ ပမာဏ၊ မိမိအသုံးပြုနေတဲ့ အင်တာနက် ကွန်နက်ရှင် စတာတွေကို မှီတည်ပြီး မိမိ စက်အတွင်းကို Google Offline Support မှ အီးမေးလ်များ အားလုံး ဒေါင်းလုဒ် လုပ်ပြီးတာနဲ့ “Setting”  Tab အောက်မှာ ရှိတဲ့ “Offline” ဆိုတာကို ကလစ်ပြီး “Offline Support” အတွက် အစီအစဉ် တွေကို မိမိ စိတ်ကြိုက် ပြောင်းလဲ သတ်မှတ်နိုင်ပါတယ်။ Offline Support ကို ပြန် ပိတ်ထားချင်ပါက “Disable” ဆိုတာကို ကလစ်ပြီး “Save Changes” လုပ်လို့ ရသလို “Shortcut Icons” တွေနဲ့ ပတ်သက်လို့လည်း မိမိ စိတ်ကြိုက် ပြင်ဆင်ပြောင်းလဲ နိုင်တာကို အောက်ပါ အတိုင်း တွေ့ရှိရမှာပါ။

Gmail Offline Support - 09

Gmail Offline Support - 09

အဆင့် (၉)

Setting များအားလုံးကို မိမိ စိတ်တိုင်းကျ ပြင်ဆင်ပြောင်းလဲ သတ်မှတ်ပြီးတာနဲ့ Gmail Offline Support ကို စမ်းသပ် အသုံးပြုဖို့ အတွက် (အင်တာနက် ကွန်နက်ရှင် ရှိနေတဲ့ စက်ဆိုပါကလည်း အင်တာနက် ကေဘယ်လ်ကြိုးကို ခေတ္တ ဖြုတ်ထားပြီး) ၊ Desktop Shortcut ထားခဲ့သူအတွက် Desktop Shortcut မှ တဆင့်၊ Start Menu Shortcut ဖန်တီးခဲ့သူဆိုပါကလည်း Start Menu Shortcut မှ တဆင့် Offline Support Feature ကို Enable လုပ်ခဲ့တဲ့ Email Account ကို အသုံးပြုပြီး ဝင်ရောက် စမ်းသပ် စစ်ဆေးသုံးစွဲနိုင်ပါပြီ။ အောက်က ပုံကတော့ Start Menu Shortcut ကနေ တဆင့် အသုံးပြုနိုင်ပုံကို ဥပမာ အနေနဲ့ ပြသထားတာဖြစ်ပါတယ်။

Gmail Offline Support - 010

Gmail Offline Support - 010

သတိပြုရန်

အထက်ပါ “Gmail Offline Support” Feature ကို အသုံးပြုမယ့်သူများ အနေနဲ့  အောက်ပါ အချက်များကို မှတ်သားထားသင့်ပါတယ်။

(၁) အထက်ပါ Offline Support Feature ဟာဆိုရင် Google ရဲ့လက်ရှိ စမ်းသပ်သုံးစွဲ နိုင်သော ဗားရှင်း (Lab or Beta Version) အဆင့်မျှသာ ဖြစ်သေးတဲ့ အတွက်  အသုံးပြုနေရင်း ပုံမှန်မဟုတ်တဲ့ ထူးခြားမှု တစ်ခုခု တွေ့ခဲ့မယ် ဆိုရင်လည်း အထူးတစ်လည် ဘာမှ တွေးတောနေစရာ လိုအပ်မှာ မဟုတ်ပါဘူး။ ဒီ လုပ်ဆောင်ချက် အသစ်နဲ့ ပတ်သက်လို့ အဆင်မပြေမှု၊ အဆင်ပြေမှု အားလုံး အတွက် Google ထံကို စာရေးသားပေးပို့ နိုင်ပါတယ်။

(၂) Offline Support ဟာ မိမိ Enable လုပ်ထားတဲ့ Email Account တစ်ခု အတွက် နှင့် ၎င်း Feature ကို Enable လုပ်စဉ် အသုံးပြုတဲ့ ကွန်ပြူတာ တစ်လုံး အတွင်းမှာ သာ အသုံးပြုနိုင်မှာ ဖြစ်ပြီး အခြား မိမိရဲ့ Offline Support လုပ်မထားတဲ့ အီးမေးလ် လိပ်စာများ နှင့် အခြား ကွန်ပြူတာများကနေ အသုံးပြုမှု အတွက် လုံးဝ အကျိုးသက်ရောက်မှု ရှိမှာ မဟုတ်ပါဘူး။

(၃) အဲဒီအတွက် ဒီ Gmail Offline Support ကို မိမိရဲ့ ကိုယ်ပိုင်အဖြစ် သီးသန့် အသုံးပြုတဲ့ ကွန်ပြူတာ အတွင်းမှာသာ Install လုပ်သင့်ပြီး Publically အသုံးပြုတဲ့ (ရုံး၊ ကျောင်း၊ ကုမ္ပဏီများ နှင့် အင်တာနက် ကဖေးဆိုင်များ) နေရာများမှာ အသုံးပြုခြင်းမှ အထူး ရှောင်ကြဉ်သင့်ပါတယ်။

အားလုံး Gmail Offline Support နဲ့ အဆင်ပြေနိုင်ကြစေသော်ဝ် :)

Via

1. Google Official Blog

2. Mashable

Spread the World!
  • Digg
  • StumbleUpon
  • del.icio.us
  • Facebook
  • Google
  • Technorati
  • Yahoo! Buzz
  • LinkedIn
  • Reddit
  • Mixx
  • TwitThis
  • Ping.fm
  • Tumblr
  • E-mail this story to a friend!
  • Print this article!

This post is tagged , , , , , , , ,

11 Responses

  1. layma says:

    ရှာဖွေလေတွေ့ ရှိလေ.. ကျေးဇူး.. /
    Btw , I’d a difficulty to type in ur talk box. Zawgyi is not ok. So, I typed in myanmar 3.

    Reply

    Mhaw Sayar Reply:

    @layma, ဟုတ်ကဲ့ အစ်မရေ. ကျွန်တော်ကလည်း ဆိုဒ် တစ်ခုလုံးကို မြန်မာ-၃ နဲ့ အဆင်ပြေပြေ ဖတ်လို့ ရအောင်ဆိုပြီး. အားလုံးကို လိုက်ထည့်ထားတော့ အဲလို ဖြစ်နေတာ နေမယ်ဗျ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ ဖတ်လို့ ရတာကိုပဲ ဝမ်းသာလှပါပြီဗျာ.။ :)

    Reply

  2. mtj says:

    ဖတ်ရှုသွားပါတယ်..
    ကျေးဇူးပါ ကိုမှော်ရေ

    Reply

    Mhaw Sayar Reply:

    @mtj, အဆင်ပြေပါစေ ကိုသင်္ကြန်ရေ. :)

    Reply

  3. MaungMyo says:

    ဖတ်လို့မရပြန်ဘူး စိတ်ညစ်တယ်

    Reply

    Mhaw Sayar Reply:

    @MaungMyo, အဲဒါ ဂွကျတာပဲ ညီရေ.။ ဘလော့ဂ် ဘယ်ဘက် အပေါ်ထောင့်မှာ ကွန်ဗာတာ တစ်ခု ကိုယ်တပ်ထားပေးတယ် ညီ. အဲဒီကနေရော. ဇော်ဂျီနဲ့ အဆင်မပြေဘူးလား မသိ. :)

    Reply

  4. Sound so great especially for our country.. Keep up with great job, sharing your knowledge.. Thanks Mhaw Sayar… :D :)

    Reply

    Mhaw Sayar Reply:

    @Apprenticship, ဂူဂယ်က ကြိုသိနေတယ် ထင်တယ်ဗျ. ကျွန်တော်တို့ အဖြစ်ကို. :P

    Reply

  5. Pinkgold says:

    Great! Thanks for sharing this post.

    Reply

    Mhaw Sayar Reply:

    @Pinkgold, Thanks for visiting and reading my blog ပါ. မပင့်ဂိုးလ်ရေ. :)

    Reply

  6. mmthinker says:

    ကြားနေတာ ကြာပြီ။ စက်ကို ဖောမက်အသစ်ပြန်ချထားတော့ ခုမှ လုပ်ဖြစ်တယ်။

    ဆင်ခရိုနိုက်လုပ်နေတာ ကြာတယ်ဗျို့။ စောင့်နေရတုန်း။
    တစ်ဆင့်စီ ရေးပြတာ ကျေးဇူးဗျို့။

    Reply

Leave a Reply

Categories