မြန်မာ-၃ ယူနီကုဒ်ဖောင့်ထ် နှင့် ဇော်ဂျီဖောင့်ထ် တို့ကို မိမိ ကွန်ပြူတာ နှင့် ဘရောက်ဇာများ အတွင်း အဆင်ပြေချောမွေ့စွာ ရေးသား၊ ဖတ်ရှု၊ အသုံးပြု နိုင်ရန် အောက်ပါ အဆင့်များ အတိုင်း လုပ်ဆောင်နိုင်ပါတယ်။
အဆင့် - ၁
အရင်ဆုံး မိမိစက်ထဲမှာ မီးမြေခွေး ဘရောက်ဇာ နောက်ဆုံးဗားရှင်း ရှိနေဖို့လိုပါမယ်။ မရှိရင် ဒီနေရာမှာ သွားရောက် ဒေါင်းလုဒ်လုပ်ယူနိုင်ပါတယ်။
အဆင့်-၂
မီးမြေခွေးကို အင်စတောလ် လုပ်ပြီးတာနဲ့ ကျွန်တော်တို့ စက်ထဲကို မြန်မာ-၃ ယူနီကုဒ်ဖောင့်ထ် နောက်ဆုံးဗားရှင်းနဲ့ လက်ကွက် အင်စတော်လာကို ဒီနေရာက ရယူပြီး ထည့်သွင်းပါမယ်။ အကယ်၍ မိမိစက်ထဲမှာ ဇော်ဂျီဖောင့် နောက်ဆုံးဗားရှင်း နဲ့ လက်ကွက် အင်စတော်လာ မရှိသေးဘူး ဆိုရင်လည်း ဒီနေရာက နေ ရယူပြီး ထည့်သွင်းထားနိုင်ပါတယ်။
မြန်မာ-၃ ဖောင့် နှင့် လက်ကွက် ထည့်သွင်းပုံ
မြန်မာ-၃ ယူနီကုဒ် ဖောင့် နှင့် လက်ကွက် အင်စတော်လာ မရှိလျင် ဒီနေရာမှ ဖြစ်စေ၊ နောက်ထပ် ဒီနေရာမှ ဖြစ်စေ ဒေါင်းလုဒ် လုပ် ရယူနိုင်ပါတယ်။
အဆင့်(၁)။ ။ မြန်မာ-၃ ဖောင့်နှင့် လက်ကွက်အထုပ်ဟာ Win Rar Zip File နဲ့ရလာမှာ ဖြစ်တဲ့ အတွက် ၎င်းကို အရင် Win Rar သုံးပြီး အထုပ်ဖြေဖို့လိုပါမယ်။ အထုပ်ဖြေပြီးတဲ့ နောက် Myanmar3_Unicode အမည်နဲ့ ဖိုင်တစ်ခု ရရှိလာပါမယ်။

Myanmar3 Installation Step-1
အဆင့်(၂)။ ။ Myanmar3_Unicode ဖိုင်ထဲမှာ (၁) Installation.txt (မဖြစ်မနေ ဖတ်ကြည့်ရန်လိုအပ်) (၂) keyman_free_6-2-176-0.exe (၃) mm3 True Type Font File (၄) Myan3_Layout (လက်ကွက်ပုံစံ) (၅) myanmar3 Keyman Keyboard File (၆) Myanmar3_IE Registry Entries File စတဲ့ မတူညီတဲ့ ဖိုင်အမျိုးအစား (၆) ခု ပါဝင်ပါတယ်။

Myanmar3 Installation Step-2
မြန်မာ-၃ ကို မိမိ ကွန်ပြူတာ အတွင်း ထည့်သွင်းဖို့ အထက်က ပုံမှာ ပြထားတဲ့ (၃) mm3 True Type Font File ပေါ်မှာ Right Click ထောက်ပြီး Install လုပ်ခြင်းဖြင့် ဖြစ်စေ၊ အဆိုပါ ဖောင့်ထ်ဖိုင် ကို C:/Windows/Fonts (သို့) Start/Control Panel (Classic View)/Fonts အတွင်းသို့ ကော်ပီကူးပြီး ပေ့စ်ထ် (Copy & Paste) လုပ်ခြင်းဖြင့် ဖြစ်စေ ထည့်သွင်း နိုင်ပါတယ်။
ဒီအဆင့်ပြီးလို့ အကယ်၍ ဆန္ဒရှိမယ် ဆိုရင် မိမိရဲ့ ကွန်ပြူတာမှာ မူလပါတဲ့ အိုင်အီး (Internet Explore) ဘရောက်ဇာမှာ မြန်မာ-၃ ကို Default အဖြစ် အသုံးပြု နိုင်ဖို့ အတွက် နံပါတ် (၆) Myanmar3_IE Registry Entries File ဆိုတာကို Double Click ပေးပြီး Run လိုက်ရုံပါပဲ။
အဆင့်(၃)။ ။ မိမိ ကွန်ပြူတာ အတွင်းကို မြန်မာ(၃) လက်ကွက်ထည့်သွင်းဖို့ အတွက် နံပါတ် (၂) keyman_free_6-2-176-0.exe ဖိုင်ကို Double Click ပေးပြီး အရင် Run ရပါမယ်။

Myanmar3 Installation Step-3
ပြီးတာနဲ့ နံပါတ် (၅) myanmar3 Keyman Keyboard File ကို လည်း Double Click ပေးပြီး ကီးမန်း အတွင်း ထည့်သွင်းလိုက် ပါမယ်။
အဆင့်(၄)။ ။ နောက်ဆုံး အနေနဲ့ မြန်မာ-၃ ကီးဘုတ်ကို သုံးပြီး စာရိုက်ဖို့ အတွက် Start->All programs->Tavultesoft Keyman-> Keyman ဆိုတာကို သွားပြီး ကလစ်လုပ် Run ပါမယ်။ ဝင်းဒိုးစ် စနစ်ရဲ့ Task Bar ညာဘက် အောက်ထောင့်မှာ လေးထောင့် ကွက် အိုင်ကွန် နဲ့ ကီးမန်း ဆော့ဖ်ဝဲရ် တက်လာပြီ ဆိုရင် အဲဒီ အိုင်ကွန်ပေါ် မှာ Right Click->Keyman Configuration ဆိုတာကို ရွေးပါမယ်။

Myanmar3 Installation Step-4
ပြီးတာနဲ့ ကျွန်တော်တို့ အောက်မှာ ပြတဲ့ အတိုင်း မြန်မာ-၃ ကီးဘုတ် အချိန်းအပြောင်း အတွက် ဘယ်ကီးတွေကို Short Cut Key တွေအဖြစ် တွဲနှိပ်သုံးမယ် ဆိုတာကို မိမိစိတ်ကြိုက် သတ်မှတ်ထားရှိ နိုင်ပါမယ်။ ကျွန်တော်ကတော့ လက်ရှိ ကီးဘုတ် တစ်ခုကနေ မြန်မာ-၃ ကီးဘုတ် လက်ကွက်ကို ပြောင်းသုံးဖို့ အတွက် Ctrl+Alt+M ကီးသုံးခုကို သတ်မှတ်ထားပြီး မြန်မာ-၃ လက်ကွက်ကို ပိတ်ဖို့ အတွက် Ctrl+Alt+O ကို သတ်မှတ်ထားပါတယ်။

Myanmar3 Installation Step-5
ဒါဆိုရင် ကျွန်တော်တို့ ကွန်ပြူတာ အတွင်းမှာ ဇော်ဂျီဖောင့်ထ် အပါအဝင် မြန်မာ-၃ ဖောင့်ထ် နှင့် လက်ကွက် ကို အောင်မြင်စွာ ထည့်သွင်း ပြီးပြီဖြစ်လို့ ကြိုက်နှစ်သက် ရာကို စတင် အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။
အဆင့် - ၃
အဆင့် - ၃ အနေနဲ့ မြန်မာ-၃ ဖောင့်ထ်နဲ့ လက်ကွက်၊ ဇော်ဂျီဖောင့်ထ် နဲ့ လက်ကွက်တို့ကို မီးမြေခွေး ဘရောက်ဇာ အတွင်းမှာ ယှဉ်တွဲလို့ အဆင်ပြေပြေ ရေးနိုင်၊ ဖတ်နိုင်ဖို့ အောက်ပါ အဆင့်များ အတိုင်း လုပ်ဆောင်သွားနိုင်ပါတယ်။
အဆင့်(၁)။ ။ မီးမြေခွေး ဘရောက်ဇာကို ဖွင့်ပါ။ ပြီးတာနဲ့ မီနူးဘား မှာ ရှိတဲ့ Tools ကနေ တဆင့် Options … ဆိုသည်ကို သွားပါ။

Integrating Myanmar3 Font into Mozilla Firefox-1
အဆင့်(၂)။ ။ Options.. ကို ကလစ် လိုက်တာနဲ့ အောက်က အတိုင်း ဝင်းဒိုးစ် အသစ်တစ်ခု တက်လာပါမယ်။ Content Tab ကို ကလစ်ပါ။ Default Font ကို Drop Down List မှတစ်ဆင့် Myanmar3 အား ရွေးပါ။ ပြီးလျင် ၎င်းဘေးမှာ ရှိတဲ့ Advanced အား ဆက် “ကလစ်” လုပ်ပါ။

Integrating Myanmar3 Font into Mozilla Firefox-2
အဆင့်(၃)။ ။ Advanced အား နှိပ်လိုက်ပါက အောက်ပါ အတိုင်း Advanced Options Box တစ်ခု တက်လာမှာဖြစ်ပြီး ပုံမှာပြထားတဲ့ အတိုင်းပဲ Serif: ဆိုတဲ့နေရာမှာ မြန်မာ-၃ ကိုရွေးချယ်ပါမယ်။ Sans-serif နှင့် Monospace ကိုတော့ ဇော်ဂျီဖောင့်ထ် ကို ရွေးချယ်ထားပါမယ်။ နောက် Allow pages to choose their own fonts, instead of my selection above. ကို အမှန်ခြစ်ထားဖို့ လိုပါတယ်။ ကျွန်တော်တို့ စက်ထဲမှာ ဇော်ဂျီရော၊ မြန်မာ-၃ ရော ရှိနေပြီဖြစ်တဲ့ အတွက်၊ ဝဘ်ပေ့ချ်တွေမှာ မည်သည့်ဖောင့်ထ် နဲ့ပဲ ရေးထား ရေးထား ဒီဟာလေးကို ကလစ်ထားခြင်းဖြင့် ကျွန်တော်တို့ ဘရောက်ဇာတွေထဲမှာ အားလုံး အဆင်ပြေပြေ မြင်တွေ့ ဖတ်ရှုနိုင်ပါလိမ့်မယ်။ ပြီးတော့ အခုလို ဖောင့်ထ် ဖွဲ့စည်းပုံ ပြင်ထားတဲ့ မီးမြေခွေး ဘရောက်ဇာထဲမှာ ဇော်ဂျီနဲ့ပဲ ရိုက်ရိုက်၊ မြန်မာ-၃ နဲ့ပဲ ရိုက်ရိုက် ကြိုက်သလို လက်ကွက်ကို ပြောင်းလဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Integration Myanmar3 Font into Mozilla Firefox-3
အောက်ဆုံးက Default Character Encoding မှာတော့ Unicode (UTF-8) ဆိုတာကို ရွေးချယ် သတ်မှတ်ပေးရပါမယ်။ အားလုံးပြင်ဆင်ပြီးတာနဲ့ OK ကို ဆက် ကလစ်ပြီးအားလုံး ပြင်ဆင် ပြီးပါပြီ။
တစ်ကယ်လို့ မြန်မာ-၃ ကို Google Reader တို့လိုမျိုး Feed Reader တွေထဲမှာပါ အဆင်ပြေပြေ မြင်တွေ့ ဖတ်ရှုချင်တယ် ဆိုရင်တော့ Sans-serif နှင့် Monospace တို့ နေရာတွေမှာပါ မြန်မာ-၃ ဆိုတာကို ရွေးချယ်သတ်မှတ်ပေးဖို့ လိုပါလိမ့်မယ်။ အဲဒီ အခါကျရင်တော့ မီးမြေခွေး ဘရောက်ဇာထဲမှာ ဇော်ဂျီနဲ့ ရေးထားတွေကို မြင်တွေ့ ဖတ်ရှုနိုင်တော့မှာ မဟုတ်တော့တဲ့ အတွက် ဇော်ဂျီစာမျက်နှာတွေကို ဖတ်ဖို့၊ ရေးဖို့ အိုင်အီး ဒါမှ မဟုတ် တစ်ခြား ဘရောက်ဇာ တစ်ခုခုကို အသုံးပြုဖို့ လိုလာပါလိမ့်မယ်။
အဆင့် (၄)
ဒီအဆင့်ကတော့ Optional လို့ပြောလို့ရပါတယ်။ မြန်မာ-၃ ယူနီကုဒ်ဖောင့်ထ် နဲ့ ပြောင်းရေးတဲ့ ဘလော်ဂါ တွေအတွက် မိမိတို့ရဲ့ ဘလော့ဂ်မှာ အော့ဖ်လိုင်း ဖောင့်ထ် ကွန်ဗာတာ လေး တစ်ခုကို တပ်ဆင်ထားပေးခြင်းဖြင့် ဇော်ဂျီဖောင့်ထ်ပဲ လောလောဆယ် စက်ထဲမှာ ရှိနေသူတွေ အတွက်လည်း မိမိဘလော့ဂ်ကို အဆင်ပြေပြေ ဖတ်ရှုနိုင်ပါ လိမ့်မယ်။ ၎င်း ကွန်ဗာတာ တပ်ဆင်နည်း (For Blogspot & WordPress Blogs) ကို မြန်မာ ဘလော်ဂါ နှင့် ဖွဲ့တည်ရာ မဂ္ဂဇင်းရဲ့ အယ်ဒီတာ တစ်ဦး ဖြစ်သူ ကိုသင်ကာ ရေးထားတာ ကို ဒီနေရာမှာ အလွယ်တစ်ကူ ဖတ်ရှုပြီး လက်တွေ့ ပြုလုပ် အသုံးချနိုင်ပါတယ်။
အားလုံးပဲ ယူနီကုဒ် ၅.၁.၀ နဲ့ အဆင်ပြေပြေ ဘလော့ဂ်ဂင်း နိုင်ကြပါစေ…။
This post is tagged Fonts, HowTo, Myanmar3, Tutorial, Unicode, Zawgyi















ဟဲ.. မြန်မာ ၃ လေး install လုပ်လိုက်တယ်..။ အဲဒါလေးနဲ့ မန့်မလို့ဘဲ…။ လက်ကွက်မရသေးလို့ ဇော်ဂျီလေးနဲ့ပဲ သတင်းပို့ခဲ့တယ်..။
Reply
ဟုတ် အစ်မ- ပထမဆုံးပြောရမှာကတော့ ကျေးဇူး တင်ကြောင်းပဲ အစ်မရေ. ကျွန်တော် ယူနီကုဒ်နဲ့ ပြောင်းရေးပေမယ့်လည်း အဆင်ပြေပြေဖတ်လို့ရပြီး ဆက်လက် အားပေးတဲ့ အတွက်ပါ။
လောလောဆယ်တော့ ကျွန်တော်လည်း သဘောပေါက်ပါတယ်.. အစမှာတော့ လက်ကွက် အပြောင်းအလဲမှာ နည်းနည်း အခက်အခဲရှိမှာ အမှန်ပဲကိုး။ ဒါပေမယ့် တစ်ခုတော့ ကျွန်တော် လက်တို့လိုက်ဦးမယ် အစ်မကို..မြန်မာ-၃ လက်ကွက်က ဇော်ဂျီထက် ရိုက်ရတာ အများကြီး ပိုလွယ်တယ် ဆိုတာပါ။ ပြီးတော့ ကိုသင်ကာ စကား ခဏငှားပြောရရင် မြန်မာ-၃ လက်ကွက်က သိပ် စမတ်ကျတယ် ပေါ့ဗျာ. .
တစ်ကယ်လို့ လက်ကွက်ကို မကြည့်ချင်သေးဘူး ဆိုရင်လည်း ဒီအောက်က လင့်ခ်လေးမှာ ဇော်ဂျီနဲ့ပဲ ရိုက်ပြီး မြန်မာ-၃ ဖောင့်ထ် ကို အလွယ်တစ်ကူပဲ ပြောင်းယူနိုင်ပါသေးတယ်။
>> http://burglish.googlepages.com/fontconv.htm
အိုကေပါ အစ်မရေ. အားလုံး အဆင်ပြေပါစေဗျာ.
(စကားမစပ်- အစ်မ ဘလော့ဂ်ကို ကျွန်တော် ဝင်ကြည့်တာ Index of ဆိုတာပဲ ပေါ်နေတယ်ဗျို့ ဘာဖြစ်လဲတော့ မသိဘူး)
Reply
unicode ဆိုလည်း unicode ပေါ့အေ
Reply
Mhaw Sayar Reply:
January 9th, 2009 at 7:29 AM
@Pinkgold, တစ်မျိုးပါလား. မပင့်ဂိုးလ်ရဲ့
ကျွန်တော့် အဒေါ်ကိုတောင် သွားသတိရတယ်.. အဒေါ်ကလည်း အဲလိုပဲ. သူ မကြိုက်တာ တစ်ခုခုတွေ့ရင် ခါးလေးထောက်ပြီး လုပ်ပေါ့အေ.. ဘာဖြစ်တယ်၊ ညာဖြစ်တယ်.. ပြောတတ်တယ်။ 
နောက်တာပါဗျာ. ကိုယ်ကြိုက်ရာကို ကိုယ် လွတ်လွတ်လပ်လပ်၊ စိတ်ရှိလက်ရှိ အသုံးပြုနိုင်ပါကြောင်း
Reply
သိပ်ကောင်းတယ်။ ယူနီကုဒ်နဲ့တစ်ခါတည်း ကော်မန့်ခဲ့ပါတယ်။
Reply
Mhaw Sayar Reply:
January 14th, 2009 at 11:34 PM
@လှိုင်ဘုန်းအောင်, အဆင်ပြေပါစဗျာ. ၅.၁ နဲ့
Reply
မောင့်တပတ်နွမ်းပဲ လုပ်ဦးမယ်ဗျာ… အဲဒီဘက်ကို ခေါင်းက သိပ်အလုပ်မပေးနိုင်သေးတော့… သွားရေပဲယိုနေရတယ်.. စိတ်တွေက ကလိချင်.. လုပ်ချင်တိုင်းက လုပ်မရသေးလို့.. ပိုချရေးသားမှုတွေကတော့ ရှယ်ပဲဗျို့
Reply
Mhaw Sayar Reply:
January 14th, 2009 at 11:36 PM
@အဇ္ဈတ္တပြခန်း, နောက်များမှပေါ့ဗျာ. အချိန်ရမှ အေးအေးဆေးဆေးသာ ကလိတော့ဗျို့. အားလုံးအိုကေမှာပါ.
Reply
အစ်ကိုကတော်လိုက်တာ ပို့မှပို့ ဟိုထိရောက်အောင်တစ်ခါတည်းပို့ပေးတယ် ဟဲဟဲ ဒီဟာမရှိ ဒီကယူ ဟိုဟာမရှိ ဟိုကယူနဲ့ သဘောတယ်ကောင်း မိန်းမ လှလှလေး ရအုံးမှာ ကျေးဇူး ကျေးဇူး ဒီတစ်ခါတော့ဖတ်လို့ရပြီး
Reply
Mhaw Sayar Reply:
February 5th, 2009 at 5:51 PM
@MaungMyo, ညီမောင်မျိုး. ဒီတစ်ခါပေးတဲ့ ကောမန့် အလန်းဆုံးပဲ ဆုတွေ ပေးသွားလို့
အဆင်ပြေတာ သိရလို့ ဝမ်းသာပါတယ် ညီ။
Reply
အခုပဲ ပြောင်းလိုက်တာအကို။ စစရေးချင်းတော့ တိုင်ပတ်နေတယ်၊ အမှန်တော့တကယ် သက်သာတာပဲ။ Gtalk နဲ့ကျတော့
အဆင်မပြေဘူး။ setting မှာ မြန်မာ၃ ဖောင့်ထ်ပြောင်းမှပေါ်တယ်။ ဒါပေမယ့် တစ်ခြားသူတွေက ဇော်ဂျီသုံးနေတော့
အဆင်မပြေပြန်ဘူး။ ဒီအတိုင်းဆို မြန်မာ၃ နဲ့ရေးရင် ဥပမာ ကျောင်းကစက်တွေကရော ဖောင့်ထ်မရှိပဲ မြင်ရပြီလား၊
ညီထင်တာကတော့ မြင်တော့မြင်ရမယ်၊ ဖတ်လို့တော့ရမှာ မဟုတ်ဘူး။ စာလုံးအစီအဉ်တွေကလွဲနေတာ။ gtalk မှာ font
မပြောင်းပဲပေါ်သလိုမျိုးပေါ်နေမှာ။ ဖောင့်ထ်ရှိမှ ဖတ်လို့ရမယ်ဆိုရင်တော့ ဇော်ဂျီကို EOT လုပ်သုံးတာက ပိုအဆင်ပြေ
သလိုကြီးဖြစ်မနေဘူးလား။ reply စောင့်နေမယ်နော်အကို။
Reply
Mhaw Sayar Reply:
February 5th, 2009 at 6:07 PM
@ထက်မင်းဖြိုး, ကိုယ်တို့ ပြောနေကြတဲ့ ကိစ္စကလည်း အမှန်တော့ အဲဒီကိစ္စပဲ ညီ။ ဇော်ဂျီကို အဆင်မပြေလို့ ကိုယ်တို့က မြန်မာ-၃ ကို ပြောင်းသုံးတာ မဟုတ်ဘူး ညီ။ လက်ရှိမှာ နေရာ တော်တော်များများမှာ ဇော်ဂျီက မြန်မာ-၃ ထက်တောင် ပိုအဆင်ပြေနေပါတယ်လို့တောင် ပြောလို့ရပါသေးတယ်။
ဒါပေမယ့် အဓိက ကိုယ်တို့ မြန်မာ-၃ ကိုပြောင်းသုံးရတဲ့ ရည်ရွယ်ချက်က ဇော်ဂျီဟာ စံနှုန်းကိုက် (ISO & Unicode 5.1) မဟုတ်ပဲ မြန်မာ-၃ (ပိတောက်၊ ပုရပိုဒ် တို့ အပါအဝင်ပေါ့) ဟာ စံနှုန်းကိုက် ဖြစ်နေလို့ပဲ ညီ။ ဒီနေရာမှာ ဇော်ဂျီက စံနှုန်းကိုက်ဖြစ်ပြီး မြန်မာ-၃ က စံနှုန်းကိုက် မဟုတ်ဘူး ဆိုရင်လည်း ကိုယ်က ဇော်ဂျီကိုသုံးဖို့ တိုက်တွန်းရမှာပါ။ ဆိုတော့ကာ အရေးကြီးတဲ့ အချက်ဖြစ်တဲ့ ဖောင့်ထ် တစ်ခုဟာ ယူနီကုဒ်နဲ့ အိုင်အက်စ်အို စံနှုန်းတွေကိုက် တာ၊ မကိုက်တာ ဘယ်လောက် အရေးပါမှု ရှိသလဲ ဆိုတာကို နားလည်ဖို့ ဒီအောက်က အင်တာဗျူးတွေနဲ့ စာတမ်း တစ်ခုကို ညီဖတ်ကြည့်လိုက်ရင် ပိုအဆင်ပြေမယ်ညီ။
>> http://lawka-ahla.com/news.php?extend.533.9
>> http://lawka-ahla.com/news.php?extend.534.9
>> http://mbl0gger.net/2009/01/unicode-and-culture-of-myanmar-language/
နောက်ပိုင်းမှာ ညီပြောသလိုပဲ ဘာမြန်မာဖောင့်မှ မရှိတဲ့ နေရာ၊ စက်ကကြည့်ရင်လည်း မြန်မာလို မှန်မှန်ကန်ကန် မြင်ရ ဖတ်ရဖို့၊ ရှာဖွေရေး အင်ဂျင်တွေမှာ မြန်မာလိုတွေ အလွယ်တစ်ကူ ရှာနိုင်ဖို့ ဒီ စံနှုန်းကိုက် ယူနီကုဒ်ဖောင့်ထ် တွေကပဲ စွမ်းဆောင်သွားပါလိမ့်မယ် ညီရေ။
Reply
မှော်အတတ်တွေ လုပ်လိုက်ပြန်ပြီ
မှော်ဆရာပါပဲ
ဆက်လုပ်ဗျို့ အားပေးတယ်။
Reply
WOW what happened?
Reply
စမ်းကြည့်ဦးမယ် ကိုမှော်ဆရာရေ ကျေးဇူးပဲဗျာ
Reply
Opps !!!!
Very good illustration , great !!!
I could not able to read content
Reply