Unicode and Culture of Myanmar Language | MBL0GGER

MBL0GGER

Unicode and Culture of Myanmar Language

Jan 5th 2009
3 Comments
respond
trackback

Please Attention!

Update!

ကျွန်တော့် ရဲ့ တတိယ အကြိမ်ပြောင်းရွှေ့ခြင်း အဖြစ် ဝါ့ဒ်ပရက်စ် ဘလော့ဂ် ကို မြန်မာ-၃ ဖောင့်ထ် နဲ့ အပြည့်အဝ ရေးနိုင်ဖို့ ဒီဘလော့ဂ် အသစ်ကို ထပ်မံ ဖန်တီး လိုက်ပါတယ်။ Feed မှ တစ်ဆင့်၊ အီးမေးလ် မှ တစ်ဆင့် ယူဖတ်သူများ အတွက်ဘာမှ ပြောင်းလဲစရာ မလိုသလို၊ ယူနီကုဒ် ဖောင့်ထ်နဲ့ လုံးဝအပြည့်အဝ ရေးထားတာ ဖြစ်ပေမယ့် ဇော်ဂျီနဲ့ပါ ဖတ်လို့ရအောင် မြန်မာဖောင့်ထ် ကွန်ဗာတာ တစ်ခုကို ဘလော့ဂ် ညာဘက် အပေါ်ထောင့် မှာ တပ်ဆင်ပေးထားပါတယ်ခင်ဗျာ။

ယခင် ဇော်ဂျီနဲ့ ရေးထားတဲ့ ဘလော့ဂ် အဟောင်းက ပို့စ်များကိုလည်း ယခင်အတိုင်းပဲ ဒီလိပ်စာအသစ်နဲ့ ဆက်လက်ဖတ်ရှုနိုင်ပြီး တစ်ချို့ သရုပ်ပြပုံတွေ ပျောက်သွားတာ၊ မတွေ့တာတွေ အတွက် ကျွန်တော် အမြန်ဆုံးနဲ့ အကောင်းဆုံး ဖြစ်အောင် ပြန်လည် တပ်ဆင်ပေးသွားပါမယ်။

ယခု ဒီဘလော့ဂ်ကို ကူးထည့်ထားတဲ့ ” ယူနီကုဒ်နှင့် မြန်မာစာယဉ်ကျေးမှု ” ဆိုတဲ့ ပို့စ်က ကောမန့်များ၊ နောက် တစ်ခြားလိုအပ်ချက်များ အားလုံးကိုလည်း အတတ်နိုင်ဆုံး အမြန်ဆုံး နဲ့ အဆင်ပြေဆုံး ဖြစ်အောင် ဖြည့်သွင်း တပ်ဆင်သွားမယ် ဆိုတဲ့ အကြောင်း လေးလေးစားစား အကြောင်းကြားလိုက် ပါကြောင်း ခင်ဗျား။

လာရောက်၊ လည်ပတ် ဖတ်ရှုခြင်း အတွက် အထူး ကျေးဇူးတင်ရှိပါတယ် ခင်ဗျာ။

ကျွန်တော့် ဘလော့ဂ်ကို အောက်ပါ ယခု ပို့စ်မှ စတင်ကာ ယူနီကုဒ်စနစ်သုံး မြန်မာဖောင့်များ ပြောင်းရေးနေပြီ ဖြစ်၍ အခမဲ့ ဒေါင်းလုဒ် လုပ်နိုင်သော မြန်မာ ဆီးရီး ဖောင့်ထ်များ ( မြန်မာ ၁၊ ၂၊ ၃)၊  ပုရပိုဒ် ဖောင့်ထ် သို့မဟုတ် ပိတောက် ဖောင့်ထ် တစ်ခုခုအား မိမိ စက်ထဲတွင် ထည့်သွင်းထားမှ အဆင်ပြေပါမည်။ ယခု ပို့စ် မတိုင်မှီ ပို့စ် အဟောင်းများ အားလုံးကိုမူ ဇော်ဂျီဖြင့်ပင် ဖတ်ရှုနိုင်မည် ဖြစ်ပြီး ယခုပို့စ်မှ စတင်ကာ နောက်ဆက်လက် ရေးသားမည့် ပို့စ်များအား ဖတ်ရှုရန် အတွက် အထက်ပါ ဖောင့်ထ်များ မိမိစက်ထဲတွင် ရှိနေရန် လိုအပ်မည်ဖြစ်သည်။

အဆိုပါ ယူနီကုဒ် စနစ်သုံး ဖောင့်ထ်များအား ဖတ်ရှုရုံ သက်သက် အသုံးပြုရန် အတွက် စာရိုက်သည့် လက်ကွက်ဆော့ဖ်ဝဲရ် အင်စတောလ် လုပ်စရာ  လုံးဝ မလိုပါ။ အခြား မိမိ လက်ရှိ သုံးနေသော ဇော်ဂျီ အစရှိသည့် ဖောင့်ထ် နှင့် လက်ကွက်များကိုလည်း ဖယ်ရှားရန် မလို  ပြဿနာတက်ရန် မရှိ သည့် အတွက် အသုံးပြုရန် အလွန်ပင် လွယ်ကူပါသည်။

ယူနီကုဒ် စနစ်သုံး မြန်မာဖောင့်ထ် များကို ဖတ်ရှုရုံ သက်သက် အသုံးပြုရန် အတွက် အောက်ပါ အဆင့် (၂) ဆင့်ဖြင့်လုပ်ဆောင်ရုံဖြင့် လုံလောက်ပါသည်။

(၁) မြန်မာ-၃၊ သို့ ၊ ပုရပိုဒ်၊ သို့၊ ပိတောက် ဖောင့် တစ်ခုခုကို ဒေါင်းလုဒ်ချပါ။ ဒေါင်းလုဒ်ချပြီးလျင် ဖိုင်တစ်ထုပ်ရရှိလာမည် ဖြစ်ပြီး ၎င်းဖိုင်ထဲတွင် OpenType Font File တစ်ခုစီ ကိုတွေ့ရပါမည်။

(၂) ၎င်း ဖောင့်ထ် ဖိုင်ကို ဝင်းဒိုးစ်၏ Start မှ တစ်ဆင့် Control Panel ထဲရှိ Font ဆိုသော Folder ထဲသို့ Copy & Paste လုပ်လိုက်ရုံသာ ဖြစ်ပါသည်။
သို့မဟုတ်ပါကလည်း ၎င်း ဖောင့်ထ် ဖိုင်ပေါ်တွင် Right Click လုပ်ပြီး Install လုပ်ခြင်ဖြင့် အလွယ်တစ်ကူ မိမိစက်ထဲတွင် Install လုပ်ပြီး ဖြစ်စေပါမည်။

ယူနီကုဒ် စနစ်သုံး မြန်မာဖောင့်များ အား မိမိကြိုက်နှစ်သစ်ရာ ဖောင့်ထ် ကိုဒေါင်းလုဒ် လုပ်ရန် အတွက် အောက်ပါ ဝဘ်စာမျက်နှာတွင် အသင့် စုစည်းထားရှိပြီး လွယ်လင့်တစ်ကူ ဒေါင်းလုဒ် လုပ် အသုံးပြုနိုင်ပါသည်။


>> Download Unicode Standard Myanmar Fonts

_____________________________________________________________________________

” ယူနီကုဒ် မြင်းရိုင်းနှင့် ဘိုင်နရီ ခေတ်လွန်  မြန်မာစာ ယဉ်ကျေးမှု စာတမ်း ” နှင့် ကျေးဇူးတင်စကား


စာတမ်းအား အောက်ပါ ဖိုင် အမျိုးအစား သုံးမျိုးဖြင့် အွန်လိုင်းပေါ်တွင် လည်းကောင်း ဒေါင်းလုဒ်လုပ်၍ သော်လည်းကောင်း ဖတ်ရှု နိုင်သည်။

ဖလက်ရှ်စာမျက်နှာ (FlashPaper) ဖြင့် ဖတ်ရှုရန်

ဖလက်ရှ်စာမျက်နှာ (FlashPaper) ဖြင့် ဖတ်ရှုရန်

ပီဒီအက်ဖ် (.PDF) ဖိုင်ဖြင့် ဖတ်ရှုရန် (ဒေါင်းလုဒ်လုပ်ရန်)

ပီဒီအက်ဖ် (.PDF) ဖိုင်ဖြင့် ဖတ်ရှုရန် (ဒေါင်းလုဒ်လုပ်ရန်)

မိုက်ခရိုဆော့ဖ်ဝါ့ဒ်(.DOC) ဖိုင်ဖြင့် ဖတ်ရှုရန် (ဒေါင်းလုဒ်လုပ်ရန်)

မိုက်ခရိုဆော့ဖ်ဝါ့ဒ်(.DOC) ဖိုင်ဖြင့်ဖတ်ရှုရန်(ဒေါင်းလုဒ်လုပ်ရန်)

ကျေးဇူးတင်စကား

ဤ စာတမ်းဆောင်းပါးသည် ကျွန်တော် ဘလော့ဂ် ရေးလာသော သက်တမ်းတစ်လျောက် အချိန်အကြာဆုံး (စုစုပေါင်း ၂၄-ရက် တိတိ) ရေးခဲ့သည့် ဆောင်းပါး တစ်ပုဒ်ဖြစ်ပြီး မိမိအတွက် စိမ်းလွန်းလှသော နယ်ပယ်တစ်ခု ထဲသို့ စိတ်ဝင်စားမှု နှင့် ရေးသားလိုခြင်း ဆန္ဒ တစ်ခုတည်းကို အရင်းပြု၍ ဆောင်းပါးပါ အကြောင်းအရာများ အားလုံးကို မိမိဘာသာ မိမိ “က”  ကြီးမှ စတင် သင်ကြား လေ့လာ ရှာဖွေခဲ့ရပါ၏။ ဤဆောင်းပါး ရေးသားရန် အတွက် ၂၀ဝ၈-ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်နေ့တွင် အင်တာနက် တစ်ခွင်၌ ကနဦး စူးစမ်း ရှာဖွေ လေ့လာမှုများ စတင်ခဲ့ပြီး ပထမပိုင်း ဆောင်းပါး “ယူနီကုဒ် မြင်းရိုင်း”ကို နိုဝင်ဘာ (၁၀) ရက်၊ ၂၀ဝ၈-ခုနှစ် တွင် ဖော်ပြနိုင်ခဲ့သည်။ ဒုတိယပိုင်း “မြစေတီကျောက်စာမှသည် မိုက်ခရိုပရိုဆက်ဆာ ဆီသို့”  ကို နိုဝင်ဘာလ (၂၉)၊ ၂၀ဝ၈-ခုနှစ် တွင်မှ အပြီးသတ် နိုင်ခဲ့သည်။ တတိယပိုင်း “ယူနီကုဒ် စနစ်သုံးမြန်မာ စာလုံးများ” နှင့် နောက်ဆုံးပိုင်း “မည်သည့် ယူနီကုဒ် ဖောင့်ထ် ကိုသုံးစွဲကြမည်နည်း” တို့အား ၂၂.၁၂.၂၀ဝ၈ နေ့တွင် အပြီးသတ်၊ အချောကိုင် ရေးသားနိုင်ခဲ့၏။

ဤစာတမ်းအား အပြီးမသတ် နိုင်မှီ ကာလ များတွင်လည်း အလုပ်ကိစ္စနှင့် ကျောင်းကိစ္စများ၊ ကိုယ်ရေးကိုယ်တာ ကိစ္စများ ဖြင့် အချိန်လု နပန်းလုံးရင်း တစ်ခါတစ်ရံ တစ်ရက်လုံးလုံး စာတစ်ကြောင်းသာ ရသည့်အခါလည်း ရှိခဲ့သလို တစ်ခါတစ်ရံလည်း တစ်ရက်လုံး ရေးဖို့ကြိုးစားရင်းနှင့်ပင် လိုအပ်သော အထောက် အထား ရှာမတွေ့၍  စာတစ်လုံး၊ တစ်ပါဒမျှပင် ထွက်မလာသည် များလည်း ရှိခဲ့ပါသည်။ တစ်ခါတစ်ရံလည်း ဝါကျအထားအသို များအား ရေးပြီးမှ မကြိုက်၍ သော်လည်းကောင်း၊ အချက်အလက် မခိုင်လုံဟု ယူဆ၍ သော်လည်းကောင်း၊ ဤသို့ မရေးသားသင့်ဟု မိမိဘာသာ မိမိ ယူဆ၍ သော်လည်းကောင်း ဖြုတ်၊ ထုတ်၊ နှုတ်ပယ်၊ ပြုပြင်ခြင်းများ ပြုလုပ်ခဲ့သည့် အကြိမ်တွေကလည်း များပြားလှစွာပင် ဖြစ်သည်။

ဆိုခဲ့သည့် အတိုင်း တစ်ခုတည်းသော စိတ်အား ထက်သန်မှုနှင့် ခိုင်မာ တည်တံ့ပြီး အသုံးပြုရန် လွယ်ကူသည့်၊ အားလုံး လက်ခံသဘောကျသည့် မြန်မာယူနီကုဒ်စနစ် တစ်ခု အမြန်ဆုံး ပေါ်ပေါက် စေလိုခြင်း တည်းဟူသော တစ်ကြောင်းတည်းသော ရည်ရွယ်ချက် စေတနာ တို့အပေါ်တွင် အလုံးစုံ အခြေပြု၍ ကျွန်တော်၏ တစ်ထွာ၊ တစ်မိုက် မျှသာဖြစ်သော ဦးနှောက်နှင့် နုံနဲ့လှသည့် အသိဉာဏ်ကို မဖြစ်ဖြစ်အောင် ကြိုးစား ဖြစ်ညှစ် ရေးသားခဲ့ခြင်းသာ ဖြစ်သဖြင့် စာတမ်းပါ အချက်အလက်များ၏ မတိကျ၊ မခိုင်လုံမှုများ၊ မှားယွင်းချွတ်ချော်မှုများ နှင့် အခြားသော လိုအပ်ချက်များ အားလုံး တို့အတွက် ကျွန်တော့်တွင်သာ အပြည့်အဝ တာဝန်ရှိပါကြောင်း တို့အား စာဖတ်သူအားလုံးကို လေးစားစွာ တစ်ပါတည်း အသိပေး အပ်ပါသည် ခင်ဗျား။

ဤစာတမ်း ပြုစုနိုင်ရေး အတွက် အင်တာနက်ပေါ်တွင် လေ့လာဖွယ်၊ မှတ်သားဖွယ် မှတ်တမ်းမှတ်ရာများအား စနစ်တကျ ပြုစု စုဆောင်း ထားရှိခဲ့ကြသူများ အားလုံး နှင့် ကျွန်တော် ရေးသမျှ ဆောင်းပါးတိုင်းတို့ကို လာရောက် ဖတ်ရှုအားပေးကြသူများ၊ နောက်ထပ်၊ နောက်ထပ် ဆောင်းပါးများ ထပ်မံ ရေးသားလိုစိတ်ဖြစ်လာအောင် မှတ်ချက်များ ချီးမြှင့် ပေးသွားခဲ့ကြသူများ နှင့် ယခုစာဖတ်နေသူ အပါအဝင် စာဖတ်သူအားလုံးတို့ကိုလည်း ကျေးဇူး အထူးတင်ရှိပါကြောင်း ထပ်ဆင့် ပြောကြား လိုက်ရပါသည်။

အားလုံး ပျော်ရွှင်ဖွယ် ခရစ်စမတ်နှင့် နှစ်သစ်ကူး အချိန်ဖြစ်ကြပါစေ!

Merry X’mas & Happy New Year to All!

Spread the World!
  • Digg
  • StumbleUpon
  • del.icio.us
  • Facebook
  • Google
  • Technorati
  • Yahoo! Buzz
  • LinkedIn
  • Reddit
  • Mixx
  • TwitThis
  • Ping.fm
  • Tumblr
  • E-mail this story to a friend!
  • Print this article!

This post is tagged , , , , , , , , , , , , , , , , , , , , , , , , , , , ,

3 Responses

  1. yamin says:

    good your post.

    Reply

  2. အဇ္ဈတ္တပြခန်း says:

    ဆရာမှော်ရေ.. တန်ဖိုးရှိတဲ့ဆောင်းပါးတွေကို အချိန်ကုန်ခံ ပင်ပန်းခံရေးပေးတဲ့အတွက် ကျေးဇူးပါဗျာ.. နည်းပညာနဲ့ပါတ်သက်ပြီး ဆွေးနွေးနိုင်မှုအားနည်းပေမယ့်.. အခုလို ဆောင်းပါးကောင်းတွေကိုတော့ တန်ဖိုးထားဖတ်တတ်ပါတယ်ဗျာ… မျှဝေ ရေးသားပို့ချပေးခြင်းအတွက် ကျေးဇူးဗျို့.

    Reply

  3. လူကြီးမင်းရေ မမျှော်လင့်ပဲ ဖတ်လိုက်ရတဲ့ဆောင်းပါးပါ။ အရမ်းကောင်းပါတယ်။ ဒါပေမဲ့ ဝေဖန်ပါရစေ။ ကိုကတော့ ယူနီကုဒ်အကြောင်းကို ပြည့်ပြည့်စုံစုံတော့ မသိသေးပေမဲ့ လူပိန်းတစ်ယောက်လိုပဲ ပြောပြချင်ပါတယ်။ ဇော်ဂျီကို ဖိထားသလိုပါပဲ။ ဘာပဲပြောပြော ဇော်ဂျီကတော့ မြန်မာတွေရဲ့ အဓိကလိုအပ်ချက်နဲ့ မြန်မာတွေနဲ့ လက်ရှိမှာ အကိုက်ညီဆုံးဖြစ်အောင် “အလကား” Free ပေးခဲ့တာပါ။ မြန်မာ၃ ကလည်း အဲဒီလို အောင်မြင်အောင် မြန်မာတွေအတွက် အကောင်းဆုံးကိုယ်စားပြုချင်ရင်တော့ “အလကား” Free ပဲ ပေးသင့်တာပါ။ ပြီးတော့ Open source လုပ်ပေးထားပေါ့။ အခုတော့ ကိုယ်ကျိုးအတွက်ချည်းသက်သက်များ ဖြစ်နေလားလို့နော်။ ဘာပဲပြောပြော ဗဟုသုတတော့ အများကြီး ရသွားပါတယ်။ ကျေးဇူးပါ။

    Reply

Leave a Reply

Categories