တွက်ကွက်
(က)![]()
ညောင်ဦးကမ်းပါး ပြိုတိုင်း
စမ္မာနဂိုရ်က နွားမပေါင်ကျိုးရတာ
အခါပေါင်း တစ်ရာ။
(ခ)
စေတနာတွေ ရေစီးတိုင်း
ကမ်းပါးတွေပါ လိုက်လိုက်ပြိုမိတာက
အကြိမ်ပေါင်း တစ်သန်း။
(ဂ)
မှတ်တမ်းမှတ်ရာနဲ့ သိမ်းဆည်းရရင်
ကမ္ဘာကြီးပင် လေးလံလောက်ပေရဲ့
ကိုယ့် အဖြေလွှာ ကိုယ်စစ်၊
ကိုယ့်အမှတ် ကိုယ်ခြစ်ပြီး
တွက်ရေးနဲ့ စက်သူဌေးများ ဖြစ်မြောက်ခဲ့ကြပုံ။
(ဃ)
ဒီလိုနဲ့
အမြင်အာရုံတွေကို တစ်ဘဝစာ အငှားချခံရတယ်။
(ပြောင်းရွှေ့ကြေးမဲ့)
အသက်ရှုခွင့်တွေ အနုကြမ်း စီးနင်းခံရတယ်။
နှစ်ဖက်သော နားများ ပါးသထက် ပါးလာကြရတယ်။
ဦးနှောက် ပူပူနွေးနွေးနဲ့ အသိဉာဏ်တွေ တည်ခင်း ဧည့်ခံကြရတယ်။
(ခံစားမှုများ ရေမျောကမ်းတင်)
အစာအောက်မှာ ချိတ်ပါမှန်း သိသိနဲ့
စေတနာ အပြည့်ကို အန်ထုတ်ဖို့ ကြိုးစား
ဟန်လုပ်ရင်း (ရယ်) မောကြတဲ့ ဒီလောကထဲ
ကိုယ်ရေးတဲ့ ပုစ္ဆာတစ်ပုဒ်
ကိုယ်တိုင်ပဲ အဖြေထုတ် မှားခဲ့ကြပြီ။ ။
မှော်ဆရာ
ဝ၅.ဝ၂.၂၀ဝ၈ (ကြာသပတေးနေ့)
ရည်ညွှန်း။ ။ “တွက်ကွက်” ဆိုသော အမည်သည် ဆရာကြီး ရွှေဥဒေါင်း၏ “အတွေးအမြင်နှင့် ရှုထောင့် ဆောင်းပါးများ” စာအုပ်မှ “ကျွန်ုပ်၏ တွက်ကွက်” ဆိုသော ဆောင်းပါးတစ်ပုဒ် ခေါင်းစဉ်အား တစ်စိတ်တစ်ပိုင်း ရယူသုံးစွဲထားခြင်း ဖြစ်သည်။















အစ်ကို့ အကြိမ်ပေါင်းတွေ တယ်များပါလား
ညီသာဆို ကိုယ့်အဖြေလွှာ ကိုယ်စစ်ရမယ်ဆို မှင်ဖျက်ဆေးလေးနဲ့ လိုက်ဖျက် ဘဝ စာမျက်နှာမှာ ဒဏ်ရာတွေနဲ့ ဟန်လုပ်ပြီး အောင်ပစ်လိုက်ချင်တယ်
နောက်ဆုံးတော့
“ကိုယ်ရေးတဲ့ ပုစ္ဆာတစ်ပုဒ်
ကိုယ်တိုင်ပဲ အဖြေထုတ် မှားခဲ့ကြပြီ။ ”
ဒါလေးဖတ်လိုက်ရတော့ ဟုတ်သား အဲ့လို အောက်လမ်းနည်းနဲ့မရပါဘူးလေ မှားတာကတော့မှားမှာပဲ ရင်ဆိုင်လိ်ုက်တာပဲကောင်းတယ် ။ မှားမှားလေးနဲ့ ရှင်သန့်လိုက်အုံးမယ် တစ်နေ့တော့ မှန်မှာပေါ့နော့် ( တစ်နေ= မသေခင် တစ်ရက် )
p.s = စာတွေဖတ်လို့ရပြီး အပေါ်ထောင့်က
Choose Font here ကိုပိတ်လိုက်တော့ အိုကေသွားတယ် ညီက အဲ့လောက်ကိုတော်တာ
Reply
တစ်ပုဒ်လုံးက ကျွန်တော်တို့ ညီအစ်ကိုတွေ အတူဖြတ်သန်းနေရတဲ့ ဘဝခပ်ပါးပါးလေးတစ်ခုကို ကိုယ်စားပြုထားသလိုပဲနော်…။ ဝင်ဝင်ခြင်းမှာတင် ပြုံးမိလိုက်လေရဲ့…။ ဘာတဲ့….
ညောင်ဦးကမ်းပါး ပြိုတိုင်း
စမ္မာနဂိုရ်က နွားမပေါင်ကျိုးရတာ
အခါပေါင်း တစ်ရာ။
ကြိုက်တဲ့ဟာတွေသာ အကုန်ကူးထည့်လိုက်ရရင် တစ်ပုဒ်လုံး နီးပါး ပြန်ပါလာလိ့မ်မယ်
Reply
စေတနာတွေ ရေစီးတိုင်း
ကမ်းပါးတွေပါ လိုက်လိုက်ပြိုမိတာက
အကြိမ်ပေါင်း တစ်သန်း ဆိုတော့
အမှတ်မရှိတဲ့အသည်း အခါတစ်သန်းလည်း နည်းပါတယ် ရှင်
အသက်ရှူခွင့်တွေ အနုကြမ်းစီးခံရတယ် ?
သူများနှာခေါင်းပေါက်နဲ့ အသက်မရှူနဲ့လို့ပြောရအောင်
အသက်ရှူ ရပ်ပစ်လိုက်ဖို့ ကိုယ်တိုင်တောင် ကြောက်ရွံ့ခဲ့သေးတာပဲ
ဝင်သက်ထွက်သက်တိုင်းအတွက်
သန့်ရှင်းလတ်ဆတ်တဲ့လေ များများလေးရှူပေးပေါ့ အစ်ကို။
Reply
ကဗျာလေးကောင်းတယ်
Reply
ဃ ကိုဖတ်ရတာ.. ဘာလို့မှန်းမသိ.. ရင်နာသလို ခံစားရတယ်..။
Reply
ကဲ ဘာဆက်လုပ်မှာလဲ… စစ်ဗိုလ်ကြီးလား.. အင်ဂျင်နီယာလား….။ မရဘူး…။ ဆီဗုံးမရှိရင် comment spam အနေနဲ့လာအော်မှာပဲ
Reply
It is a good poem !!
Like it very much ..
Yes, there are …
Reply
အစ်ကို..နေကောင်းလားဗျ
သတိရလို့လာသွားတယ် ။
Reply
ဒီလို ကဗျာကောင်းတွေ များများထွက်လာပါစေနော်။ အားပေးတယ်။ တစ်ပုဒ်လုံးရဲ့ စကားလုံးတိုင်ကြိုက်တယ်။ ဒီတစ်ပုဒ်တော့ ကဗျာ အားလုံးထဲက အကြိုက်ဆုံးပဲ။
ပေါ့ပေါ့ ပါးပါးတွေလဲ လုပ်ပါအုံးနော့်
တစ်ခါတစ်ခါတော့လဲ တကယ့်စေတနာမှန်တွေ ရှိပါတယ် မော်ဆရာရယ်။ ရှားပါး ပစ္စည်းတွေပေါ့။ အမှားရှိရင် အမှန်ရှိရမှာပေါ့။ လွတ်မြောက်နိုင်ပါစေကွား။
Reply
oops! I can’t read my comment now
Reply
အသက်ရှုခွင့်တွေ အနုကြမ်း စီးနင်းခံရတယ်။
နှစ်ဖက်သော နားများ ပါးသထက် ပါးလာကြရတယ်။
ဦးနှောက် ပူပူနွေးနွေးနဲ့ အသိဉာဏ်တွေ တည်ခင်း ဧည့်ခံကြရတယ်။
သနားပါတယ် သူ့ခမျာ အဲ့လိုတောင် ဖြစ်နေရှာပေါ့။ အရေးအသား လန်း၏
Reply
တွက်လို့ပြီးသေးဝူးလားဗျို့…။
Reply
ခုမှ ဖတ်မိလို့ပေါ့။ နို့မို့ဆို အနုကြမ်းစီးခံရတဲ့ထဲ တွက်ကွက်ပါသွားဦးမယ်။
ကြောက်သွားသလား မောင်မှော်ဆရာ…သိပ်ကြောက်သွားလား။
သိပ်မကြောက်ပါနဲ့ မောင်မှော်ဆရာရယ ်..ဒီကဗျာထဲမှာ စားစရာတွေမှ ထည့်မရေးထားဘဲ။
Reply
မှန်းချက်နဲ့ နှမ်းထွက် ကိုက်ပါစေအကိုရေ …
ကဗျာကတော့ အပိုဒ်တိုင်းကို ထိထိမိမိ ရှိလှတယ်ဗျာ
Reply