Good Bye EOT for Myanmar WebSites? | MBL0GGER

MBL0GGER

Goodbye EOT for Myanmar WebSites?

Feb 1st 2009
8 Comments
respond
trackback

TypeFace.js for Myanmar Web Sites

TypeFace.js for Myanmar Web Sites

ခုတစ်လော ဟိုရှုပ်၊ ဒီရှုပ်တွေကြားထဲ TypeFace.js ဆိုတဲ့ ကောင်နဲ့ မြန်မာဝဘ်ဆိုဒ်တွေ အတွက် မြန်မာ ဖောင့်ထ်ကို ဘယ် အခြေအနေမှာ မဆို၊ ဘယ် ဘရောက်ဇာ မှာ မဆို အဆင်ပြေပြေ ဖတ်လို့ ရနိုင်မယ့် နည်း လိုက်ရှာနေခဲ့တယ်။ အရင် သုံးနေတဲ့ အီးအိုတီ (Embedded Open Type) ဆိုတဲ့ ကောင်က M$oft က လုပ်တာ ဖြစ်လို့ အိုင်အီး ဘရောက်ဇာတွေမှာပဲ ကောင်းကောင်း အလုပ်လုပ်တယ်။ တစ်ကယ် လူသုံးများတဲ့ မီးမြေခွေး နှင့် အော်ပရာ၊ ဆာဖာရီ စတာတွေမှာ အလုပ်မလုပ်ဘူး။

တစ်ဝက်တစ်ပျက်တော့ ကံကောင်းတယ်လို့ ပြောရမယ်။ Typeface.js ဆိုတဲ့ ကောင်ကို သွားတွေ့တယ်။ မြန်မာ မဟုတ်တဲ့ ကျန်တဲ့ ဖောင့်တွေ အတွက်တော့ တော်တော်များများ အဆင်ပြေနေကြပြီ။ သူတို့ကတော့ Typography အတွက် အလှအပ အဖြစ်သုံးကြတယ်။  ကျွန်တော်တို့ကတော့ မြန်မာလို မြင်လို့၊ ဖတ်လို့ရဖို့ အတွက်ပေါ့။ သူက Open Source ဖြစ်တယ်။ GPL License နဲ့ ဖြန့်ချီတယ်။ သုံးတဲ့ စနစ်က Image Rendering မဟုတ်ဘူး၊ SEO Compatible ဖြစ်တယ်၊ Pure CSS & HTML စနစ်သုံးထားတယ်၊ အဲဒီ ဖောင့်ထ် စနစ်ထဲမှာ ကိုယ်လည်း CSS ကို ကြိုက်သလို အသုံးပြုနိုင်တယ်။ အားလုံး အတွက် အဆင်ပြေတယ်ပြောရမယ်။

ဒီလိုနဲ့ မြန်မာဆိုဒ်တွေမှာ သုံးဖို့ မြန်မာဖောင့်ထ် တွေ စမ်းဖြစ်တယ်။ ASCII Font တွေ အားလုံး နီးပါး Convert လုပ်မရဘူး၊ Unicode Font တွေထဲက Zawgyi ကတော့ နောက်ဆုံး ဗားရှင်းတွေ မရဘူး။ (Zawgyi1) ဆိုတဲ့ အရင်ဗားရှင်းတစ်ခုရတယ်။ နောက် Myanmar3, MyMyanmar, Padauk, Parabaik, (Sans မဟုတ်တဲ့ ဟာ) , MyaZeDi တို့ကို Convert လုပ်လို့ ရတယ်။

Blogspot မှာ တင်ပြီး စမ်းကြည့်တယ်။ မူလဆိုဒ်မှာ Font ကို TypeFace.js ပြောင်းတော့ အားလုံး အဆင်ပြေတယ်။ စာရေးတဲ့ WYSIWYG စနစ်ထဲမှာ အားလုံး အလုပ်လုပ်တယ်။ ပြဿနာက Publish လုပ်လိုက်ရင် ဖောင့်ထ် တွေကို မှန်ကန်အောင် Rendering မလုပ်တော့တာပဲ။ လောလောဆယ် ဒီအောက်က လင့်ခ်မှာ Myanmar3, Padauk နှင့် Parabaik ဖောင့်ထ် သုံးမျိုး စမ်းထားတယ်။ Padauk တစ်ခုပဲ နဲနဲပါးပါး မှန်အောင် Render လုပ်နိုင်တယ်လို့ မြင်ရတယ်။ ဘာတွေ ပြင်ဖို့ လိုမလဲ ကောင်းကောင်း နားမလည်သေးဘူး။

Test Web Page

>> http://mmfontypeface.blogspot.com/

အတွေ့အကြုံရှိသူများ ရှယ်ယာပေးကြပါဦး။ :)

Spread the World!
  • Digg
  • StumbleUpon
  • del.icio.us
  • Facebook
  • Google Bookmarks
  • Technorati
  • Yahoo! Buzz
  • LinkedIn
  • Reddit
  • Mixx
  • TwitThis
  • Ping.fm
  • Tumblr
  • email
  • Print

This post is tagged , , , , , , , , ,

8 Responses

  1. ဟိ ဖတ်တော့ ဖတ်သွားတယ် နားမလည်ဘူး :(

  2. kom says:

    အကြံပေးဘို့ နေနေသာသာ မနည်းနားလည်အောင်တောင် ဖတ်နေရတယ်။

  3. BLACK DREAM says:

    ကလိစရာ တစ်ခုတိုးပြန်ပြီပေါ့ ;)

  4. layma says:

    ကောင်းကောင်း နားလည်ပြီဆိုမှ နောက်လိုက်လုပ်မယ်..။ ရှယ်ယာ မပေးနိုင်တာ တော့ ချိတ်မကောင်းပါဘူး..။ :P

  5. Mhaw Sayar says:

    @Apprenticship, kom – ဖြစ်ရမယ်။ ကျွန်တော့်ရဲ့ အားနည်းမှုပါပဲဗျာ။ စာကို ကိုယ်နားလည်သလိုပဲ ရေးတတ်တာ ဆိုတော့လည်း တစ်ခါတစ်လေ အဲဒီလိုတွေ ဖြစ်ကုန်တော့တာပါပဲ။ နောက်များမှာ ဒီ့ထက်ပိုပြီးရှင်းရှင်းလင်းလင်း ဖြစ်ဖို့ ကြိုးစားကြည့်ပါဦးမယ်ဗျာ။

    _______________________________

    @ BLACK DREAM – အဟုတ်ပဲ ညီရေ.။ သို့သော်လည်း အဆင်မပြေပါ ပေါ့။ :D

    _______________________________

    @ layma – ဟုတ် အစ်မ. ရပါတယ်ဗျာ။ စိတ်မကောင်း မဖြစ်ပါနဲ့။ ကျွန်တော့် ထိုက်နဲ့ ကျွန်တော့်ကံသာ ရှိပါစေတော့။ :P

  6. mmthinker says:

    EOT ဆိုလို့ ကျနော်နဲ့ကိုမင်းကျော်ကို ကိုငွေထွန်းက လုပ်ပြထားတာ တစ်ခုရှိတယ်။
    ကျုပ်ကသေသေချာချာ နားမည်ပေမယ့် ကိုမင်းကျော်ကတော့ သဘောပေါက်တယ် ပြောတယ်။
    လုပ်ထားတဲ့ဖိုင်ကိုလည်း ကိုမင်းကျော်ကိုပေးလိုက်တယ်။
    သူ့ကိုသာ မေးပေတော့ဗျို့။

  7. Myanmar 3 အကြောင်းရေးထားတယ်။ ထင်မြင်လိုအပ်တာလေးတွေ ပြောပါဦးဗျို့။

  8. TAR TAR NYINT THE .BAKO NYIT LOH NYIT HMAN MA TEE BUE.SA PHAT YIN GAUNG MUE LAR TA LO PF .HI HI

Categories