အခုလောလောဆယ်

(က)
အခုလောလောဆယ်
မက်မက်စက်စက် ချစ်တဲ့
အချစ်နဲ့ ပတ်သက်လို့တောင်
အချစ်ကဗျာတွေ ကျုပ် မရေးချင်ဘူး ဖြစ်နေတယ်။
(ခ)
အခုလောလောဆယ်
အိပ်မရတိုင်း ထထ ထိုင်နေရလို့
ခပ်ပြင်းပြင်း အိပ်ဆေးတစ်ခွက်လောက်
ရေမရောပဲ မော့လိုက်ချင်တယ်။
(ဂ)
အခုလောလောဆယ်
တောင်တောင် အီအီ စိတ်ကူးတိုင်း
ရောက်ရောက် လာတတ်တဲ့ အတွေးစက
ကူးစက်ခံနေရတဲ့ စီးပွားပျက်ကပ် အကြောင်းပဲ။
(ဃ)
အခုလောလောဆယ်
“ရာဇဝင်တွင်မည့် အချစ်” ဆိုတဲ့ သီချင်းနားထောင်ရင်း
အချစ်ဆိုတာ ရာဇဝင်တွင်ဖို့ လိုသလား လို့
ခဏခဏ မေးနေမိတယ်။
(င)
အခုလောလောဆယ်
ဒုံးကျည်များ အပြန်အလှန် ပစ်ခတ်ကာ
နှစ်သစ်အား ကြိုဆိုခဲ့ကြကြောင်း
ဂါဇာ-အစ္စရေး သတင်းတစ်ပုဒ်မှာ ဖတ်လိုက်ရတယ်။
(လန်ဒန်၊ နယူးယောက်ခ်၊ ပဲရစ် နှစ်သစ်ကူး သတင်းတွေနဲ့ အပြိုင်ဗျ။)
(စ)
အခုလောလောဆယ်
နင်းပြားဖြစ်နေတဲ့ စိတ်ဓာတ်ဟာ
ဘယ်သူမှ တက်မနင်းခင်ကတည်းက မြေပေါ်မှာ ကျနေခဲ့တာဖြစ်ကြောင်း
တအံ့တသြ တွေ့ရှိလိုက်ရတယ်။
(ဆ)
အခုလောလောဆယ်
တစ်ခြမ်းစောင်းနေတဲ့ ကမ္ဘာကြီး အတွက် အလုပ်လုပ်ဖို့တဲ့
မစ္စ ဟီလာရီ ကလင်တန် တစ်ယောက်
လွှတ်တော်ရှေ့မှောက်မှာ ကျမ်းသစ္စာ ကျိန်ဆိုနေလေရဲ့။
(ဇ)
အခုလောလောဆယ်
Coding တွေအကြောင်းပဲ
ခေါင်းထဲ ပြည့်ညှပ်ကျပ်နေလို့
မနက်ဖြန်စာမေးပွဲဟာ ခပ်လှမ်းလှမ်းက ရပ်ကြည့်နေရှာတယ်။
(ဈ)
အခုလောလောဆယ်
လင်းနစ်စ (Linux) ကို သတ်ဖို့ဆိုပြီး
သတ္တမမြောက် ဝင်းဒိုးစ် တစ်ကောင်ကို
မိုက်ခရိုဆော့ဖ်က ခင်ဗျားနဲ့ ကစားခိုင်းနေတယ်။
(ည)
အခုလောလောဆယ်
ကိုလေးဖြူရဲ့ စာမျက်နှာ (၁၅) မှာ
Red Cross တစ်ခု ကျုပ် ထပ်တွေ့လိုက်ရတယ်
(ကြက်ခြေနီ ဖြစ်ပါစေလို့ ဆုတောင်းတယ်)
(ဋ)
အခုလောလောဆယ်
အတိတ်က အတ္တတွေကို အစာတပ်ပြီး
အနာဂတ် ရေကန်နက်နက်မှာ ငါး သွားမျှားဖို့
ကျုပ် အသေအချာ စဉ်းစားနေတယ်။
(ဌ)
အခုလောလောဆယ်
မြန်မာ ပြက္ခဒိန်အရ
ကမ္ဘာ့ အရှေ့ခြမ်းမှာ ရက်ရာဇာ ဖြစ်နေပေမယ့်
ပြဿဒါးဟာ အနောက်ခြမ်းမှာ ပျော်မွေ့နေတုန်းပဲ။
(ဍ)
အခုလောလောဆယ်
ဒီကဗျာကို အချိန်ပေးပြီး ဖတ်တဲ့ အတွက်
ခင်ဗျားကို ကျေးဇူးတင်ကြောင်း
ကျုပ် လေးလေးနက်နက် ပြောလိုတယ်။
(ဎ)
တစ်ခုရှိတာက…
အခုလောလောဆယ်
ခင်ဗျားရော၊ ကျုပ်ပါ
လောလောလတ်လတ်
(၃) မိနစ်စီ အသက်တိုသွားပြီ ဆိုတဲ့ အကြောင်း
သတိ ထားလိုက်မိဖို့ပါပဲ။ ။
မှော်ဆရာ
၁၅.ဝ၁.၂၀ဝ၉ (ကြာသပတေးနေ့)















လောလောဆယ် ဖြစ်နေတာက အကုန်လုံးသိမ်းကြုံးသွားပါလား အစ်ကိုရ
Coding တွေအကြောင်းပဲ
ခေါင်းထဲ ပြည့်ညှပ်ကျပ်နေလို့
မနက်ဖြန်စာမေးပွဲဟာ ခပ်လှမ်းလှမ်းက ရပ်ကြည့်နေရှာတယ်။
အဲ့တာဆိုလည်း Coding ခဏတော့ delect လုပ်လိုက်ပေါ့ နောက်မှ အမှိုက်ပုံးထဲက ပြန်ရှာ ။
ဒီကဗျာကို အချိန်ပေးပြီး ဖတ်တဲ့ အတွက်
ခင်ဗျားကို ကျေးဇူးတင်ကြောင်း
ကျုပ် လေးလေးနက်နက် ပြောလိုတယ်။
လိုပါဘူးဗျာ အချင်းချင်းတွေ ဟိဟိ အစ်ကို တစ်ခါမှ စာလုံးပေါင်းမမှားဖူးဘူးနော် အခု “မက်မက်စက်စက်” အဲ့တာက “ပက်ပက်စက်စက်”လား သိဘူး
မက်မက်စက်စက် ပဲရေးတာဆိုရင် ဆောတီးဗျ ။
Reply
Mhaw Sayar Reply:
January 15th, 2009 at 8:33 AM
@MaungMyo, ကျေးဇူး ညီမောင်မျိုးရေ. အစောကြီးလာမန့်ထားတဲ့ အတွက်. “မက်မက်စက်စက်” ဆိုတဲ့ အသုံးကတော့ ညီ အောက်မှာ တစ်ခေါက် ထပ်လာပြီး ပြောထားသလိုပဲ .. ကိုယ်တမင်တကာကို သုံးထားတာပါ.. အောက်ကလို အပြင် နောက်တစ်ခု ခက်ဆက်ဖွင့်လို့ရသေးတယ်.. “မက်မက်စက်စက်=မက်မက်မောမော+ရက်ရက်စက်စက်” (အလွန်အကျူး ဖြစ်တာကို ဆိုလိုတာပါ)
အမှန်တော့ ကိုယ်လည်း ဒီစာလုံးကို ကြိုက်လို့ ဆရာ့ဆရာတွေဆီက ယူသုံးထားတာလေ. (ဘိုညိမ်းတို့၊ ဘိုတင့်တို့ပေါ့.
)
Reply
ကိုကြီးမှော်ရေ ကဗျာလာဖတ်တယ်ဗျာ ညီတော့ ၅မိနစ်အသက်ပိုတိုးသွားပြီးထင်တယ် ဖတ်တာ ၅မိနစ်လောက်ကြာလို့
အဆင်ပြေပါစေခင်ဗျာ
Reply
Mhaw Sayar Reply:
January 15th, 2009 at 8:26 AM
@ညိမ်းညို, ကဗျာလာဖတ်လို့ ကျေးဇူးပါ ညီရေ.. ကိုယ်သိနေတယ်. ညီတို့ ကဗျာဆရာ တွေကတော့ အနည်းဆုံး ၅-မိနစ်စီပဲ လို့….
Reply
မက်မက်စက်စက်=တရှိုက်မက်မက်=စွဲစွဲလမ်းလမ်း
ကိုညိမ်းညို ပြောပြလို့ ကဗျာဆရာတွေက မြင့်လွန်းတော့ မမှီဘူးဗျ ။ ခုတော့သိပြီး သက်မွန်မြင့်ကို ကျနော်ချစ်သည်
Reply
Mhaw Sayar Reply:
January 15th, 2009 at 8:38 AM
@MaungMyo, မြင့်ဆို ကိုယ်နေတာက အခု ၁၄-ထပ်မှာကိုး ညီရ. ဟားဟား.
နောက်တာပါ. အဲလို မသိတာရှိ ချက်ချင်း ထ ဖြေရှင်း တတ်တာကြောင့်ဖြစ်မယ်… ညီ့စာတွေ တစ်ပုဒ်ပြီးတစ်ပုဒ် ပိုပိုကောင်းလာတာ…
Reply
အခုလောလောဆယ်စာမေးပွဲက ရပ်ကြည့်နေတာမဟုတ်ဖူးအစ်ကိုရေ..။ အခုစာမေးပွဲသွားမဖြေခင်ကို လာဖတ်တာ…ဝင်နေပြီ ဝင်နေပြီ..။ ဘယ်ထဲလဲတော့ မမေးနဲ့…။ အစ်ကိုပြောတာသိပ်မှန်တယ်ဗျာ…။ ကမ္ဘာ့အနောက်ခြမ်းမှာ ပြဿဒါးက တစ်ကယ်ကိုပျော်မွေ့နေတုန်းပဲ။ ကျွန်တော် ကော်မန့်ပါရေးခဲ့တော့ အနဲဆုံး ၅ မိနစ်ပိုလျော့သွားပြီ။
Reply
Mhaw Sayar Reply:
January 15th, 2009 at 8:41 AM
@BLACK DREAM, စာဖတ်ချိန်ထဲက ၅-မိနစ်ပါသွားပြီပေါ့. ဟုတ်လား.
အခုတော့ ရက်ရာဇာဖြစ်လို့ စာမေးပွဲမှာ အေးဆေးဖြစ်သွားမှာပါ ညီရေ. . အားလုံး အဆင်ပြေပါစေ…
Reply
အခုလောလောဆယ်
ယူနီကုတ်တွေထဲက ခေါင်းပြူကြည့်လာတဲ့ မှော်ဆရာရဲ့ လက်ရာကောင်းကို ဖတ်ရတာ အရသာရှိတယ်..။
အခုလောလောဆယ်
ခဏခဏ ဆိုညည်းမိတဲ့ စာမျက်နှာ ၁၅ ဆိုတဲ့ နာမည်လေးတွေ့တော့ တော်တော် ရင်ခုန်သွားတယ်..( မှတ်ချက်.. ရိုး၂ကြိုက်တာပါ.. အတိတ်ဇာတ်လမ်းမရှိပါ)
အခုလောလောဆယ်
၂၀၁၂ မှာ ပျက်မယ်ပြောနေတဲ့ ကမ္ဘာကြီးပေါ်မှာ အသက်ရှူဖို့ ၃မိနစ်လောက် အသက်တိုသွားတာလောက်ကို ကပ်တွက်မနေတော့ဘူး…။
စာမေးပွဲ အိုကေပါစေ.။
Reply
Mhaw Sayar Reply:
January 15th, 2009 at 8:51 AM
@layma, အခုလောလောဆယ်
ဒီကဗျာဖြစ်လာတာ ကိုမျိုး(အဇ္ဖျတ္တပြခန်း) ကျေးဇူး မကင်းဘူး ဆိုရင် ပိုမှန်မယ်ဗျ.
(သူ့တိုက်တွန်းမှုက ၇၀% လောက် ရှိတယ်ဗျို့)
အခုလောလောဆယ်
စာမျက်နှာ (၁၅) ကိုနားထောင်ဖို့တော့ အတိတ်ဇာတ်လမ်း ရှိဖို့မလိုပါဘူး. ကိုကောင်းကင်ကြီး ရုံးသွားချိန် နားထောင်လည်း ဒီ Mood မျိုး ထည့်လို့ရပါတယ်.. ဟုတ်တယ်ဟုတ်
အခုလောလောဆယ်
၃-မိနစ်စာလောက် ကဗျာထဲမှာ ငြိမ်သက်မှု ရခဲ့တယ် ဆိုရင်ပဲ
ကျွန်တော် ဒီကဗျာ ရေးရကျိုး နပ်ပါတယ် အစ်မရေ.
ကျေးဇူးပါဗျာ..
Reply
ကိုမှော်ဆရာရေ
ခုလောလောဆယ်
ကျုပ်. ခင်ဗျား ကဗျာဖတ် ပြီး
ကွန်မန့် ရေးနေတယ်
ခုလောလောဆယ်
ကျုပ်စိတ်ထဲ
အတွေးပေါင်းများစွာဖြတ်သန်းသွားတယ်
Reply
Mhaw Sayar Reply:
January 16th, 2009 at 6:37 AM
@minkyawswar, ကိုမင်းကျော်စွာရေ. အခုလောလောဆယ်. ကဗျာလာဖတ်တဲ့ အတွက် ကျေးဇူးပါဗျာ.
Reply
ယူနီကုဒ်အကြောင်း လေ့လာမိသမျှ ပညာပေးတဲ့ ပိုစ့်တွေ စရေးနေပါပြီ။
လာပြီး လက်တို့ပါတယ်။
ကဗျာဖတ်သွားတယ်။
တက်လူငယ်…
Reply
Mhaw Sayar Reply:
January 16th, 2009 at 6:39 AM
@တက်လူငယ်, ကိုတက်လူငယ်ရေ. အဲဒီသတင်းကြားရတာ သိပ်ဝမ်းသာတယ်ဗျို့. လာဖိတ်ခေါ်တဲ့ အတွက် ကျေးဇူးပါ ခင်ဗျား။
Reply
ကဗျာနောက်ဆုံးတစ်ပိုဒ်လည်းဖတ်ပြီးရော ဒုန်းခနဲပဲ .. ၃ မိနစ်ဆိုလည်းမနည်းဘူးနော်။
Reply
Mhaw Sayar Reply:
January 16th, 2009 at 6:40 AM
@winkabar, အတိအကျပဲ ညီမလေး.ဘဝ က ကို မိနစ်ပိုင်းပဲ ရှိတာကိုး.
. ဒုန်းကနဲ အောက်ပြုတ်ကျတာတော့ မဟုတ်ဘူး မှတ်လား..
Reply
ကဗျာကတော့ ရေလည်လန်းတယ်ဟာ.. ဟုတ်ပါ့ 3 မိနစ်လောက် အသက်တိုသွားပြီ
Reply
Mhaw Sayar Reply:
January 16th, 2009 at 6:42 AM
@Pinkgold,
ကဗျာလာဖတ်တဲ့ အတွက် ကျေးဇူးပါ မ Pinkgold ရေ.
Reply
Very nice poem. Cheers!
Reply
Mhaw Sayar Reply:
January 16th, 2009 at 6:43 AM
@ကေဂျွန်, ကိုကေဂျွန်ကြီး ကဗျာလာဖတ်လို့ ကျေးဇူးပါဗျို့
Reply
ကိုမှော်ရေ ကဗျာကတော့ ထုံးစံတိုင်း လန်းဆန်းတယ်ဗျာ.. ဘာလဲဗျ တရားပါဟောသွားတာလား… အဲဒီအရေးသားတွေကို ကြိုက်တာ
Reply
Mhaw Sayar Reply:
January 22nd, 2009 at 11:40 PM
@အဇ္ဈတ္တပြခန်း, ကျေးဇူးဗျို့ ကိုမျိုး လာအားပေးလို့.
Reply
ကဗျာလေးတွေက ခံစားရင်း.. တဖြေးဖြေးတရေးရေး တွေးလို့ကောင်းတယ်ဗျာ
Reply
Mhaw Sayar Reply:
January 22nd, 2009 at 11:40 PM
@စိတ်စမ်းရေ, ကျေးဇူးပါဗျို့.
Reply
Reply
I can’t read
Reply
I can’t read.. what should I do???
Reply
Mhaw Sayar Reply:
January 22nd, 2009 at 11:58 PM
@Apprenticship, I’m so sorry for your inconvenience AP. Perhaps you need to install ISO standard Myanmar Unicode fonts like as, Myanmar3, Padauk..(not Zawgyi). etc. So here we go and you can download font only version for Myanmar3. And please keep that in mind - this ISO standard Unicode font installation will nothing happen problems and harmful things to your system like old story long ago. So, take it easy and download, then just copy to your C:/Program File/Font folder.
>> http://tinyurl.com/bljrph (Download Myanmar3 Font Only)
After that, you may want to know “How to synchronize Myanmnar3 fonts and Zawgyi for working correctly in your system all the time”. Then, you can get needed information here very easy.
>> http://tinyurl.com/bcu2fz
Hope this help for you.
Thanks for visiting & reading my blog!
Reply
ခုတလော
)
ညည အိပ်ရမှာ နှမြောလွန်းလို့
ခပ်ကျကျလက်ဖက်ရည်သောက်ရင်း
မိုးလင်းခဲ့တယ်
(မီးက အိပ်ချိန်မှာ လာတတ်လို့ပါ
background က ရိုးရှင်းပေမဲ့ ထောင့်နားက ယိမ်းလှုပ်နေတဲ့ စာမျက်နှာဟောင်း စာရွက်ခေါက်လေးက ဆွဲဆောင်မှုတစ်မျိုးပဲ။ အသည်းယားလိုက် မောက်စ်ကို ထောက်လိုက်….. အသည်းယားလိုက် မောက်စ်ကို ထောက်လိုက်….. ခွပဲ.. သူများထက် အသက်ပိုတိုပြီ။
Reply
Mhaw Sayar Reply:
January 23rd, 2009 at 12:03 AM
@အေးချမ်းသူ, ဖြစ်ရမယ်. ညီမကတော့. ၊ အိပ်ချိန်မှ မီးလာတယ်ဆိုတော့ လက်ဖက်ရည် သောက်ရင်း မအိပ်ပဲ အလုပ်လုပ် နေပုံရတယ်။ ကျန်းမာရေးလည်း ဂရုစိုက်ဦးပေါ့။
ပျော်ပျော်နေ၊ သေခဲ လို့တော့ ကြားဖူးတယ်.. အသက်ရှည်အောင် ပျော်ပျော်သာ နေပေတော့ ညီမရေ.
Reply
ကဗျာလေး ကောင်းတယ်ဗျာ… ကျုပ်လည်း အခု ယူနီကုဒ်နဲ့ စမတ်ကျသွားပြီဗျို့…။
Reply
Mhaw Sayar Reply:
February 1st, 2009 at 10:44 PM
@ဟန်သစ်ငြိမ်, ကိုဟန်သစ် ဘလော့ဂ်မှာတော့ ကြိုဆိုကြောင်း လာရေးပြီးသွားပြီဗျို့. အားလုံး အဆင်ပြေပါစေဗျာ.
Reply
Law law say dote: Great thanks for you help
I can read it now. Yaeeee
Reply
Mhaw Sayar Reply:
February 1st, 2009 at 10:47 PM
@Apprenticship, Welcome AP.
Reply
ခုလောလောဆယ်တော့ ရှင်ပေးတဲ့ mm3 ကြောင့် ရှင့်ဘလော့ကိုဖတ်လို့ရသွားပြီ ဟတ်တဟ်
Reply
Mhaw Sayar Reply:
February 1st, 2009 at 10:48 PM
@နှင်းပွင့်ဖြူလေး, အဆင်ပြေရင် ဝမ်းသာပါသဗျို့.
Reply
At the moment, what are you doing ???Studying, trying to sleeo or doing good things for people ???Very nice poem ???Who is Linux ??? Why Microsoft have to use seventh Windows to harm LInux ???
Reply