Opera 9.6 Browser Officially Supports for Myanmar1 Font | MBL0GGER

MBL0GGER

Opera 9.6 Browser Officially Supports for Myanmar1 Font

Jan 7th 2009
6 Comments
respond
trackback

Opera Supports for Myanmar1 Font

Opera Supports for Myanmar1 Font

ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်၊  အောက်တိုဘာ (၈) ရက်နေ့က ဖြန့်ချီခဲ့တဲ့ အော်ပရာ ၉.၆ အင်တာနက် ဘရောက်ဇာ ဆော့ဖ်ဝဲရ်မှာ ယူနီကုဒ် စနစ်သုံး မြန်မာဖောင့်ထ် တစ်ခုဖြစ်တဲ့ မြန်မာ-၁ (Myanmar1) ကို ရေးသားခြင်း၊ ဖတ်ရှုခြင်းများ နှင့် User Interface ကိုပါ မြန်မာလို မြင်တွေ့ အသုံးပြုနိုင်ဖို့ ဘရောက်ဇာရဲ့ System Preference ထဲမှာ တရားဝင်  ထည့်သွင်းပေးထားတာကို တွေ့ရပါတယ်။ အကယ်၍ မြန်မာ-၁ နဲ့ ဘာသာပြန်ထားတဲ့ Opera Browser Language Pack for User Interface များ ရှိရင်တော့ အခု လက်ရှိ အော်ပရာ ဘရောက်ဇာမှာ Menu Bar, Preference and Setting စတဲ့ အသုံးပြုသူ နယ်ပယ်မှာ အပြည့်အဝ မြန်မာလို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဒီ Software တွေကို Localize လုပ်တဲ့ Language Pack တွေကတော့ စွမ်းဆောင်နိုင်တဲ့  မြန်မာ ပရိုဂရမ်မာ တွေ ကိုယ်တိုင် သက်ဆိုင်ရာ ဆိုဒ်က ထောက်ခံထားတဲ့ ဖောင့်ထ် အမျိုးအစားကို သုံးပြီး ဘာသာပြန်ဆို ပေးနိုင်ကြရင်တော့ အကောင်းဆုံး ဖြစ်လိမ့်မယ် ဖြစ်ပြီး ဒါဟာ အားလုံးသော မြန်မာတို့ အတွက်လည်း နတ်လူသာဓု ခေါ်စရာ ကိစ္စ တစ်ခု ဖြစ်လို့ လိုအပ်ချက်တစ်ခုအား တတ်နိုင်သူများက ဖြည့်စွမ်းပေးနိုင်ကြဖို့ နှိုးဆော် တိုက်တွန်းလိုက်ရပါတယ်။

လောလောဆယ် အနေနဲ့ အော်ပရာ ၉.၆ မှာ လက်ရှိ ယူနီကုဒ် နောက်ဆုံးဗားရှင်းနဲ့ အကိုက် ထုတ်လုပ်ထားတဲ့ မြန်မာ-၃ (Myanmar3) ကို မထည့်ပဲ ဘာကြောင့် မြန်မာ-၁ (Myanmar1) ကိုပဲ ထည့်ထားရသလဲ ဆိုတာတော့ မသိပါဘူး။ ဘာပဲ ဖြစ်ဖြစ် နောက်ထွက်မဲ့ အသစ်ဗားရှင်း ဖြစ်တဲ့ အော်ပရာ-၁၀ မှာတော့ မြန်မာ-၃  (Myanmar3) ကို Support လုပ်လာဖို့ မျှော်လင့်မိပါတယ်။

ဒီအောက်က ပုံတွေကတော့ အော်ပရာမှာ မြန်မာ-၁ ကို တရားဝင် ထည့်သွင်းထားတာကို တွေ့မြင်ရပုံတွေပါ။ Thanks Opera! :D

In Opera Browser : Goto Tools->Preference-> and Check Language->

Opera Browser supports Myanmar1 Font

Opera Browser officially supports for Myanmar1 Unicode Font

Click “Advance” tab and Choose “Font” -> then Click “International Fonts” and you can change like below.

Opera Officially Supports for Myanmar1 Unicode Font

Opera Officially Supports for Myanmar1 Unicode Font

ဒီအောက်က ပုံကတော့ အော်ပရာဟာ ဝဘ်စာမျက်နှာတွေကို Loading လုပ်ရာမှာ မီးမြေခွေးထက် ၂- ဆလောက် မြန်ပေမယ့်၊ Memory Usage မှာတော့ မီးမြေခွေးရဲ့ သုံးပုံ တစ်ပုံ ခန့်ကိုပဲ အသုံးပြုတာကို တွေ့ရပုံဖြစ်ပါတယ်။ ဒီဟာကို စမ်းသပ်ချိန်မှာ မီးမြေခွေး ဘရောက်ဇာကို Tab ၄ – ခု နှင့် ဖွင့်ထားပြီး၊ အော်ပရာ ကတော့ Tab ၈ – ခု နှင့် ဖြစ်ပါတယ်။

Opera Browser Memory Usage Test

Opera Browser Memory Usage Test

စကားကြွင်း။    ။ လောလောဆယ် အော်ပရာ ဘရောက်ဇာမှာ မြန်မာယူနီကုဒ် ဖောင့်ထ် တွေကို ကောင်းကောင်း မြင်တွေ့၊ ဖတ်ရှုနိုင်ပေမယ့် ရေးသားရာမှာတော့ မီးမြေခွေးလောက် အဆင်ပြေတာ မတွေ့ရသေးပါဘူး။ :( တစ်ချို့စာလုံးတွေ ရောရောထွေးထွေး ပြနေဆဲ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အော်ပရာ ဘရောက်ဇာ ကို ကျွန်တော်တို့ မြန်မာဘာသာအတွက်နဲ့ ၊ ဝဘ်လောက တစ်ခုလုံး အတွက်ပါ Memory အစားနည်း၊ မြန်နှုန်းမြင့်ပြီး၊ သားသား နားနားလည်း ရှိလှတဲ့  အရည်အသွေးကောင်း များစွာနဲ့ အလားအလာ ကောင်းများစွာ ရှိတဲ့ အင်တာနက် ဘရာက်ဇာ တစ်ခုအဖြစ် ဆက်လက် တိုးတက် ဖြစ်ထွန်း လာလိမ့်မယ်လို့ ယုံကြည် မျှော်လင့်မိ ပါကြောင်း။ :D

Spread the World!
  • Digg
  • StumbleUpon
  • del.icio.us
  • Facebook
  • Google Bookmarks
  • Technorati
  • Yahoo! Buzz
  • LinkedIn
  • Reddit
  • Mixx
  • TwitThis
  • Ping.fm
  • Tumblr
  • email
  • Print

This post is tagged , , , , ,

6 Responses

  1. layma says:

    Opera ကို သွင်းထားပြီး တစ်ခါမှ မသုံးဖူးဘူး

    Mhaw Sayar Reply:

    @layma, မိုက်တယ် အစ်မ သုံးကြည့်. ဆိုဒ်တွေဘာတွေ ဖွင့်ရတာ အတော့်ကို မြန်တယ်.. ကျန်တဲ့ ကောင်တွေနဲ့ ဘာမှကို မဆိုင်တာ. သူ့မှာ မီးမြေခွေးလိုပဲ ပလဂ်အင်တွေလည်း ထည့်သုံးလို့ရတယ်. ကျွန်တော်တော့ အတော်ကြိုက်တယ်ဗျို့. :)

  2. ye myat thu says:

    BBC က လဲ Myanmar1 ဘဲ It is also Standard Up to 2008 April 8 Standard Change also problem for us

    Mhaw Sayar Reply:

    @ye myat thu, ဟုတ်ကဲ့ အစ်ကိုရေ. အမှန်ပါပဲဗျာ. တစ်ယောက်တစ်မျိုးစီ၊ ကိုယ့်စံကို ကိုယ် သတ်မှတ်နေကြမယ် ဆိုရင်တော့ ဒီလိုပဲ ပြဿနာတွေ ဆက်ကြုံနေရဦးမယ်လို့ ကျွန်တော်လည်းယူဆမိပါတယ်။

  3. kksoe says:

    ဗိုလ်၊ ကျား၊ သေနတ် ကိုယ်ကြိုက်တာကိုယ်ရွေး……

    “Opera”

    သုံးဖူးသမျှ browser တွေထဲမှတော့ အကြိုက်ဆုံး ပဲဗျို.

    လမ်းကြောင်းလေးများ နှင့် ဖေါ်ပြချက်များကိုကျေးဇူးတင်ပါတယ်ဗျာ။

    Unapprove | Spam | Delete | Edit | Quick Edit | Reply

  4. Law Shay says:

    အော်ပရာ ၉.၂ ကတည်းက မြန်မာ ၁ ကို သုံးလို့ရခဲ့တယ်။ ခုမှ တရေးနိုးသလား။

    http://www.opera.com မှာ blog တခုကို Myanmar 1 နဲ့ ရေးခဲ့တယ်။ ဖတ်သူ လုံးဝမရှိလို့ ရပ်ပစ်ခဲ့တယ်။

    ပြဿနာကို သေချာ ချဉ်းကပ်ပါ။ နင်ပဲငဆ နှိပ်ကွပ်ရုံနဲ့ ပြီးရအောင် (နိုင်ရအောင်) ဖိုရမ်မှာ ၇န်ဖြစ်နေတာမဟုတ်ဘူး။

Categories