About
ကျွန်တော် -
စာချစ်သူ၊ ကျောင်းသား၊ ကဗျာကို အိပ်မက်၊ အတွေးအခေါ်ကို မြတ်နိုး၊ သစ္စာလေးပါးကို ယုံကြည်၊ ဘလော့ဂ်ဂင်းကို ရူးသွပ်၊ WordPress ကို ရင်ခုန်၊ Web Development ကို လေ့လာပြီး၊ Photoshop, CSS , Typography, Ajax နှင့် Java Script Fun တစ်ဦး။
သိတာမှန်သမျှ ပေးဝေပြီး၊ မသိတာအားလုံး သင်ယူချင်သူ။
Rock, Punk, Hip-Hop နှင့် သီချင်းအမျိုးအစား အားလုံးကို ကြိုက်နှစ်သက်ပြီး သီချင်းကြီးများကို စွဲလန်းစွာ နားထောင်သူ။
နားလည်မှုမရှိခြင်းနှင့် မလိုအပ်ပဲ စကားများခြင်းကို အလွန်မုန်းတီး၊ ငွေကြေး၊ လူပုဂ္ဂိုလ်၊ နေရာဒေသနှင့် အချိန်ကာလတို့မှ လွန်မြောက်သော အမှန်တရားကိုရှာဖွေ၊ တိတ်ဆိတ် ငြိမ်သက်သော ပတ်ဝန်းကျင် ကိုမွေ့လျော်၊ တစ်ကိုယ်တည်း နေရခြင်းကိုအသားကျ၊ အသစ်အသစ်ကို ရင်ဆိုင်ရခြင်းအား နှစ်ခြိုက်၊ နားနှစ်ဖက်ဖြင့် ကြားလို၊ မျက်လုံးတစ်စုံဖြင့် အရာအားလုံးကို မြင်ချင်ပြီး၊ မိမိကိုယ်မိမိ ရှာဖွေဆဲ၊ လက်ရှိ အသက်-၂၄ ပြည့်ပြီး မြန်မာလူငယ်တစ်ယောက်။
_____________________________________________________________________
အသိပေးချက်
ဤဘလော့ဂ် ရှိဖော်ပြထားသမျှသော စာများ၊ ရုပ်ပုံများ၊ လေ့လာရန်သင်ခန်းစာ နည်းပညာ ဆောင်းပါးများ အားလုံး(ကဗျာများမှ အပ) သည် ဤဘလော့ဂ်ရေးသားသူ အင်တာနက်တစ်ခွင်တွင် Google လုပ်ရာမှ တွေ့ရှိလာသော အချက်များနှင့် ကိုယ်ပိုင်အတွေ့ကြုံများ အားလုံးတို့ကို ပေါင်းစပ်၍ ဖန်တီး ရေးသားထားခြင်း ဖြစ်သည်။
မိမိ ၏ စိတ်တွင် မရှင်းလင်း၊ သို့မဟုတ် တိကျသေချာမှုအားနည်း ဟုယူဆမိသော ဆောင်းပါးများ အတွက် ဦးစွာ မိမိကိုယ်တိုင် အဆိုပါခေါင်းစဉ်ဖြင့် Google ကြည့်ရန်၊ မူရင်းဆောင်းပါးများကို ရှာဖွေ ဖတ်ရှုကြည့်ရန် တိုက်တွန်းလိုပြီး၊ အခက်အခဲမပြေလည်လျင် ဤဘလော့ဂ်ရှိ သက်ဆိုင်ရာ ဆောင်းပါးအလိုက် မှတ်ချက်ကဏ္ဍတွင် လည်းကောင်း၊ ဤဘလော့ဂ်၏ ဆက်သွယ်ရန် စာမျက်နှာမှ သော်လည်းကောင်း လွတ်လပ်စွာ မေးမြန်း ဆွေးနွေးနိုင်သည်။
ကြေညာချက်
ဤဘလော့ဂ်ရှိ ဖော်ပြထားသမျှသော ဆောင်းပါးများ၊ရုပ်ပုံများ၊ နည်းပညာဆိုင်ရာများ အားလုံး ကို လာရောက်ဖတ်ရှုသူအားလုံး မိမိတို့ ပညာရေးအတွက် လွတ်လပ်စွာကူးယူဖော်ပြ၊ ဖြန့်ချီ၊ ထပ်ဆင့် မွမ်းမံ အသုံးပြုခြင်း (စီးပွားရေးလုပ်ငန်းသုံး မှအပ) ပြုလုပ်ခွင့်ရှိသည်။
သို့သော် ဤဘလော့ဂ်ရှိ ဖော်ပြထားသော ဆောင်းပါးများနှင့် နည်းပညာဆိုင်ရာများကို ဖတ်ရှုအသုံးချရာ မှရရှိလာသော အကျိုးအပြစ်များ အားလုံးနှင့် ပတ်သက်၍ ရယူ အသုံးချသူ ကာယကံရှင်၏ ကိုယ်ပိုင် စွန့်စားခန်းသာ ဖြစ်ပြီး ရေးသားသူ ဆောင်းပါးရှင် မှ လုံးဝ(လုံးဝ) တာဝန်ယူမည် မဟုတ်ကြောင်း ထပ်ဆင့် အသိပေးအပ်ပါသည်။ အကြောင်းရင်းမှာ ဤဆောင်းပါးများ အားလုံးကို အခကြေးငွေဖြင့် ရယူ ရေးသားနေခြင်း မဟုတ်သည့်အပြင်၊ ၀ါသနာအလျောက် မိမိမျှဝေလိုသည်ကို အခမဲ့ ပညာအလှူအဖြစ် မျှဝေနေခြင်းကြောင့်သာ ဖြစ်သည်။
မှတ်ချက်။ ။ထပ်ဆင့် မွမ်းမံအသုံးပြုခြင်းတွင် “ကဗျာကဏ္ဍ” ရှိ ကဗျာအားလုံး မပါဝင်ပါ။
အသုံးပြုခွင့်လိုင်စင်
The all contents (except poems) for this blog are licensed under a
Creative Commons Attribution-Noncommercial-Share Alike 3.0 License.

















