A Poem Written By Poem | MBL0GGER

MBL0GGER

“ကဗျာ” ရေးတဲ့ “ကဗျာ”

Mar 13th 2009
15 Comments
respond
trackback

အပိုင်း (၁)

(က)
တစ်ခုသော နွေရာသီရဲ့ မေလ (ဂ) ရက်
ကမ္ဘာဦးလယ်မြေမှာ
အချစ်အစစ်တို့ ပွင့်ဖူးတိုးထွက်ဖို့
ကျုပ်တို့ နှစ်ယောက်
မျိုးစေ့တွေ ကြဲပက် စိုက်ပျိုးခဲ့ကြတယ်။

(ခ)
ခြစ်ခြစ်တောက် ပူနေတဲ့ နွေအရောင်အောက်
ကျုပ်တို့ “သည်း” ခဲ့တဲ့ မိုးနဲ့တင်
အဲသည် တစ်ရာသီလုံး
စိမ်းစိမ်းစို တောက်ပစေခဲ့တယ်။

(ဂ)
နှင်းဆီမလိုဘူး၊ ချောကလက် မလိုဘူး
သူ့မျက်ဝန်း တစ်ချက်ညှိုးရင်တောင်
အချစ်နဲ့ ငွေ့ရည်ဖွဲ့ လှုပ်နှိုး
မြတ်နိုးခြင်းမိုးတွေ ရွာသွန်းတတ်တဲ့ ကျုပ်တို့ အတွက်
တစ်နှစ်မှာ ၃၆၅ (၁/၄) ရက်ဟာ
“Valentine Day” တွေချည်းပါပဲ။

(ဃ)
နယ်နမိတ်တွေကို ပုန်ကန်ပြီး
အကွာအဝေးတွေကို တော်လှန်ဖို့
ဝါကျတွေ ရာထောင်၊ သိန်း၊ သန်းနဲ့
သံသယအပင်တွေကို ရိုက်ချိုး
ကျုပ်တို့ နှစ်ယောက်ကြားမှာ
“သစ္စာ” တွေ တံတား အစင်းစင်း ထိုးခဲ့ကြတယ်လေ။

အပိုင်း (၂)

(က)
၄ နှစ် အနှုတ်၊ (၄၇) ရက်
ကျုပ် အငိုက်အလစ်မှာပဲ
ကမ္ဘာတစ်ခုလုံးကို “သူ” ဖျက် ပစ်ပြီ
ကျုပ် “အသက်” ကို ယူဖို့
သူ “အသစ်” တစ်ခုတွေ့သွားခဲ့တယ်။

(ခ)
မစ္စတာ နိုဗယ်ရေ.
ခင်ဗျားပေးတဲ့ ဆုစာရင်းထဲ
“အရက်စက်ဆုံး လူသား” ဆုအမည် ထည့်သွင်းဖို့
ကျုပ်….
ရင်နာနာနဲ့ တိုက်တွန်းပါရစေလားဗျာ။

(ဂ)
အခုလောလောဆယ်တော့.

ကျုပ် ငိုတယ်၊ ကျုပ် မောတယ်
ကျုပ်ရီတယ်၊ ကျုပ် မုန်းတယ်
ကျုပ်သိပါတယ်..
အရူးလုံးလုံး ဖြစ်တယ်ထင်ပြီး
ခင်ဗျားတို့ ပြုံးနေကြတယ်မဟုတ်လား.။

(ဃ)
အမှန်တော့.
အဲသည်အရာဟာ
လူသားဆန်တဲ့ ရောဂါစစ်စစ်ကြီးပါပဲဗျာ
ဟော ဟိုမှာ…
ရာသီဥတု ဆိုးဆိုးတွေထဲ
မျက်ရည်တွေတောင် ဖြိုးဖြိုးဖျစ်ဖျစ် မီးတောက်လို့။    ။

မှော်ဆရာ (13.03.2009) 04:34 AM

Spread the World!
  • Digg
  • StumbleUpon
  • del.icio.us
  • Facebook
  • Google
  • Technorati
  • Yahoo! Buzz
  • LinkedIn
  • Reddit
  • Mixx
  • TwitThis
  • Ping.fm
  • Tumblr
  • E-mail this story to a friend!
  • Print this article!

This post is tagged , , , , ,

15 Responses

  1. winkabar says:

    ရေးသမျှထဲမှာအကြိုက်ဆုံးကဗျာပဲ။ တဖြည်းဖြည်းပိုပိုကောင်းလာတယ် အစ်ကိုရေးတဲ့ကဗျာတွေက :)

    Reply

  2. သိပ်မ ငိုနဲ့ ၊ သိပ်မမောနဲ့ ၊ သိပ်မရီနဲ့၊ သိပ်မမုန်းနဲ့
    အားလုံးက ပုံမှန်ပဲကောင်းတယ် ။
    လောကမှာ ကိုယ်ဘယ်လိုမှ ထင်မမှတ်ထားတဲ့အရာတွေက ထင်မှတ်မထားတဲ့ အချိန်မှာ ဖြစ်ဖြစ်လာတတ်ပါတယ်။
    ဖြစ်လာသမျှကိုသာ ခံနိုင်ရည်ရှိအောင် ကြိုးစားပြီး ပြင်ဆင်ရမှာပေါ့..
    အဆင်ပြေသွားမှာပါ။

    Reply

  3. မဟုတ်ပါဘူး မော်ဆရာရယ် အဲဒီထက် ရက်စက်တဲ့ လူရှိပါတယ်။ ဒါပေမယ့် မကောင်းမှုတွေကို တင်ယူတတ်မြောက်ဖို့ နိုဗယ်တွေတော့ မလုပ်ပါနဲ့။ မကောင်းတာလုပ်ဖို့ အဲဒီလောက်တိုက်တွန်းချက်တွေ မပါပဲ ရက်စက်တတ်တဲ့ လူတွေအများကြီးပါ။ နိုဗယ်ဆုဟာ အချစ်ကို မြတ်မြတ်နိုးနိုးကိုးကွယ် တတ်တဲ့ သူတွေအတွက်ပဲ ဖြစ်သင့်တယ်လေ…။ နိုင်ငံတကာခုံရုံးက ရာဇဝတ်သား စရင်းမှာသာ တင်စစ်လိုက် :D :) :P
    ွှအဆင်ပြေပါစေကွား ကမ္ဘာအသစ်တည်ဆောက်လိုက် :D

    Reply

  4. ကိုမှော်ဆရာလည်း ကဗျာရေးကောင်းတာပါပဲဗျာ… :)

    Reply

  5. layma says:

    ဒီကဗျာကို
    ၁။ personal ကဗျာလို႔ ယူဆရမလား.။
    ၂။ စိတ်ကူးကွန့်ကဗျာလို့ ယူဆရမလား…။

    အချစ်ဆိုတာ အခိုင်မာဆုံးလို့ ထင်ရတဲ့ အယိမ်းယိုင်ဆုံး မှတ်တိုင်တစ်ခုပါပဲ..။ ပြုံးနေကြတယ်မဟုတ်လား..တဲ့ အလိုတော်.. စွပ်စွပ်စွဲစွဲ.. မျက်ရည်တွဲလဲ.. ရှုံးမဲမဲနေတဲ့ ကလေးကျနေတာပဲ..။

    ပျော်ရွှင်ပါစေ.

    Reply

  6. ညီမလေး says:

    အကို တစ်ယောက်ပုံမှန် အမြန်ဆုံးပြန်ဖြစ်ပါစေ…..
    ညီမလေးကြိုက်လို့…ယူသွားပြီ.. မျက်နှာစာအုပ်မှာတင်ပီနော်….

    Reply

  7. tu tu says:

    မရောက်တာကြာလို့ လာဖတ်တာ ကဗျာနဲ့အတည့်တိုးတာပဲ။

    ဒါပေမဲ့ မပြုံးနိုင်ပါဘူး။ :(

    အဆင်ပြေပါစေ ကျောင်းစာအုပ်ရေ…

    Reply

  8. hana says:

    ဒါတွေကို အပျိုကြီးတွေ မသိပါဘူး နားမလည်ပါဘူးလို့ အတင်းပြောချင် သေးသလား။
    ခံစားနားလည်ပါတယ်။

    Reply

  9. THS says:

    အဲဒီ လူသားဆန်တဲ့ ရောဂါစစ်စစ်ကြီး ဖြစ်နေပါပေါ့လား အစ်ကို ၊ အဆင်ပြေပါစေ ခင်ဗျာ ။

    Reply

  10. ကောင်မလေး says:

    ခံစားချက်နဲ့ရေးထားလို့ ခံစားချက်နဲ့ဖတ်သွားတယ်
    ကဗျာသင်ပေးမယ်ဆိုပြီး သင်လည်းမသင်ပေးသွားဘူးဆရာမှော်က..
    အမြင်ကတ်လာပြီနော် :)
    နောက်လည်းကဗျာတွေအမြဲလာအားပေးမယ်
    ဆက်ရေးနော်…

    Reply

  11. အေးချမ်းသူ says:

    “ကဗျာ“ ရေးတဲ့ “ကဗျာ” မို့ ကဗျာလိုပဲ ခံစားသွားတယ်။ ရင်နာစရာတွေ သိပ်မခံစားချင်ပေမဲ့ တစ်လနဲ့ 7 ရက်ကြီးများအတွင်း ရှားရှားပါးပါး ကဗျာတစ်ပုဒ်မို့ အသေအချာကို ဖတ်သွားပါတယ်။

    Reply

  12. Pinkgold says:

    အချစ်ကြောင့် သွေးပျက်တာ ရူးတယ်လို့ မစွပ်စွဲရက်ပေါင်ရှင်..

    ဒါနဲ့ ကဗျာဖတ်ပြီး ငိုချင်သွားတယ် သိလား.. တော်တော်ဆိုးတဲ့လူ..

    Reply

  13. Black Dream says:

    ကျွန်တော့်အသက်ကိုယူဖို့ သူအသစ်တွေ့သွားမယ့်နေ့ကို ကျွန်တော် အခုပြုံးပြီး ထိုင်စောင့်နေတယ်..။ ၄ နှစ်အနှုတ် ၃၄၂ ရက်အထိတော့ ဒီတံတားက မိုင်းခွဲမခံရသေးဘူး…။ ၄ နှစ်အနှုတ် ၄၇ မပြောနဲ့..။ ၄ နှစ် အနှတ် ၃၄၁ အတွက်လေးတောင် ဘုရားသခင်က အာမခံနိုင်ပါ့မလား?

    Reply

  14. hana says:

    Happy New Year!

    Reply

  15. KTKMELODY says:

    Ooppss !!!
    Hope and wish you all the best !!!
    :) :)

    Reply

Leave a Reply

Categories